Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊...

ဗန်ကောက်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့...

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...
HomeInternationalအစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

အစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

ပေကျင်း၊နိုဝင်ဘာ ၂၇

တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးလုံခြုံရေးအဖွဲ့က အတည်ပြုလိုက်ပြီဟု အင်္ဂါနေ့ကကြေငြာခဲ့သကဲ့သို့ လက်ဘနွန်အစိုးရကလည်း ယခုဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏သဘောထားကိုမေးမြန်းရာ၌ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေးတို့၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို လိုက်နာရန် သက်ဆိုင်ရာ အဖွဲ့အားလုံးကို တစိုက်မတ်မတ်တောင်းဆိုခဲ့သည်ဟုပြန်လည်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး ကို မဖော်ဆောင်နိုင်ခြင်းကလည်း အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများ၏ မူလဇစ်မြစ်ဖြစ်သည်ဟု တရုတ်နိုင်ငံကယုံကြည်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဖော်ဆောင်နိုင်ရန်နှင့် ရေရှည်ရပ်စဲ‌ရေးမျိုးဖြစ်ရန်အတွက် အင်အားစုအားလုံးက အတူတကွပူးပေါင်းဆောင်ရွက်သင့်သည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူမော်နင်ကပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာသင်များအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြား

ဗန်ကောက်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းတည့်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်စဉ် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ထိုင်းနိုင်ငံ၌ ပညာသင်ကြားလျက်ရှိသည့် ပညာသင်များအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု မီဒီယာတွေက ထုံးစံအတိုင်းပဲ အခြေအမြစ်မရှိတဲ့ ကောလာဟလအမှားတွေကို ဖြန့်နေကြတယ်။ ပိဟက်ဂ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်တော် အရမ်းကို ကျေနပ်အားရမိပါတယ်" လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးရလဒ်တွေမှာဆိုရင် ပိုပြီးတော့တောင် ကျေနပ်ရပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်နေတဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071