Wednesday, August 12, 2026

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးရင်...

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးဖို့ ကြိုးစားခဲ့ရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေ သိမ်းပိုက်ခံရလိမ့်မယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်ရဲ့...

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle...

ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့်...

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ...

နေပြည်တော်၊ ဩဂုတ် ၁၂ (၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings)...

ဖလမ်းမြို့တွင် 400 Volt ကာဗာ...

ဖလမ်း၊ ဩဂုတ်-၁၂ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက် ရှိကြောင်း...
HomeNewsLocal Newsသံလွင်မြစ်ရေ ၈၂၃ စင်တီမီတာအထိ...

သံလွင်မြစ်ရေ ၈၂၃ စင်တီမီတာအထိ မြင့်တက်မှုကြောင့် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေ၊မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်

ဘားအံ၊ ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့အတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေး အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်း တိုင်းတာချက်အရ ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ အုတ်မှုတ်စိန်လမ်းနှင့် အောင်နန်း (၄) လမ်းဆုံ၊ ရော်ဘာခြံ (၄) လမ်းနှင့် အမှတ် (၂) ရပ်ကွက် သီတာအရှေ့လမ်းတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသည်။

အဆိုပါ ရေဝင်ရောက်မှု အခြေအနေများနှင့် ပတ်သက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အနိမ့်ပိုင်း ရပ်ကွက်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်က သံလွင်မြစ်ရေ ယခုထက် ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးနေ ပြည်သူများကို ရေလွတ်ရာသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ယာယီရေဘေးစခန်းများသို့ နေရာချထားပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့သည်။

လက်ရှိတွင် ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းဘေးဒေသမှ ပြည်သူများ ရေဘေးအန္တရာယ် ကင်းရှင်းစေရန် မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်ပြင်ဆင်ထားသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်း မုန့်ညဈေးတန်းနှင့် အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်း View Point တို့သို့ သွားရောက်၍ မြစ်ရေမြင့်တက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးရင် အမေရိကန်စစ်စခန်းတွေ အကုန်လုံး သိမ်းပိုက်ခံရမယ်ဟု IRGC ဆို

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးဖို့ ကြိုးစားခဲ့ရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေ သိမ်းပိုက်ခံရလိမ့်မယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်ရဲ့ အကြံပေးဖြစ်သူ ဗိုလ်မှူးချုပ် မိုဟမ်းမက် ရေဇာ နက်ဒီက ပြောလိုက်ပါတယ်။ "နျူကလီးယား သုံးတာဟာ သူတို့အတွက် အမှားကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ သူတို့ ဗုံးကြဲလိုက်တဲ့ နောက်တစ်နေ့မနက်မှာတင် ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်စခန်းတွေအကုန် သိမ်းပိုက်ခံရလိမ့်မယ်။ ဒီနေ့ခေတ်က ဒုတိယကမ္ဘာစစ်တုန်းကနဲ့ မတူတော့ပါဘူး။ ကမ္ဘာ့ပြည်သူတွေ နိုးကြားနေကြပါပြီ။ နောက်တစ်ကြိမ်မှာ မိမိတို့ကိုယ်တိုင် ခံရနိုင်တာမို့လို့ ဒီလိုရာဇဝတ်မှုကို...

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည်

ရန်ကုန်၊ ဩဂုတ် ၁၂ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE က တရားဝင် ကြေညာလိုက်သည်။ စောမင်းမင်းနှင့် ဆူရီယန်လက်တို့၏ ပွဲစဉ်ကို လာမည့် ဩဂုတ် ၂၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ONE Friday Fights ၏ တစ်ပတ်ခြားအပြီး ပြန်လည်ကျင်းပသည့် Inner Cycle 27 ပွဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ ပြိုင်ဘက် ထိုင်းဖိုက်တာ...

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၂ (၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual စနစ်ဖြင့် ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ PARKROYAL Hotel ၌ ဗဟိုပြု၍ ကျင်းပနေခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071