Saturday, May 9, 2026

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...
HomeCelebrities' Newsဟန်ထူးလွင် (ကျားပေါက်)ရေးပေးတဲ့ သီချင်းတစ်ပုဒ်ကိုစိုင်းစိုင်းခမ်းလှိုင်...

ဟန်ထူးလွင် (ကျားပေါက်)ရေးပေးတဲ့ သီချင်းတစ်ပုဒ်ကိုစိုင်းစိုင်းခမ်းလှိုင် ဘာကြောင့်သီဆိုရတာလဲ

စိုင်းစိုင်းက စိုင်းစိုင်း’ တစ်ကိုယ်တော် အခွေရယ်၊ Frenzo Mandalay Show ရယ်၊Sai Cosmetix က အသစ်ထွက်ရှိမယ့်Productအသစ်တွေရယ် Sai Sai ရဲ့Official Fans Club ဖွဲ့မယ့် အကြောင်းရယ် စိုင်းစိုင်းပေးချင်တဲ့သတင်းတွေကတော့ စုံလင်လှပါ တယ်။ ဒါတွေအားလုံးကို သတ်သတ် မှတ်မှတ်ပြောရရင် ဧပြီ ၁ ရက်နေ့ကနေ စတင်ပြီး စိုင်းစိုင်းခမ်းလှိုင်က လုပ်ဆောင်တော့မှာပါ။ စိုင်းစိုင်းနဲ့ တွေ့ခဲ့စဉ် ‘စိုင်းစိုင်းက စိုင်းစိုင်း’ တေးအယ်လ်ဘမ်အသစ်အကြောင်း ကို အဓိကထား မေးမြန်းဖြစ်ခဲ့ပါတယ်။ သီချင်းအသစ်တွေ မထွက်ဖြစ်တာကြာပြီဖြစ်တဲ့ စိုင်းစိုင်းတစ် ယောက်သူ့သီချင်းအသစ်တွေက ပရိသတ်ကို ဘယ်လိုမျိုးရသတွေ ပေးစွမ်းနိုင်မလဲ။ အနုပညာအား တွေဘယ်လောက်တောင်ထည့်ထားသလဲ။ သေချာတာကတော့ ဟန်ထူးလွင် (ကျားပေါက်) ရေးပေးထားတဲ့ သီချင်းပါဝင်တယ်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

“လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကတည်းက ကျားပေါက်ကို ကျွန်တော့် အတွက် သီချင်းတစ်ပုဒ်ရေးပေးနိုင်မလား၊ သူ့သီချင်းကို ကျွန်တော်ဆိုရင် ကျွန်တော့်အတွက် ထူးခြားဆန်းသစ်မှုတစ်ခုဖြစ်လာမယ် ဆိုပြီးတော့ သူ့ကို ကမ်းလှမ်းတဲ့ အချိန်မှာ သူကလည်း ချက်ချင်းကိုပဲ ကျွန်တော့်အတွက် ဒီသီချင်း လေးကို ဂုဏ်ပြုခဲ့ပါတယ်။ သူရေးပေးတဲ့ သီချင်း Melody ကို ကျွန်တော်နဲ့ မောင် မောင်ပြည့်စုံနဲ့ပေါင်းပြီးတော့Music ကို Create လုပ်ကြပါ တယ်။ လုပ်ပြီးတော့ မူလကတည်းကကိုလည်း ဒီသီချင်းအပေါ်မွှျာစေ စာသားထည့် ရေးမယ်လို့ ကျွန်တော် တို့ သဘောတူထားတဲ့အတိုင်း ရေး လိုက်ပါတယ်။ဆိုတော့ ဒီသီချင်းက ကျားပေါက်ရယ်၊ ကျွန်တော်ရယ် ၂ ယောက် ပူးပေါင်းမှုပေါ့လေ။ Musician ပြည့်စုံနဲ့ ဆိုတော့ ၃ ယောက်ပူးပေါင်းပြီး ထွက်ရှိလာမယ့် သီချင်းလေးဖြစ်ပါတယ်။ ကျားပေါက် ရေးတာကို ကျွန်တော် တစ်ခါမှမဆိုဖူးဘူးဆိုတော့ ဒါကလည်း ကျွန်တော့်အတွက် ထူးခြားဆန်းသစ်မှုတစ်ခု ဖြစ်ပါတယ်ခင်ဗျ”လို့ စိုင်းစိုင်းခမ်း လှိုင်ကပြောပါတယ်။ လာမယ့် ဧပြီ ၁ဝ ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ မှာ ကျင်းပမယ့် စိုင်းစိုင်းရဲ့မွေးနေ့ဖျော်ဖြေပွဲကလည်းရှိနေပြန်တော့ ဒီနှစ်အတွက် စိုင်းစိုင်းရဲ့ အသက်ကို ပြောမလားလို့ မေးဖြစ်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အသက်က အကုန်လုံးGoogle မှာခေါက်လိုက်ရင် ချက်ချင်း ပေါ်လာမှာပါ။Wikipedia မှာလည်း ကြည့်လို့ရပါတယ်။ ဒါဟာ တကယ့် Calender Age ကတော့ အားလုံးသိကြတဲ့အတိုင်း အင်တာ နက်မှာ ခေါက်လိုက်ရင် သိလာမှာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ကူးထဲမှာတော့ ကျွန်တော်က အမြဲတမ်း ၁၈ နှစ်ပါပဲ ခင်ဗျာ(ရယ်လျက်)” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071