ဟုမ္မလင်းမြို့ကိုဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၃ ရက်နံနက် ၈ နာရီ ၃ မိနစ် ၅ စက္ကန့်က ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့တောင်ဘက်(၃၅)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
