Monday, July 27, 2026

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊...

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင်...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ...

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန်...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar...

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို...

Yangon’s Digital Marketing &...

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ဇူလ်ိုင်လ (၂၆)ရက်နေ့က ရန်ကုန် ၊ UMFCCI...
HomeInternationalအင်ဒိုနီးရှား၌ မက်သာဖီတမင်း ၂...

အင်ဒိုနီးရှား၌ မက်သာဖီတမင်း ၂ တန် ဖမ်းဆီးရမိ

အင်ဒိုနီးရှား အာဏာပိုင်များသည် နိုင်ငံ၏ သမိုင်းတလျှောက် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ဆူမာတြားကျွန်းကမ်းလွန်တွင် မက်သာဖီတမင်း ၂ တန်ခန့် ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံ၏ မူးယစ်ဆေးဝါးအေဂျင်စီက တနင်္လာနေ့(မေလ ၂၆ရက်နေ့) တွင် ပြောကြားခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများသည် ဂျပန်၊ နူးဇီလန်တို့ထိတိုင် ဖြန့်ဖြူးရန်အတွက် မူးယစ်ဆေးဝါးများ ထုတ်လုပ်သော ရှည်လျားသည့် သမိုင်းကြောင်းရှိ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံအရှေ့မြောက်အစိတ်အပိုင်းတို့ ထိပ်စပ်ရာ ရွှေတြိဂံဒေသရှိ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုနှင့် ဆက်စပ်နေသည်ဟု အေဂျင်စီက ပြောကြားခဲ့သည်။

အချိန် ငါးလကြာတိုင် စောင့်ကြည့်ထောက်လှမ်းမှုများကိုပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် အာဏာပိုင်များသည် အခင်းဖြစ်ရေပြင်သို့ သင်္ဘောများစေလွှတ်ကာ “Sea Dragon Tarawa” အမည်ရ ရေယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးစေခဲ့ရာ သေတ္တာများအတွင်းမှ မက်သာဖီတမင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည် ဟု အင်ဒိုနီးရှား မူးယစ်ဆေးဝါးအေဂျင်စီ အကြီးအကဲ Marthinus Hukom က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်း မူးယစ်ဆေးဝါးများသည် ရွှေတြိဂံဒေသ မူးယစ်ဂိုဏ်းတစ်ခုမှ လာသည်ဟု ယူဆထားပြီး အင်ဒိုနီးရှားနိုင်ငံအပြင် မလေးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့ အခြားအရှေ့တောင်အာရှနိုင်ငံများသို့လည်း ပို့ဆောင်ရန် ရည်မှန်းထားသည်ဟု Hukom က ပြောဆိုသည်။

မူးယစ်ဆေးဝါးတင် သင်္ဘောပေါ်ပါ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

“ဒီ ဖမ်းဆီးရမိမှုက အင်ဒိုနီးရှား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသမိုင်းမှာ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုဖြစ်ပါတယ်” ဟု သူက ဆိုခဲ့သည်။

ယခုလအစောပိုင်းက ကျွန်းစု၏ အနောက်ပိုင်းရှိ အလားတူဧရိယာတစ်ဝိုက်တွင် အမေရိကန်ဒေါ်လာ ၄၂၅ သန်းတန်ဖိုးရှိ မက်သာဖီတမင်းနှင့် ကိုကင်း နှစ်တန်နီးပါးသယ်ဆောင်လာသော သင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးရမိခဲ့ပြီးနောက် ယခု မူးယစ်ဆေးဝါးများကို ထပ်မံ ဖမ်းဆီးမိခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား လေးဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Ref: အေးရှားဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင် လဲကျပြီး မောင်းနှင်နေသည့် ကားပေါ်သို့ ပိမိခဲ့ရာ လူ ၂ ဦး ကားအတွင်းညပ်နေခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်ကယ် ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။ အခင်းဖြစ်နေရာတွင် ကားအတွင်းညပ်နေသည့် ဒဏ်ရာရအမျိုးသားတစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကားအ တွင်းမှ...

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ သီချင်းဆိုခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခဲ့သူ (၅၄) ဦးအား ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်းနှင့် စည်းကမ်းမဲ့ အပြုအမူများ ပြုလုပ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါ်မြသန်း ပါဝင်သော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၄) ဦးတို့အား မီးရထားဌာနက တရားလိုပြုလုပ်၍ ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို ဇူလိုင် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ သိရသည်။ အဆိုပါ "Decision-Making on Obstetric Emergencies for Nurses and Midwives in Clinical Settings" အွန်လိုင်း Live Webinar ကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဦးစီး၍ ဇူလိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071