Wednesday, July 15, 2026

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်...

ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း...

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့်...

(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဇူ လိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ နေရာအချို့၌...

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်...

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီတို့က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမမြောက်နေ့)ကိုလာရောက်လေ့လာသည့်...

ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေ မြို့(၃)မြို့၏ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ ချင်းဘတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့ မြို့(၃)မြို့၏ စိုး ရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း...
HomeMoviesအင်ဒိုနီးရှားကအာဆီယံစီးပွားရေးဖိုရမ်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

အင်ဒိုနီးရှားကအာဆီယံစီးပွားရေးဖိုရမ်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

ဂျာကာတာ၊ ဇူလိုင် ၁၄ ရက်

ပင်လယ်သမုဒ္ဒရာကို အခြေခံသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကောင်းဆုံး လုပ်ဆောင်ချက်များကို အပြန်အလှန် မျှဝေဆွေးနွေးရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် လာမည့် သောကြာနေ့မှ စနေနေ့အထိ ဂျာဗားအရှေ့ပိုင်းပြည်နယ် ဘန်ယူဝမ်ဂီခရိုင် တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ပါဝင်မည့် နိုင်ငံတကာ အပြာရောင်စီးပွားရေး (Blue economy) ဖိုရမ်တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။

“ASEAN-ID Blue Forum” ဟု အမည်ရသည့် အဆိုပါဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပင်လယ်ပြင်ရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့က နူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစဉ်ကျင်းပခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အတ်ဟ်ရန်တီ ဆာဒါနာရီနီ ဝီရာဂျူဒါ က တနင်္လာနေ့တွင် ပြောကြားရာ၌ ဘန်ယူဝမ်ဂီဒေသသည် ပင်လယ်ပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် လူထုစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအကြား အောင်မြင်စွာ ပေါင်းစပ်လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် အဆိုပါဖိုရမ်ကျင်းပရာနေရာအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းခရိုင်သည် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အခြားတက်ရောက်လာမည့် နိုင်ငံများနှင့် မျှဝေလိုသော ဖွံ့ဖြိုးတိုးတက်မှုပုံစံငယ်တစ်ခုကို ဖော်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်မည့် နိုင်ငံများနှင့် ပစိဖိတ်ကျွန်းစုများဖိုရမ် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု မျှော်လင့်ရပြီး၊ ဆွေးနွေးပွဲများတွင် အပြာရောင်စီးပွားရေးနှင့် ရေရှည်တည်တံ့သော ပင်လယ်ပြင်အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်

ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။ ဦးမင်းသိမ်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာရေးရာများတွင် ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့် သံတမန်တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည်

(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဇူ လိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လမ်းပိတ်ခြင်းနှင့် လမ်းလွှဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်သည်။ အာဇာနည်ဗိမာန်တွင် အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်းနှင့် ဦးဝိစာရလမ်းတို့၏ အချို့အပိုင်းများကို ယာယီလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ...

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌတို့ပြော

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီတို့က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမမြောက်နေ့)ကိုလာရောက်လေ့လာသည့် မြန်မာ နိုင်ငံခရစ် ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော် ရ ဆရာဒေါက်တာမောရစ်လျန်နာနှင့် အဖွဲ့ဝင်များအားတွေ့ဆုံစဥ်ပြောကြားခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန် မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအ ထောက်အကူပြုဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များကို ကျေးဇူးသည်ဟု ပြောကြားခဲ့ကြသည်။ ထို့ပြင် ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟုပြောကြားခဲ့ကြပြီး နိုင်ငံတော်မှ ငြိမ်းချမ်းရေးအ တွက် လက်ရှိဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071