Wednesday, April 29, 2026

နည်းပညာနှင့် စွမ်းအင်ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ-ရုရှား...

မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် နှစ်နိုင်ငံတာဝန်ရှိသူများအကြား အလေးထားဆွေးနွေးခဲ့ကြသည်။ ဧပြီလ (၂၈) ရက်နေ့က နေပြည်တော်တွင်...

ရက် (၁၀၀) အတွင်း “လမင်းစီမံချက်”...

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၎င်းစီမံချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း...

သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်

အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်ပြီး Commnication Skill၊...

ဟိုတယ်ခရီးသွားပြည်ထောင်စုဝန်ကြီးနှင့် ရုရှား စီးပွားရေးသံမှုးတို့ တွေ့ဆုံ

နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး ဆွေးနွေး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့်...
HomeArticlesဟိုကၠဳ

ဟိုကၠဳ

‘ဒီနေ့မနက် ကိုမိုးကျော်အောင် ရွဲျ့ငေည ကဖီးမှာ ဗိုဂျီး(မောင်သင်း ခိုင်)၊ ကိုမိုးကျော်အောင်၊ ကိုအောင်နှင်း သစ်နဲ့ ကျွန်တော်တော်တို့ဂျပန် ဟိုက္ကုကဗျာအကြောင်း စကားစပ်မိ ရင်းပြောဖြစ်၊ ဆွေးနွေးဖြစ်ခဲ့ကြ။ဟိုက္ကုအကြောင်းပြောရင် မပါမဖြစ် ကတော့ ဂျပန်ဘုန်းတော်ကြီး’ဗရှိုး’ ရဲ့ ကမ္ဘာကျော်ဟိုက္ကုကဗျာ ‘အိုင်အို ကြီး’ပါပဲ။ ဂျပန်နိုင်ငံဟာ ဇင်ဗုဒ္ဓဘာ သာထွန်းကားတဲ့နိုင်ငံပါ။

ဇင်ဟာ ပစ္စုပ္ပန်တည့်တည့်ကိုပဲရှုမှတ်တဲ့ဘာသာဖြစ်တဲ့အားလျော်စွာဘုန်း တော်ကြီး ‘ဗရှိုး’ ဟာလည်း ပစ္စုပ္ပန် တည့်တည့်ကိုပဲရှုမှတ်ခဲ့မှာပါ။

 ‘ဗရှိုး’ဟာဂျပန်ပြည်တောတောင် အနှံ့လှည့်လည်တရားအားထုတ်ခဲ့မှာ ပါ။တစ်ခါမှာတော့ သူ့ကျောင်းသင်္ခမ်း နားလှည့်ပတ်စင်္ကြံလျှောက်နေကြ နေရာတစ်ခုမှာ ဖားလေးတစ်ကောင် က ခုန်ချလိုက်တဲ့အခါ ‘ပလုံ’ဆိုပြီး ရေရဲ့အသံကိုကြားလိုက်ရပါတယ်။မူရင်းဂျပန်ဘာသာမှာလည်း ‘မိဇူ နော့အော့တော့’ ရေရဲ့အသံလို့ရေး ဖွဲ့ထားတာပါ။ အဲဒီတော့မှ’ဗရှိုး’လည်း သူကာလရှည်ကြာ ချုံနွယ်ပိတ်ပေါင်း ကြီးတစ်ခုလို့ ထင်မြင်ထားတာဟာ မဟုတ်ဘဲ ရေအိုင်အိုကြီးတစ်ခုဖြစ် နေမှန်း သိရှိလင်းပွင့်(ဆာတိုရီ)သွား ခဲ့ပြီး ဒီကမ္ဘာကျော်’အိုင်အိုကြီး’ဟိုက္ကု ကဗျာကိုရေးဖွဲ့မှတ်တမ်းတင်ဖြစ်ခဲ့ တယ်လို့ ယူဆရပါတယ်။ ဒီကဗျာကို ဆရာကြီးမင်းသုဝဏ်အစ၊ ဆရာရဲမြ လွင်အဆုံး တော်တော်များများ ဘာသာပြန်ဆို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကို ဖော်ပြရရင် ‘ အိုင်အိုကြီးပါလား အလိုရွှေဖါး ခုန်ဆင်းသွား ‘ပလုံ’ မြည်သံကြား။ ဂျပန်ဟိုက္ကုကဗျာတွေကို ဝဏ္ဏ ၅ ၊ ၇ ။၅ ပုံသဏ္ဌာန်အဆုံးကာရန်ညီနဲ့ ရေးဖွဲ့လေ့ရှိကြပါတယ်။ အဲဒီမှာ ရာသီ ပြတစ်ခုခုပါလေ့ရှိပြီးရူပကအလင်္ကာကာကိုမသုံးစွဲဘဲ ပစ္စုပ္ပန်တည့်တည့် ကိုပဲ အလင်းပွင့်(ဆာတိုရီ)ရတာပါ။ဟိုက္ကုကဗျာရဲ့အသက်ဟာ လင်းပွင့်မှု (ဆာတိုရီ)ပါပဲ။ ဆရာကြီးမင်းသုဝဏ် ဘာသာပြန်ခဲ့တဲ့အထဲက တစ်ပုဒ်ကို တင်ပြရရင် …

‘ ပန်းလှကန်စွန်းနွယ် ရေငင်ပုံးကြိုး သူတက်တွယ် ရေကို တောင်းရှာတယ် ‘ ဟိုက္ကုကဗျာတစ်ပုဒ်ရရှိဖို့ဆို တာ တော်တော်ခက်ခဲပါတယ်။ လွန် ခဲ့တဲ့ ၁၅ နှစ်လောက်က ရင်းနှီးတဲ့က ဗျာဆရာတစ်ယောက်က သူ့ဟိုက္ကု ကဗျာတစ်ပုဒ်ကို ကျွန်တော့်ကို ရွတ် ပြဖူးပါတယ်။ ‘ချုပ်ညမှောင်ရီသွေး မြို့အစွန်က တဲအိမ်လေး မီးခိုးမထွက်သေး ‘ ဒီကဗျာဟာ ဟိုက္ကုမဖြစ်ပါဘူး။သူ့ကဗျာမှာ ထမင်းအိုးမတည်ရသေး တဲ့မိသားစုလေးကို ဂရုဏာသက် စိတ်ပါနေပါတယ်။ (အဲဒီကဗျာဆရာ တောင် သူ့ကဗျာသူမေ့နေလောက် ပါပြီ။)ဒီနေ့ခေတ်မှာဟိုက္ကုဆိုပြီးရေးနေကြတာတွေကို င်္ပြေါ်မှာ တွေ့ တွေ့ နေရလို့ ဒါကိုရေးဖြစ်တာပါ။ဆရာကြီးလုပ်ခြင်းမဟုတ်ပါ ။မနက် ကဗိုဂျီးကို’တန်က’ကဗျာတွေဘာသာပြန်ဖို့တိုက်တွန်းခဲ့ပါတယ် ။ ကျွန်တော်တော်လည်းဟိုက္ကု ပုံ သဏ္ဌာန်ကဗျာတွေအများကြီးရေးဖွဲ့ ခဲ့ဖူးပါတယ်။ အဲဒီထဲက ကိုယ့်ကိုယ် ကိုယ် ဟိုက္ကုဖြစ်တယ်လို့ယူဆမိတဲ့ ကဗျာကိုဖေါ်ပြလိုက်ပါတယ်။ ဟိုက္ကု ကဗျာတွေဟာ ခေါင်းစဉ်မရှိ ပါဘူး။ မှတ်သားရလွယ်ကူအောင် ခေါင်းစဉ် တပ်ကြတဲ့သဘောပါပဲ ။ေ ဆာ င်း  မီးပုံရှို့မရ သစ်ရွက်ခြောက်များ နှင်းစိုမြ တစ်ဆောင်းရောက်ပြန်ပါ့။

ချောဘသစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071