Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternationalအင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးက တင်းမာမှုများကြားမှ ထိုင်ဝမ်သို့လာရောက်

အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးက တင်းမာမှုများကြားမှ ထိုင်ဝမ်သို့လာရောက်

အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးက တင်းမာမှုများကြားမှ ထိုင်ဝမ်သို့လာရောက်

တိုင်ပေ၊ဩဂုတ် ၂၁

တရုတ်နိုင်ငံ၏ ဖိအားပေးမှုများကိုအံတုလျက် အမေရိကန်ပြည်‌ေထာင်စုရှိအင်ဒီယားနားပြည်နယ်မှ ပြည်နယ်အုပ်ချုပ်‌ရေးမှူးသည် ဩဂုတ်လ ၂၁ ရက်တနင်္ဂ‌နွေနေ့တွင် တိုင်ပေသို့ရောက်လာခဲ့ရာ ထိုင်ဝမ်သို့နောက်ဆုံးလာရောက်သည့် ကန်အရာရှိတစ်ဦးဖြစ်လာခဲ့သည်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်ပါဟုအခိုင်အမာ‌ေတာင်းဆိုထားသည့်တရုတ်သည် ယခုလအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ နှစ်ရက်တာခရီးစဉ်ပြီးချိန်မှစကာ ထိုင်ဝမ်အနီး၌ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်‌ေနခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း အမေရိကန်လွှတ်‌တော်ဥပဒေပြုအမတ်များသည် ထိုင်ဝမ်သို့ ထပ်မံသွားရောက်ခဲ့သေးသည်။

ထိုင်ဝမ်သမ္မတရုံးကမူ အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ Eric Holcomb သည် တနင်္လာနေ့တွင် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံမည်ဟု‌ေပြာကြားထားပြီး မစ္စတာ Eric Holcomb ကလည်း ၎င်း၏ခရီးစဉ်အတွင်း တောင်ကိုရီးယားသို့လည်းသွားရောက်မည်ဟု တွစ်တာတွင်ရေးထားသည်။

“ဒီအပတ်ခရီးစဥ်မှာ ဆက်ဆံရေးအသစ်တွေ တည်ဆောက်ဖို့၊ထိုင်ဝမ်၊တောင်ကိုရီးယားတို့နဲ့ အဓိကကဏ္ဍဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတွေ ခိုင်မာလာဖို့ဆောင်ရွက်သွားပါမယ်” ဟု Holcomb က တွစ်တာတွင် ရေးသားခဲ့သည်။

ထိုင်ဝမ်နှင့် တောင်ကိုရီးယားသို့ ၎င်း၏ခရီးစဉ်အား “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်” ဟု မစ္စတာ Holcomb ကခေါ်ဆိုခဲ့ပြီး ၎င်းသည်လွန်ခဲ့သည့်နှစ်နှစ်ကျော် တွင်ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် ထိုင်ဝမ်သို့ ပထမဆုံးလာရောက်သည့် အမေရိကန်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်အပါအဝင် တောင်ကိုရီးယားနိုင်ငံတို့နှင့် အင်ဒီယားနား၏ စီးပွားရေး၊ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများကို ပိုမိုအားကောင်းလာစေရန်အတွက် အစိုးရအရာရှိများ၊စီးပွားရေးခေါင်းဆောင်များအပါအဝင် ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ယခုခရီးစဥ်တွင်တွေ့ဆုံပါမည်” ဟု မစ္စတာ Holcomb ကတွစ်တာတွင် ရေးသားခဲ့သည်။၎င်း၏ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်ဘက်မှ ချက်ချင်းတုံ့ပြန်မှုတော့မရှိသေးပေ။

ထိုင်ဝမ်၏နိုင်ငံခြားရေးဝန်ကြီးကလည်း မစ္စတာ Holcomb သည် ထိုင်ဝမ် Semiconductor ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ကုန်သွယ်ရေးနှင့်နည်းပညာဆိုင်ရာ MoUများကိုပါလက်မှတ်ရေးထိုးမည်ဟု သိရှိရသည်။သို့သော်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

ထိုင်ဝမ်သည် ကမ္ဘာ့အကြီးဆုံး ချစ်ပ် ထုတ်လုပ်သည့်နေရာဖြစ်ပြီး ထိုင်ဝမ် Semiconductor Manufacturing Co Ltd (TSMC) သည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ကြေးရှိသည့် စက်ရုံကိုလည်းအမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်တည်ဆောက်နေသည်။

တရုတ်နိုင်ငံကမူ ထိုင်ဝမ်အရေးသည် အမေရိကန်နှင့်၎င်းအကြား အရေးကြီးပြီးအမှားမခံသည့် ပြဿနာဖြစ်ကာ ထိုင်ဝမ်နှင့်ပတ်သက်သမျှအရာတိုင်းသည် တရုတ်၏ပြည်တွင်းရေးအဖြစ်သာယူဆကြောင်းဆိုခဲ့သည်။

ထိုင်ဝမ်အစိုးရကမူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်အားမည်သည့်အချိန်ကမျှမအုပ်ချုပ်ခဲ့ဖူးသဖြင့် ထိုင်ဝမ်အရေး ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းဆိုကာ ထိုင်ဝမ်အနာဂတ်အတွက် ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုဆိုခဲ့သည်။

တရုတ်သည်ထိုင်ဝမ်နားတစ်ဝိုက် စစ်ရေးလေ့ကျင့်နေကျဖြစ်သော်လည်း ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးလာရောက်ခဲ့သည့် အမေရိကန်၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ခရီးစဉ်အပြီး လေ့ကျင့်သည့်စစ်ရေးလေ့ကျင့်မှုသည်အကြီးဆုံးဖြစ်သည်။

Source – Reuters/rj/fh/ec

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ နေ့ညမပြတ် ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး ထိန်းနိုင်ရန် စက်လှေ ၁၃ စီး၊ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် ၂၄ နာရီပတ်လုံး ဆောင်ရွက်နေကြကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ တမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်နှင့် အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ထပ်မံမဝင်ရောက်စေရန် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ ပြန်လည်ပြုပြင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် သဲကြောမှ...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071