Tuesday, May 26, 2026

ပျော်ရွှင်စွာကျောင်းအပ်နေကြသည့် ကျောင်းသား/သူများ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်စကားလက်ဆုံကျ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးရက် သတ္တပတ်အား မေ ၂၅ ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာကျောင်းအပ်နေမှုတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ...

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက်...

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊...

ရန်ကုန်မြို့၌ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း (၁/၂၀၂၆)

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာချိန်၌ စောလျင်စွာရှာဖွေကယ်ဆယ်မှုများပြုလုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၆) ကို ယနေ့ မေ ၂၆ ရက်ကဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက သင်တန်းသားများကို အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုသည့်ပစ္စည်းများအပါအဝင်...
HomeInternationalဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရန် ပြင်သစ်နှင့် မဟာမိတ်များပြင်ဆင်နေ

ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရန် ပြင်သစ်နှင့် မဟာမိတ်များပြင်ဆင်နေ

အရှေ့အလယ်ပိုင်းစစ်ပွဲက ဒုတိယသီတင်းပတ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် ပြင်သစ်နှင့် ၎င်း၏ မဟာမိတ်များသည် မဟာဗျူဟာအရ အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်အတွက် ကာကွယ်ရေးမစ်ရှင်တစ်ခုကို ပြင်ဆင်နေကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မေခရွန်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကနှင့် အစ္စရေးတို့က ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အီရန်ကို တိုက်ခိုက်ခဲ့ သောကြောင့် ဒေသတွင်း မငြိမ်သက်မှုများဖြစ်ပေါ်ကာ စစ်ပွဲသည် ကမ္ဘာ့အခြားဒေသများအထိ ပျံ့နှံ့သွားနိုင်သည့် အန္တရာယ်ဖြစ်ပေါ်စေခဲ့ပြီးနောက် ပြင်သစ်ခေါင်းဆောင်သည် မြေထဲပင်လယ်ဒေသသို့ စေလွှတ်ထားသော ချားလ်စ်ဒီဂိုး လေယာဉ်တင်သင်္ဘောပေါ်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ရောက်ရှိခဲ့သည်။

ဟော်မုဇ်မစ်ရှင်သည် စစ်ပွဲ၏ အပြင်းထန်ဆုံးအဆင့်ကို လွန်မြောက်ပြီးနောက် ရေလက်ကြားကို ဖြည်းဖြည်းချင်းပြန်ပွင့်စေရန်အတွက် ကွန်တိန်နာတင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ရန် ရည်ရွယ်ကြောင်း ထိုရက်အစောပိုင်းက ဆိုက်ပရပ်စ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မေခရွန်က ပြောကြားခဲ့သည်။

“ဒါက နိုင်ငံတကာကုန်သွယ်ရေးအတွက်သာမက တစ်ချိန်မှာ ဒေသတွင်း(ပင်လယ်ကွေ့) ကနေ ပြန်ထွက်လာနိုင်ရမယ့် ဓာတ်ငွေ့နဲ့ ရေနံစီးဆင်းမှုအတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ်” ဟု ဒေသတွင်းလုံခြုံရေးဆွေးနွေးပွဲအတွက် သွားရောက်ခဲ့သည့် ကျွန်းနိုင်ငံခရီးစဉ်တွင် မေခရွန်က ပြောကြားခဲ့သည်။

ဆိုက်ပရပ်စ်သမ္မတ နစ်ကော့စ် ခရစ်တိုဒိုလီဒီးစ်၊ ဂရိဝန်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကစ်တို့နှင့်အတူ ပြောကြားခဲ့ရာ၌ မေခရွန်က “ကာကွယ်ရေးသက်သက်၊ ထောက်ပံ့ရေးသက်သက်မစ်ရှစ်” ကို ဥရောပနှင့် ဥရောပမဟုတ်သော နိုင်ငံများ ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းရှိ ရေကြောင်းသွားလာမှုကို ကာကွယ်ရန်အတွက် ၎င်း၏ လုပ်ငန်းစဉ်များကို မြှင့်တင်ရန် အသင့်ရှိနေကြောင်း ဥရောပသမဂ္ဂက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျော်ရွှင်စွာကျောင်းအပ်နေကြသည့် ကျောင်းသား/သူများ ရန်ကုန်တိုင်းဝန်ကြီး ချုပ်နှင့်စကားလက်ဆုံကျ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးရက် သတ္တပတ်အား မေ ၂၅ ရက်မှစတင်ခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုနှင့် ကျောင်းသား/သူများ ပျော်ရွှင်စွာကျောင်းအပ်နေမှုတို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက ယနေ့ မေ ၂၆ ရက်တွင်ကြည့်ရှုခဲ့သည်။ အင်းစိန်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းအပ်နေသည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများကို နှုတ်ဆက်စကားပြောကြားခဲ့သည်။ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား/သူများကို နိုင်ငံတော်ကအခ မဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများအား တစ်ပါ တည်းပေးအပ်လျက်ရှိသည်။

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ သင်းအား ငွေကျပ်သိန်း (၄၀၀) ကျော်ဂုဏ်ပြုချီးမြှင့်

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ငွေတံ ဆိပ်နှင့် ကြေးတံဆိပ် တစ်ခုစီဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းအား ငွေကျပ်သိန်း (၄၀၀) ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် (၁၂၅) သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က (၇၅) သိန်းကျပ်၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုး‌ဇော်ဦးက (၂၅) သိန်းကျပ်၊ ROCKER ENERGY DRINK မှ ငွေကျပ်သိန်း (၁၈၀)၊ Bebee TV မှ ငွေကျပ်သိန်း (၂၀)၊ GLORY...

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် မီးမလေ-ာင်စေရန်အအေးပေး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလေ-ာင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071