Tuesday, May 5, 2026

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...
HomeCelebrities' Newsအငဲရဲ့သမီး ဆိုတော့ အငဲနဲ့...

အငဲရဲ့သမီး ဆိုတော့ အငဲနဲ့ ယှဉ်တာမျိုးလေးတွေ ရှိတာပေါ့ အဆိုတော် လမင်းခ

အငဲရဲ့ သမီးဖြစ်ရတာ အမြဲ တမ်းဂုဏ်ယူနေပါတယ်ဆိုတဲ့ လမင်း ခကို ဖခင်ဖြစ်သူနဲ့ ပတ်သက်ပြီး အ နည်းငယ်အင်တာဗျူးဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေချစ်ကြတဲ့ ကိုကြီးငဲက သူ့သမီးလေးကို သူ့ရဲ့ ဂီတပညာတွေ ဘယ်လို သင်ကြားပေးနေလဲ၊ ပြီး တော့ သမီးလေးကကော အငဲဆိုတဲ့ အဆိုတော်ကြီးရဲ့ လွှမ်းမိုးမှုတွေ ကြောင့် Pressureတွေရှိနေလေမ လားစတဲ့ မေးခွန်းတွေကို မေးဖြစ် တဲ့အခါ….

”ပါပါးက သူ့ရဲ့ အနုပညာနဲ့သူ ဖျော်ဖြေရေးအပိုင်းပဲ။ သင်ကြားရေး ပိုင်းလိုမျိုးမဟုတ်တော့ နိစ္စဓူဝ သင် ကြားနေတာမျိုးတော့မရှိဘူး။ ဒါပေမဲ့ သူ့မျက်စိရှေ့မှာရောက် လာ ရင်တော့ လိုအပ်တာတွေ့ရင် တော့ အမြဲတမ်း ပြောပြပါတယ်။ လမင်း တကယ့်ကို အတည်တကျ သီချင်း ဆိုရတော့မယ်၊ Recording ဝင်ရ တော့မယ်ဆိုရင်တော့ ပါပါးက ဘေး နားကနေ Guideline အမြဲ ပေးပါ တယ်။ လုပ်တာကတော့ ကိုယ်က ကိုယ်လုပ်ချင်ရာလုပ်တာပဲ။ ကိုယ် ဆိုချင်သလို ဆိုတာပဲ။ ပါပါး ကတော့ ဘေးနား ကနေ သူတတ် နိုင်သလောက်ပြောပြတယ်။ သင် ပေးတယ်။ ဒါပေမဲ့ တစ်ခါ တလေ ကျလို့ရှိရင် ကိုယ့်အနေနဲ့ မလိုက် နိုင်တဲ့အပိုင်းတွေရှိတော့ လမင်းခ ကလည်း လမင်းခသီးသန့် ပါပဲလို့ တော့မြင်စေချင်ပါတယ်။ ဒါပေမဲ့ လည်း Pressureကတော့ ရှိစမြဲ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုး အပြင်က လမင်းခမဟုတ်ဘူး။ အငဲ ရဲ့သမီးဆိုတော့ အငဲနဲ့ ယှဉ်တာ မျိုးလေးတွေတော့ရှိတာပေါ့။ ကိုယ် အားနည်းရင် အားနည်းသလို တစ်ခါ တလေကျလို့ရှိရင်လည်း စိတ်ပူရတာ၊ စိုးရိမ်ရတာမျိုးတွေ တော့ရှိတာပေါ့” လို့ လမင်းခက ပြောပါတယ်။ ဖခင် ဖြစ်သူရဲ့သီချင်းတွေထဲမှာ အကြိုက် ဆုံးသီချင်းတွေက ဘာတွေဖြစ်မလဲလို့ မေးတော့…

”ပါပါးသီချင်းထဲမှာ လမင်း တကယ်ကို ဆိုချင်တဲ့၊ ကြိုက်တဲ့ သီချင်းတွေရှိတယ်။ အများကြီးရှိ တယ်။ ‘ညမီးအိမ်’ သီချင်းကြိုက်တယ်။ ဦးသော်ဒီဝေပွဲမှာဆိုခဲ့တဲ့ ‘လူစီ’နဲ့ ‘လမ်းပြပါဦး’ သီချင်းတွေကို ကြိုက် တယ်။ တခြားဆိုရင် ‘ဇစ်မြစ်’တို့၊ ‘ဟောင်းသွားပြီလား’တို့၊Own Tune ထဲကဆိုရင် ‘ငရဲတစ်ပိုင်း’တို့၊ ‘အမှတ်တရဒဏ်ရာ’ တို့ အဲဒါတွေက လမင်းရဲ့ Favourite တွေပါ” လို့ လမင်းခကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071