Monday, May 4, 2026

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...
HomeCelebrities' Newsအချစ်ရေးမှာ အသည်းမကွဲသေးပါဘူး Mary

အချစ်ရေးမှာ အသည်းမကွဲသေးပါဘူး Mary

ချစ်စရာကောင်းတဲ့အသံလေးနဲ့ ပရိသတ်တွေကိုဆွဲဆောင်လေ့ရှိတဲ့ အဆို တော် မြေပ ဟာ လတ်တလောမှာတော့ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးအတွက် သီချင်းတွေ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အဆိုပိုင်းမှာ သူများနဲ့ မတူတဲ့ အသံနဲ့ ပရိသတ်ကို ဖျော်ဖြေပေးနေပြီးအဆိုပိုင်းကို စိတ်ဝင်စားသလို သရုပ် ဆောင်ပိုင်းကော လုပ်ကိုင်ဖို့ရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ Mary က…

“Mary ဒီလောကထဲမှာ သီချင်းတွေနဲ့ နာမည်စတင်ရစတုန်းကတော့ သရုပ်ဆောင်ဖို့ကမ်းလှမ်းတာတွေရှိပါတယ်။ ဒါပေမဲ့ Mary မီဒီယာတွေကို ဖြေခဲ့တယ်ပေါ့နော်။ သရုပ်ဆောင် မလုပ်တတ်ဘူး။ Mary က သီချင်းဆိုတာပဲ လုပ်တတ်တယ်။ ကိုယ်တကယ် ဝါသနာပါတဲ့ အဆိုပိုင်းကိုပဲ ဂရုစိုက်ပြီး လုပ်ကိုင်ချင်တယ်။ တစ်ခါတ လေကျတော့လည်း တွေးမိတယ်။ အခွင့်အရေး က ကိုယ့်ရှေ့ရောက်နေပြီ။အခွင့်အရေးရှိတာကို အမိအရ ဖမ်းထားတာ ကောင်းသော်ငြားလည်း ကိုယ့်ကိုပေးတဲ့ အခွင့်အရေးတွေက ကိုယ်နဲ့အဆင်ပြေ မပြေတွေးသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး သရုပ်ဆောင်လုပ်ရင် ကိုယ် မကျွမ်းကျင်တဲ့ အရာဖြစ်တဲ့အတွက် ဒါရိုက်တာတွေကိုယ်နဲ့အတူ တွဲပြီးလုပ်ကိုင် မယ့် လုပ်ဖော်ကိုင်ဖက်တွေကို ဒုက္ခမပေးချင်ဘူး။ အဲဒီအတွက်ကြောင့် သရုပ် ဆောင်လုပ်ဖို့ ကမ်းလှမ်းတာတွေကို လက်မခံဖြစ်ပါဘူး” လို့ Mary က ပြောပါတယ်။

အသည်းကွဲသီချင်းတွေပဲဆိုဖြစ်နေတဲ့အပေါ် ကိုယ်ကိုယ်တိုင် ကော အချစ်ရေးနဲ့ပတ်သက်ပြီးခံစားချက်တွေရှိနေပြီလားလို့ မေးကြည့်တဲ့ အခါမှာတော့…

“Mary အသည်းတော့ မကွဲသေးပါဘူး။ ပုံမှန်အေးအေးဆေးဆေးပါပဲ။အသည်းကွဲတဲ့ သီချင်းတွေရေးဖြစ်တာက စိတ်ထဲမှာပေါက်လို့ပါ။ ဘာမှတော့ မရှိပါဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အချစ်စာသားလေးတွေတင် ဖြစ်တာတွေရှိ တယ်။ အဲဒါကလည်း ဒီအတိုင်းပဲတင်ဖြစ်တာပါ။ အဲဒါကို Mary ကို ချစ်တဲ့ ပရိသတ်တွေ တွေဝေသွားရင်လည်း ဆောရီးပါလို့ Mary ပြောချင်ပါတယ်။ တကယ် တော့ဘာမှမဟုတ်ပါဘူး။ တချို့ဟာက Mary သီချင်းစာသားလေးတွေ ရှိတယ်။ တချို့က တကယ့်ခံစားချက်ပေါ့။ တချို့ကျတော့စာအုပ်လေးတွေ ဖတ်ပြီး ပေါ်လာတဲ့ခံစားချက်လေးတွေကို တင်ဖြစ်သွားတာပါ” လို့ ပြောပါ တယ်။

သဲစုလှိုင်

Ads Space Available


Continue reading

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071