စစ်ကိုင်းတိုင်းဒေသကြီး ၊ ဟုမ္မလင်းမြို့၌ ယနေ့ စက်တင်ဘာ (၁၅)ရက်တွင် (၁၈) ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အနိမ့်ဆုံး အပူချိန်စံချိန်ဟောင်း (၁၈.၃) ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ (၁၈) ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်း မိုး/ဇလ စခန်းဖွင့်လှစ်ခဲ့သည့် နှစ်မှစ၍ လွန်ခဲ့သော (၆၀) နှစ်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ခြင်းလည်းဖြစ်သည်။
