Saturday, May 9, 2026

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ...

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...
HomeNewsLocal Newsအစ္စရေးနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လိုပါက...

အစ္စရေးနိုင်ငံသို့ နည်းအမျိုးမျိုးဖြင့်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လိုပါက မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဥ် ဆောင်ရွက်ပေးသွားမည်

အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရခြင်း၊ဘေးဒုက္ခ ရောက်နေခြင်းများ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လိုက်ပါလိုသူများအနေဖြင့် တဲလ်အဗီးမြို့ရှိမြန်မာသံရုံးသို့ အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်းအောက်တိုဘာ ၁၄က အသိပေးထားခဲ့ပါသည်။

ထိုသို့ ဆက်သွယ်ရာ၌ မြန်မာသံရုံး၊တဲလ်အဗီးမြို့၏ ရုံးဖုန်း- (၉၇၂) (၃) ၅၁၇ဝ၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ ၊ Hot line – ၀၅၈ ၇၈၉၉၁၇၇, ၀၅၈ ၄၀၈၁၃၄၇ တို့သို့ ဆက်သွယ်၍ အမည်စာရင်းပေးသွင်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ရာ၌ အမည်စာရင်းပေးသွင်းထားသည့် လူဦးရေ အနည်းအများအလိုက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လူဦးရေစာရင်း ရရှိသည်နှင့် သင့်လျော်သော လေကြောင်းခရီးစဉ်/ကယ်ဆယ်ရေးလေယာဉ်များဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေများအရ အစ္စရေးနိုင်ငံရောက် မြန်မာ နိုင်ငံသားများဖြစ်သော စိုက်ပျိုးရေးသင်တန်းကျောင်းများ/လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများနှင့် အန္တရာယ်ရှိသောနေရာများတွင် နေထိုင်ကြသူများ အနေဖြင့် ဘေးကင်းလုံခြုံရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် အစ္စရေးနိုင်ငံ Home Front Command ၏ မစ်ဆိုင်းလ် အချက်ပေးသံများနှင့် လိုက်နာရမည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာ နေထိုင်ဆောင်ရွက်သွားကြရန်လည်းအသိပေးထုတ်ပြန်ထားသည်။

“အစ္စရေးရောက် မြန်မာနိုင်ငံသား​တွေကတရားဝင် အလုပ်ပါမစ်နဲ့လာလုပ်​နေကြသူများ ရှိသလိုအကြောင်း မျိုးစုံနဲ့ရောက်ပြီးမပြန်သေးပဲ ရရာ အလုပ်ကို ဝင်လုပ်နေကြတာရှိပါတယ်။ အများစုက​တော့စားသောက်ဆိုင်​တွေမှာလုပ်​နေတယ်။၊ ပုံမှန်အားဖြင့် ၅ နှစ်​လောက်နေထိုင်လုပ်ကိုင်ခွင့် ရကြပြီး၊သက်ကြီးရွယ်အို စောင့်ရှောက်မှုအလုပ် လုပ်တဲ့သူ​တွေက​တော့ ပိုမို နေထိုင် လုပ်ကိုင်ခွင့် ရ​နေကြပါတယ်။ လက်ရှိ စစ်ပွဲအတွင်း ဂါဇာကမ်းမြှောင်ဒေသ တစ်ဝိုက်ကစိုက်ခင်း​တွေမှာ အလုပ်လုပ်နေတဲ့ပြည်ပနိုင်ငံသား အများစု ‌ေ သ ကြေ ဒဏ်ရာရ ဓ-ားစာခံအဖြစ် ဖမ်းဆီးခံရမှုများ ရှိ​နေပါတယ်၊ မြန်မာနိုင်ငံသား အများစုက လက်ရှိမှာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်ထက် တဲလ်အဗီးနှင့် ပတ်ဝန်းကျင်မြို့များရှိ စားသောက်ဆိုင်များ၊ အခြားသောလုပ်ငန်းများမှာ လုပ်ကိုင်နေကြတာမို့ ဖြစ်ပွားသည့်နေရာနှင့် အလှမ်းကွာဝေး​နေ​သေးလို့ ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများမှ လွတ်ကင်း​နေ​ပါသေးတယ်” ဟု သံရုံးတာဝန်ရှိသူတစ်ဦးက ​​ပေါ်ပြုလာနယူးစ်သို့​ဖြေကြားခဲ့သည်။

သံရုံးအနေဖြင့် ဆက်သွယ်ရရှိနိုင်သမျှ အစ္စရေးရောက် မြန်မာများကို ဆက်သွယ်မေးမြန်းထားမှုများအရ မြန်မာနိုင်ငံသားများ ဘေးကင်းမှု ရှိ​နေ​သေး​ကြောင်း၊ လက်ရှိအချိန်ထိ အခက်အခဲကြုံ​တွေ့နေရမှုကြောင့် အကူအညီတောင်းခံလာမှု တစ်စုံတစ်ရာမှ လက်ခံရရှိခြင်း မရှိသေးပါကြောင်း၊ စစ်ပွဲ အခြေအနေအရ  နေရပ်ပြန်လိုသူများအတွက် မိမိတို့ နိုင်ငံမှ ကယ်ဆယ်ရေး လေယာဥ် စီစဥ်ဆောင်ရွက်ပေးရန် ရှိပါကြောင်း၊သံရုံးအနေဖြင့် ကိုဗစ်ကာလ အချိန်အခါတုန်းကလည်း အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံမှ နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသူများကို ကယ်ဆယ်ရေးလေယာဥ် ( ၁၄ ) ခေါက် ပြေးဆွဲကာ လိုအပ်ချက်ကိုဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့မှုများ ရှိခဲ့ပါကြောင်းတို့ကို သံရုံးမှ တာဝန်ရှိသူတစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့​ ပြောကြားထားပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို ကွင်းဆက်လိုက်ဖမ်းဆီးရမိ

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နံနက်ပိုင်းက ကလေးမြို့အဝင်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က NISSAN CONDOR ကားနှင့် GOLDEN TRUCK ကားတို့ပေါ်မှ ဘိန်းဖြူ(၄၈ ဒသမ ၄)ကီလိုကို သက်ပိုင်စိုး၊ ဇော်ထိုက်၊ မျိုးရဲနိုင်၊ ကျော်လင်းတို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ​စစ်ဆေးချက်များအရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း ၌ နိုင်လင်းဇော်နှင့် နေလင်းဦး(ခ)ဆေးဆရာတို့မောင်းနှင်လာသည့်ကားပေါ်မှ ဘိန်းဖြူ(၂၈ ဒသမ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း နေအိမ်များစွာပျက်စီး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များစွာ အမိုးလန်ခြင်း၊ အကာအရံများပျက် စီးခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ ငါးဖားကျေးရွာရှိ "ဇိနမာန်အောင်"စေတီတော်၏ ထီးတော်တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ပျက်စီးမှုများအားဖယ်ရှားရှင်းလင်းခြင်း၊ ပျက်စီးနေအိမ်များတွင်နေထိုင်သူများ ယာယီနေထိုင်နိုင်ရန်စီစဥ်ပေးခြင်း၊ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပံ့ပိုးပေးနိုင်ရန်စီစဥ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင် တိုက်တွန်း

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တောင်းဆိုခဲ့သည်။  အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော အကျပ်အတည်းများသည် ပိုမိုကျယ်ပြန့်ပြီး ခန့်မှန်းရခက်သော နိုင်ငံတကာအစီအစဉ်ကို ထင်ဟပ်နေကာ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေကြောင်း မစ္စတာ အနူတင်က အလေးပေးပြောကြား ခဲ့သည်ဟု သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းတွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071