ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် ယနေ့ ဇူလိုင် ၁၁ ရက်ညနေ ၄ နာရီခွဲခန့်မှစတင်ကာ မြို့၏ စိုးရိမ်ရေမှတ်အထက် (၄)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ဘားအံမြို့၏စိုးရိမ်ရေမှတ်သည် (၇၅၀)စင်တီမီတာဖြစ်ရာ လက်ရှိအချိန်၌ (၇၅၄)စင်တီမီတာသို့ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးအချို့နေရာများတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လာကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနေထိုင်သူများအနေဖြင့် မိုးဇလ၏ သတိပေးချက်များကို အလေးထားလိုက်နာကာ လိုအပ်သောကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်မှုများပြုလုပ်ထားကြောင်း သိရသည်။
