ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီယမ်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ကမ္ဘောဒီးယားစစ်သားတစ်ဦးသည် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်၏ သက်တော်စောင့်ဌာနချုပ်(BHQ) ၏ အဖွဲ့ဝင်တစ်ဦးဟု ယူဆရသည်။
ကရာဆန်ခရိုင် လမ်ဒူအန်ရဲတပ်ဖွဲ့က ပြည်နယ်အတွင်း ထိုင်းစစ်တပ်၏ လှုပ်ရှားမှုများကို သူလျှိုလုပ်နေဖွယ်ရှိသည့် BHQ အဖွဲ့ဝင်တစ်ဦးကို ၎င်းတို့တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု အင်္ဂါနေ့က ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် ပြောဆိုခဲ့သည်။
BHQ ယူနီဖောင်းနှင့် ဦးထုပ်ဝတ်ဆင်ထားကာ ရင်ဘတ်နှင့် လက်မောင်းများတွင် တက်တူးများထိုးထားသော အမျိုးသားတစ်ဦး၏ ဓာတ်ပုံအများအပြားကို လမ်ဒူအန်ရဲတပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။
၎င်းကို ကရာဆန်ခရိုင်ရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သူသည်ထိုအိမ်တွင် ထိုင်းလူမျိုး ဇနီးသည်နှင့် နေထိုင်သည်ဟု ရဲထံထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့က ၎င်းကို ဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိသည်။
Ref: ဘန်ကောက်ပို့စ်
