Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeCelebrities' Newsအကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့လက်တွေ့ဘဝထဲက အချစ်ဆုံး ယောက်ျား...

အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့လက်တွေ့ဘဝထဲက အချစ်ဆုံး ယောက်ျား သုံးယောက်က ဘယ်သူတွေလဲ

ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ် ဆောင်နိုင်မှုကြောင့် ပရိသတ်ရင်ထဲမှာ နှစ်ကာလ အတော်ကြာ နေရာယူထားသူ ကတာ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် ပါ။ သူကတော့ မကြာခင်ရုံတင် ပြသတော့မယ့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “ကျွန်မအချစ် ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင် ဇာတ် ကားမှာ အဓိကအကျဆုံးဇာတ်ကောင် တစ်နေရာ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် မှုနဲ့ ပတ်သက်ပြီး …

“ဒီရုပ်ရှင် ကားမှာ အူဝဲက အရွယ်သုံးမျိုးကို အဓိ ကထားပြီး ပြောင်းလဲသရုပ်ဆောင်ရပါ တယ်။ ဒါရိုက်တာ ဦးမျိုးမင်းကလည်း အသက် အရွယ်အလိုက်ကို အသက်ကြီးသွား တဲ့အခါမှာ ဖြစ်သွားတဲ့ပုံစံ၊ Body က အစ ပေါ့။ သူလိုချင်တဲ့ပုံစံလေးတွေ ကိုပြောတယ်။ အူဝဲလည်း ကြိုးစားပြီးတော့လုပ်ထားပါတယ်။ သေချာပြင်ဆင်ပြီးတော့ အရွယ်သုံးပါးကို မတူအောင် ကြိုးစားပြီး သရုပ်ဆောင်ထား ပါတယ်။ အဝတ်အစားပိုင်းတွေ၊ မိတ်ကပ်တွေ၊ အသံနေအသံထားတွေ အားလုံးကြိုးစားပြီး ပြောင်းလဲ ထားပါတယ်။ အသက်အရွယ်အ လိုက်ခံစားမှုတွေလည်း မတူတဲ့အခါမှာ အိုင် တင် လုပ်တဲ့အခါမှာလည်း တစ်ခုနဲ့ တစ်ခု မတူအောင် လုပ်ရပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

ဖခင်တစ်ယောက်ပေါ်ထားရှိတဲ့ သမီး တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာ၊ ခင်ပွန်း အပေါ်ထား ရှိတဲ့ ဇနီးတစ် ယောက်ရဲ့ချစ်ခြင်း မေတ္တာ၊ သားတစ်ယောက်အပေါ်ထားရှိတဲ့ မိခင် မေတ္တာစတဲ့ မတူညီတဲ့ချစ်ခြင်း မေတ္တာ များကို အသက်အရွယ် အလိုက် အံ ဝင်ဂွင်ကျသရုပ်ဆောင်ထား ခြင်းလည်းဖြစ် ပါတယ်။ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ သူ့အချစ်ဆုံး ယောက်ျားသုံးယောက် အကြောင်းကိုလည်း ဆက်လက်မေးမြန်း ခဲ့ရာ …

“ပရိသတ်တစ်ယောက်ပေးတဲ့ ပန်းချီ ကားလေးတစ်ခုရထားတယ်။ လက်ရာ လည်း တော်တော်ကောင်းတယ်။ အဓိပ္ပာယ် လည်း အရမ်းရှိတယ်။ အူဝဲအဖေရယ် အမျိုးသားရယ် သားလေးရယ် တော်တော် လေးလည်း လက်ရာကောင်းပါတယ်။ အူဝဲအချစ် ဆုံးယောက်က်ျားသုံးယောက် ပေါ့။ မြင်လိုက်တာနဲ့ ရင်ထဲကို ထိပါတယ်” လို့ ပြောပြခဲ့ပါတယ်။ 

ဇော်ဝင်းအောင်၊
ဓာတ်ပုံ – အောင်နိုင်စိုး

Ads Space Available


Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071