Friday, May 15, 2026

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း  မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို...

ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို မေ...

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ...

၂၀၂၆ အိုလံပစ်နေ့ အထိမ်းအမှတ် နိုင်ငံတကာ...

​မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲကို လာမည့်  ဇွန်လ...

မအူပင်-တွံတေးလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်...

မအူပင်-တွံတေး-ရန်ကုန်လမ်းအား ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း ဧပြီလ ၂၄ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့သော...
HomeNewsLocal Newsအစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)နှင့်(တောင်ကြီး)တို့ကိုစတင်ဖွင့်လှစ်

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)နှင့်(တောင်ကြီး)တို့ကိုစတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်များအား ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်ဖွင့်ပွဲအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံ၊ Physics Lab and Chemistry Lab ခန်း၊ စာသင်ခန်းများ၊ ပုံဆွဲခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့အားကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ကရင်ပြည်နယ်၌ အင်ဂျင်နီယာလက်မှတ်ရပညာရှင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ဂုဏ်ယူမိကာ ပြည်သူလူထုအကျိုးရှိပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့် အခြား သင်တန်းများကိုလည်းဒေသလိုအပ်ချက်နှင့်အညီ ဆက်လက်ဖွင့်လှစ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးသွားလမ်းမကြီးဘေးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)ကိုလည်း ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများသည် ယခု ဖွင့်လှစ်သည့်ကျောင်း၌ ပေါင်းကူးတက်ရောက်ခွင့်ရမည်ဖြစ်ကာ (၃)နှစ်တက်ရောက်ပြီးပါက A.G.T.I ဒီပလိုမာနည်းပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ကြသူများမှာ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်တို့တွင် ပေါင်းကူးဆက်လက်ပညာသင်ခွင့်ရရှိမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံ၏လိုအပ်ချက်အပေါ်မူတည်၍ နှစ်အလိုက် အထူးပြုဘာသာရပ်များကိုထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ဒေသအတွင်း၌ နိုင်ငံတော်အတွက်လိုအပ်နေသည့် အင်ဂျင်နီယာအတတ်ပညာရှင်များကို မကြာမီစတင်မွေးထုတ်ပေးနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းပေါင်း(၁၂၈) ကျောင်းရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့တွင်းလမ်းများကို စုပေါင်းသန့်ရှင်း  မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရန်လည်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၅ ရက်တွင် မြို့တွင်းလမ်းများကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့လမ်းဆုံထီးရိပ်မှ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဗလိုင်ရပ်ကွက်အတွင်း လမ်းဘေးဝဲယာရှိ ပေါင်းပင်များ၊ အမှိုက်နှင့် ချုံနွယ်များရှင်းလင်းခြင်း၊ ဒေသခံများ၏ နေအိမ်မျက်နှာစာသပ်ရပ်သန့်ရှင်းရေးအတွက်ရှင်းလင်းခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြို့တွင်းသောက်သုံးရေအမြန်ဆုံးရရှိရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်တွင်စတင်မည်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၄ ရက်ကလည်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၏ အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲအောင် စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ခန္တီးမြို့နယ်မှဝင်ရောက်ဖြေဆိုခဲ့သည့် KG မှ Grade-11 ထိ ကျောင်းသား/သူ (၁၀,၉၈၃) ဦး အနက် ကျောင်းသား/သူ (၁၀,၉၇၃) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ အိုလံပစ်နေ့ အထိမ်းအမှတ် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်

​မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲကို လာမည့်  ဇွန်လ (၂၇) ရက်၌ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအားကစားကွင်း (အားကစားဇုံ) အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအမျိုးအစားများအရ Show Jumping (တန်းခုန်ပြိုင်ပွဲ) အမျိုးအစား (၃) မျိုး ပါဝင်မည်ဖြစ်ကာ အသက် (၁၈) နှစ်အောက်လူငယ်များအတွက်(၂၀) မှ (၄၀) စင်တီမီတာ တန်းခုန်ပြိုင်ပွဲ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071