Friday, September 18, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...
HomeEntertainmentအကယ်ဒမီမင်းဦး ပွဲဦးထွက် ရိုက်ကူးမယ့်...

အကယ်ဒမီမင်းဦး ပွဲဦးထွက် ရိုက်ကူးမယ့် ချူဆီ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပြုလုပ်

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး၊ ဒါရိုက်တာ အကယ်ဒမီမင်းဦး  ပွဲဦးထွက် ရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲနဲ့  အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့  တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲက Park Royal Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ တစ်နှစ်တာကာလအတွင်းမှာ သူငယ်၊ စရိုက်၊ ကြယ်၊ ဂန္ထဝင်အငြိုး စတဲ့ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူးခဲ့ပြီး အခု ရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကတော့ ၅ ကားမြောက် ရုပ်ရှင် ဇာတ်ကားဖြစ်ကြောင်း သိရပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာတော့ ‘သူငယ်’ ရုပ်ရှင်ဇာတ်ကားတစ်ကားသာ ရုံတင်ပြသထားနိုင်သေးပြီး ခုလို ပွဲဦးထွက် ဇာတ်ကားမှာပဲ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ ရိုက်ကူးမယ့် ချူဆီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းဦးက…..

“အောင်ခေတ်မင်း ထုတ်လုပ်ရေးက ကိုစည်သူတို့ဆိုတာက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းပါ။ သူငယ်ချင်းတို့ ယုံကြည်တဲ့အတိုင်း အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမှာပါ။ ကျွန်တော့်ကို ယုံကြည်စွာနဲ့ လက်တွဲပေးတဲ့ ညီလေး ကျော်ထက်အောင်နဲ့ မင်းသမီးတွေကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတစ်ခုရလာပြီဆိုရင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းတိုင်ပင်ကြပါတယ်။ နောက်ဆုံး ဒါရိုက်တာ တွေစဉ်းစားရင်းနဲ့ မင်းဦးရေ မင်းဒါတော့ လုပ်သင့်တယ်ထင်တယ်။ ရိုးရိုးမင်းသားတစ်ယောက် မင်းသမီး တစ်ယောက် မဟုတ်ပဲ မင်းသမီးတွေ အများကြီးနဲ့ သရုပ်ဆောင်တွေ အများကြီးပါတယ်။

စိန်ခေါ်မှုလည်းပို ဖြစ်မယ်။ မင်းအတွက်လည်း တစ်ခုခု ဖြစ်သွားမယ်ဆိုတော့ ဇာတ်လမ်းလည်း ကြိုက်တာနဲ့ ရိုက်ကူးဖြစ်သွားတာပါ။ ကျွန်တော် ဒီဇာတ်ကားကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ ကျော်ထက်အောင်၊ ကိုကိုလင်းမောင်၊ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ နန်းဆုဦး၊ မေနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071