Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeInterviewsအကယ်ဒမီများရှင် စည်သူ ဒေါ်မြင့်မြင့်ခင်...

အကယ်ဒမီများရှင် စည်သူ ဒေါ်မြင့်မြင့်ခင် ပြောတဲ့ရုပ်ရှင်မင်းသမီးကြီးတစ်ဦးအကြောင်း

‘အသက်လား၊ ၈၄ နှစ်ပြည့်သွားပြီ’ဆိုတဲ့ အဘွားအိုတစ်ယောက်ရဲ့ အတိတ်က သိပ်ကိုခမ်းနားလှတယ်။ ဘာတွေခမ်းနားခဲ့ပါသလဲ။ ဘယ်လို မှတ်တိုင်တွေစိုက်ထူခဲ့ပါသလဲ။ ဘယ်လိုအတိတ်တွေရှိခဲ့ပါသလဲလို့ဆိုရင် အသက် ၁၅ နှစ်အရွယ်ကတည်းက ရုပ်ရှင်လောကထဲဝင်ရောက်ခဲ့သူ၊ အကယ်ဒမီရွှေစင်ရုပ်တု ၅ ဆုအထိ ဆွတ်ခူးနိုင်ခဲ့သူ၊ နိုင်ငံတော်ကချီးမြှင့်တဲ့ စည်သူဘွဲ့ကိုရရှိထားသူစသဖြင့် အများကြီး၊ အများကြီးပါလေ။ သူမကတော့ အန်တီဘေဘီလို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီများရှင် စည်သူဒေါ်မြင့်မြင့်ခင်ပါပဲ။

”ဒီနှစ်က အမေနည်းနည်းကျသွား တယ်လို့ဆိုရမှာပေါ့။ အသက်ကြီးတော့ ဇရာဆိုတာကတော့ ဘယ်သူမှ မလွန်ဆန်နိုင် ဘူးလေ။ ရောဂါဆိုတာလည်းရှိလာတာပဲ။ ၈၄ နှစ်ထဲရောက်လာတော့ အမေလည်း ချူချာလာတာပေါ့။ နှလုံးသွေးကြော ကျဉ်းတာတို့၊ ပြီးတော့ သွေးတိုးက မမှန်ဘူး။ တက်ချင်လည်းတက်တယ်။ ကျချင်လည်းကျတယ်။ အခုချိန်အထိ ကုနေရတာ ပေါ့။ တစ်ခုအမေတို့ ဝမ်းသာစရာကောင်းတာကတော့ အမေတို့ရုပ်ရှင်ရော၊ ဂီတရောသက်ကြီးတွေအတွက်ကို တပ် ချုပ်ကြီးမင်းအောင်လှိုင်ကနေပြီးတော့ ခုတင် ၅ဝဝ ဆံ့ စစ်ဆေးရုံမှာ Medical Check Up အမြဲလုပ်ခိုင်းတယ်။ အဲဒီတုန်းက အမေကအသည်းအသန်ကိုဖြစ်တာ။ ရင်တွေကြပ်ပြီးမောတာ။ အဲဒီမှာသွားကုရတယ်။ အခုတော့ တစ်လ တစ်ခါမျိုး၊ နှစ်လတစ်ခါမျိုးဆေးသွင်းနေရပါတယ်”လို့ ဒေါ်မြင့်မြင့်ခင်ကသူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ဆိုပါတယ်။ ဒီလိုမျိုး အသက်အရွယ်မှာ ဒီလိုမျိုးကျန်းကျန်းမာမာနဲ့ နေနိုင်တယ်ဆိုတာ အကြောင်းအချက်များစွာနဲ့ ညီညွှတ်မှ အဆင် ပြေမှာပါ။ ဘာတွေလဲဆိုတော့ ငွေရေးကြေးရေးအားဖြင့် ပြေပြေလည်လည်ရှိဦးမှ၊ သားသမီးတွေက စိတ်ချမ်းသာစွာ ထားနိုင်ဦးမှ၊ ပြီးတော့ တစ်ခုခုကို စွဲမြဲစွာ လုပ်ကိုင်နေနိုင်ဦးမှ စသဖြင့်ပေါ့လေ။ ”အသက်ကြီးလာတော့ မစားနိုင်တော့ဘူး”လို့ပြောတဲ့ ဒေါ်မြင့်မြင့်ခင်က’ကြောင်လိုစား၊ နွားလိုရေသောက်၊ မျောက်လိုဆော့’ဆိုတဲ့ စကားအတိုင်း နေထိုင်နေတယ်လို့လည်း မှတ်သားစရာပြောပြပါတယ်။ အသက် ၈၄ နှစ်အရွယ် လူကြီးတစ်ဦးရဲ့ နေ့စဉ်နေထိုင်မှုပုံစံက . . .

”အမေမနက်ဆိုလို့ရှိရင် ၆ နာရီထိုးကိုထတယ်။ ကိုယ်လက်သန့်စင်တယ်။ ပြီးရင် ဘုရား သောက်တော်ရေလဲတယ်။ ဘုရားဝတ်ပြုတယ်။ ဝတ်ပြုတာနာရီဝက်လောက်ကြာတယ်။ ဝတ်ပြုပြီးလို့ရှိရင် သွေးချိန်တယ်။ ပြီးရင်ဆေးသောက်တယ်။ အဲဒါပြီးတော့မှ မနက်စာစားတယ်။ မနက်စာစားပြီးတော့မှ ခြံထဲမှာ ခိုလေးတွေကို အစာလိုက်ကျွေးတာပေါ့။ နေ့လယ် ၁၂နာရီထိုးတာနဲ့ ရေချိုးတယ်။ ထမင်းစား တယ်။ တီဗီလေးဘာလေးကြည့်။ ၁၅ မိနစ်လောက်နားပြီးရင် အမေစိပ်ပုတီးစိပ်တော့တာပဲ။ ဒါအမေ့ရဲ့ တစ်နေ့တာပဲ။ ညနေကျတော့မှ အမေ့သမီးလေးတွေက ပန်းလေးတွေခူးပေးထားတယ်။ အမေလုပ်ထားတဲ့ ပန်းကြာခိုင်လေးတွေရှိတယ်။ အဲဒီပန်းလေးတွေကို အမေက ပန်း ၉ဝဝဝ ဆိုတဲ့ အဓိဋ္ဌာန်နဲ့ လှူပါ့ မယ်ဆိုပြီးတော့ အမေကစာအုပ်လေးထဲမှာ တစ်နေ့ပန်းဘယ်လောက်လှူပြီးပြီလဲဆိုတာကို မှတ် ထားတယ်။ အနည်းဆုံးတော့ ၂၅ ပွင့်ပေါ့။ ခရေပန်းတွေပွင့်တဲ့အချိန်ကျလို့ရှိရင်တော့ စောစော ပြည့်မှာပေါ့။ ပန်းနည်းတဲ့အခါကျတော့ လကြာသွားတာပေါ့။ ဒါအမေ့ရဲ့ တစ်နေ့တာပါ။ ညကျ ရင် အမေကြိုက်တဲ့ ကုလားကားတို့၊ ကိုရီးယားကားတို့ကြည့်ပြီး အမေ ၈ နာရီခွဲ၊ ၉နာရီဆိုအိပ်ပြီ”လို့ သူမက စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။

ရုပ်ရှင်နဲ့ ပတ်သက်လို့ကတော့ ဒေါ်မြင့်မြင့်ခင်က သံယောဇဉ်တော်တော်လေးရှိပုံရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အမြဲတမ်းသွားရောက်လေ့ရှိတဲ့ သူမပြောတဲ့ ရုပ်ရှင်အပေါ်သဘောထားက. . .”အမေ့ကလေးတွေက ရုပ်ရှင်အစည်းအရုံးက အစည်းအဝေးတို့ ဘာတို့ဆိုလို့ရှိရင်သိပ်ပြီးတော့ မသွားစေ ချင်ကြဘူး။ အမေကတော့သွားချင်တယ်။ အဲဒီကိုရောက်သွားရင် စိတ်ပြေလက်ပျောက်ဖြစ်တယ်။ နောက် တစ်ခုကကျတော့ အမေကဒီလောကသားတွေနဲ့ထိတွေ့ချင်တယ်လေ။ နောက်ပြီးတော့ အမေက ၁၅ နှစ်သမီး ကတည်းကလုပ်လာတာကိုး။ ၁၅ နှစ်သမီးကတည်းက ဒီမိသားစုတွေနဲ့နေလာခဲ့တာဆိုတော့ ရုပ်ရှင်ကို အမေကချစ်တယ်။ ဘာပဲဖြစ်ဖြစ် ဟိုကိုရောက်သွားလို့ရှိရင် ပျော်သွားတယ်လေ။ ကလေးတွေ ပြောတာက တော့ မာမီနဲ့ရွယ်တူ တန်းတူတွေလည်း သိပ်မရှိတော့ဘူး။ ဒါပေမဲ့ အမေကသွားတယ်။ ဘာပဲပြောပြော ခေတ်ကလေးတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ကြည့်ချင်တယ်လေ။ အားလည်းပေးချင်တယ်”လို့ ဒေါ်မြင့်မြင့်ခင်ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဖိုးဝ

Ads Space Available


Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071