Saturday, June 21, 2025

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...
HomeCelebrities' Newsအစ်ကိုဝမ်းကွဲဖြစ်သူ နိုင်းနိုင်းကို အားကျလို့...

အစ်ကိုဝမ်းကွဲဖြစ်သူ နိုင်းနိုင်းကို အားကျလို့ အနုပညာအလုပ်တွေ လုပ်ဖြစ်လာခဲ့သူ အောင်မင်းခန့်

Aung-Min-Khant-(1)

သရုပ်ဆောင်အောင်မင်းခန့်ကနာမည်ကျော်မင်းသားနိုင်းနိုင်းနဲ့ သရုပ်ဆောင်ဖူးဖူး တို့နဲ့ ဖအေညီအစ်ကို အရင်းကမွေးတဲ့ ဝမ်းကွဲညီအကိုမောင်နှမတွေပဲ ဖြစ်ပါတယ်။ ငယ် ငယ်က စစ်တပ်ထဲကို ဝင်ချင်တဲ့အောင်မင်းခန့် တစ်ယောက်က အစ်ကိုဖြစ်သူ နိုင်းနိုင်းရဲ့ ရိုက်ကွင်း တွေကို လိုက်ကြည့်ရင်း၊ ပရိသတ် ချစ်ခင်မှုများပြီးအောင် မြင်ကျော်ကြား နေတဲ့ အစ်ကိုကို အားကျလာကာ ဒီအနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ် လို့ ဆိုပါ တယ်။

“ကိုနိုင်း မဖူးဖူးက မောင်နှမအရင်း။ ကျွန်တော်နဲ့က အဖေ ညီအစ်ကိုအရင်းက မွေးတဲ့ ညီအစ်ကိုမောင်နှမတစ်ဝမ်းကွဲတွေပါ။ ကျွန်တော်ငယ်ငယ်က ဒီအနုပညာ အလုပ်လုပ်ဖို့အတွက် မဟုတ်ဘူးဗျ။ ကျွန်တော်ကစစ်တပ်ထဲဝင်ချင်တာပေါ့နော်။ တပ်ထဲကိုတော့ပေါင်မပြည့်လို့ မဝင်ရဘူး။ အဲဒီလိုကနေအရွယ်လေးနည်းနည်း ရောက်လာတော့ ကိုနိုင်းရဲ့ရှုတင်တွေလိုက်ကြည့်ရင်းနဲ့တဖြည်းဖြည်းနဲ့ ဝါသနာ ပါလာတယ်။ အဲဒါနဲ့ ဒီအနုပညာလောကထဲကို ဝင်ဖြစ်သွားတာပါ။” လို့ အနု ပညာလောကထဲကို စတင်ဝင်ရောက်လာဖြစ်ပုံကိုအောင် မင်းခန့်က အခုလို ပြောပြတာဖြစ် ပါတယ်။

ဒီမောင်နှမ၃ယောက်ကအပြင်မှာတော့အမြဲတွေ့ဆုံဖြစ်ပြီး ဇာတ်ကား ရိုက်ကူးမှုတွေမှာတော့ အစ်ကို ဖြစ်သူနိုင်းနိုင်းနဲ့တစ်ခါမှမရိုက်ဖူးသေးပဲအစ်မ ဖြစ်သူဖူးဖူးနဲ့တော့ ဇာတ်ကားတစ်ကားရိုက်ဖူးကြောင်းအောင်မင်းခန့်က ပြောပါ တယ်။

“ကိုနိုင်းနဲ့ကမကြုံဖူးဘူး ။ ကျွန်တော့် အစ်မနဲ့တော့ ဇာတ်ကားရိုက်တစ်ကား ကြုံဖူးသေးတယ်။ ကျွန်တော်တို့မောင်နှမသုံးယောက်အနုပညာတစ်ခုဖန်တီးခွင့်ရှိ မယ်ဆိုရင်တော့ အတူတူဖန်တီးချင်တယ်။ ဇာတ်ကားတစ်ကားရိုက်မယ်ဆိုရင်လည်း တိုင် တိုင်ပင်ပင်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်သွားမှပါ။ ကျွန်တော်တို့ မောင်နှမတွေက ရိုက်ကွင်းမှာသာ မဆုံတာအပြင်မှာတော့ အမြဲဆုံဖြစ်တယ်။ အပြင်မှာမုန့်စားသွားကြ တယ်။ စကားတွေပြောကြတယ်” လို့ အောင်မင်းခန့်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071