ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက် ဆိုင်ရာအဖွဲ့အစည်းများက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
” မိုးကဆက်တိုက်ရွာနေတော့ သောင်ရင်းမြစ်ရေကအ တော်တက်လာတာ။ အနိမ့်ပိုင်းရပ်ကွက်တွေထဲရေတွေဝင်လာတယ်။ ဒါ့ကြောင့် အဲဒီရေဝင်နေတဲ့အိမ်တွေက လူတွေရယ် ရေဝင်နိုင်တဲ့အိမ်တွေကလူတွေရယ်ကို ရေ ဘေးကယ်ဆယ်ရေးစခန်းတွေဆီရွှေ့ပေးနေပါတယ်။ မြဝတီမြို့မှာ ရေဘေးကူညီကယ်ဆယ်ဖို့ စုရပ်(၅)နေရာသတ်မှတ်ထားပါတယ်။ နောက် ရေဘေးယာယီကယ် ဆယ်ရေးစခန်းက (၁၁)ခုဖွင့်လှစ်ပေးထားပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ရေဘေးယာယီကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းခြင်းမရှိသေးသော မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင်နေ ထိုင်သူများအား ရေဘေးလွတ်ကင်းရာသို့အမြန်ဆုံးရွှေ့ ပြောင်းနေထိုင်ကြရန်လည်း အသိပေးနှိုးဆော်မှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ရေဘေးသင့်သူများအား ကူညီ၊ ကယ်ဆယ်၊ ထောက်ပံ့ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် သက် ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်လျက်ရှိကာ လက်ရှိအချိန်၌ သောင်ရင်းမြစ်ရေသည် မြဝတီမြို့ ၏ စိုးရိမ်ရေမှတ်အထက်တွင်တည်ရှိလျက်ရှိကြောင်း သိရသည်။
Photo-Ko Nay Naw
