Friday, June 20, 2025

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...
HomeEntertainmentအကယ်ဒမီမင်းဦး ပွဲဦးထွက် ရိုက်ကူးမယ့်...

အကယ်ဒမီမင်းဦး ပွဲဦးထွက် ရိုက်ကူးမယ့် ချူဆီ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပြုလုပ်

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး၊ ဒါရိုက်တာ အကယ်ဒမီမင်းဦး  ပွဲဦးထွက် ရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲနဲ့  အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့  တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲက Park Royal Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ တစ်နှစ်တာကာလအတွင်းမှာ သူငယ်၊ စရိုက်၊ ကြယ်၊ ဂန္ထဝင်အငြိုး စတဲ့ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူးခဲ့ပြီး အခု ရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကတော့ ၅ ကားမြောက် ရုပ်ရှင် ဇာတ်ကားဖြစ်ကြောင်း သိရပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာတော့ ‘သူငယ်’ ရုပ်ရှင်ဇာတ်ကားတစ်ကားသာ ရုံတင်ပြသထားနိုင်သေးပြီး ခုလို ပွဲဦးထွက် ဇာတ်ကားမှာပဲ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ ရိုက်ကူးမယ့် ချူဆီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းဦးက…..

“အောင်ခေတ်မင်း ထုတ်လုပ်ရေးက ကိုစည်သူတို့ဆိုတာက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းပါ။ သူငယ်ချင်းတို့ ယုံကြည်တဲ့အတိုင်း အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမှာပါ။ ကျွန်တော့်ကို ယုံကြည်စွာနဲ့ လက်တွဲပေးတဲ့ ညီလေး ကျော်ထက်အောင်နဲ့ မင်းသမီးတွေကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတစ်ခုရလာပြီဆိုရင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းတိုင်ပင်ကြပါတယ်။ နောက်ဆုံး ဒါရိုက်တာ တွေစဉ်းစားရင်းနဲ့ မင်းဦးရေ မင်းဒါတော့ လုပ်သင့်တယ်ထင်တယ်။ ရိုးရိုးမင်းသားတစ်ယောက် မင်းသမီး တစ်ယောက် မဟုတ်ပဲ မင်းသမီးတွေ အများကြီးနဲ့ သရုပ်ဆောင်တွေ အများကြီးပါတယ်။

စိန်ခေါ်မှုလည်းပို ဖြစ်မယ်။ မင်းအတွက်လည်း တစ်ခုခု ဖြစ်သွားမယ်ဆိုတော့ ဇာတ်လမ်းလည်း ကြိုက်တာနဲ့ ရိုက်ကူးဖြစ်သွားတာပါ။ ကျွန်တော် ဒီဇာတ်ကားကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ ကျော်ထက်အောင်၊ ကိုကိုလင်းမောင်၊ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ နန်းဆုဦး၊ မေနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071