ကရင်ပြည်နယ် သံတောင်ကြီးမြိုနယ်တွင် မိုးကြီးပြီး မြေပြိုခြင်းဖြစ်ပွားကာ ဩဂုတ်(၉)ရက် ထိ ကနဦးအခြအနေများအရ ေ-သဆုံးသူ (၁၃ )ဦးထိရှိနေပြီး ပျေ-ာက်ဆုံးနေသူများလည်းရှိကြောင်း ဒေသခံများထံမှာ သိရသည်။
ဇူလိုင်လကုန်ပိုင်းက စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဩဂုတ်(၄)ရက် နှင့် (၅)ရက်များတွင် သံတောင်ကြီးမြိုနယ်က ဥယျာဉ်ခြံမြေများတွင် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လူေ-သဆုံးမှုများရှိနေသလို ပျေ-ာက်ဆုံးနေသူများကိုလည်း ရှာဖွေရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦး ကပြောသည်။
ထို့အပြင် ထီးပူးခီး(အောက်)ကျေးရွာ တစ်ရွာလုံးမြေပြိုခြင်းဒဏ်ကို ခံစားခဲ့ရပြီး ဥယျာဉ်ခြံနှင့်အိမ်များပျ-က်ဆီးကာ ယာယီတဲထိုးနေရကြောင်း သိရသည်။
ဒါအပြင် သံတောင်ကြီးနှင့်ချိတ်ဆက်ထားသည့် တံတားကြီးငယ်များ ပျ-က်ဆီးနေပြီး စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေးအကူညီများလိုအပ်နေကြောင်း ဒေသခံများကပြောသည်။
ရပ်ကွက်(၄)ခုအတွင်း လူနေအိမ် (၃၀)ထက် မနည်းပျ-က်ဆီးခဲ့ပြီး ဆက်သွယ်ရေးလိုင်း ပြ-တ်တောက်မှုများလည်းကြေင်း ဒေသခံများက ပြောသည်။
သံတောင်ကြီးမြိုနယ်က မြေပြိုခြင်းကြောင့် အိမ်နေရာပျ-က်စီးသူများ၊ ထိခို-က်နစ်နာသူများ ၊ ကျန်ရစ်သူမိသားစုများအား လှုဒါန်းနိုင်ကြောင်းလည်း ဒေသခံများ က အကူညီတောင်းခံထားသည်။
