Friday, May 15, 2026
ပြည်တွင်းစက်သုံးဆီဈေး ယခင်လထက် တဖြည်းဖြည်းကျဆင်းလာ၊ယနေ့ ရည်ညွှန်းဈေးတွင်...
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ဆီဈေးနှုန်း အကျဘက်သို့ ဦးတည်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့...
ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားက စားသမားများ...
တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားကစားသမားများ ဖွံ့ဖြိုးတိုး တက်ရေး လေ့ကျင့်မှုဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနထံက သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို မေလ...
ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ...
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး၊ ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ...
ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက်...
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏...
HomeCelebrities' Newsသူ့နာမည်ကိုအသုံးချပြီး လိမ်လည်မှုတွေရှိနေတဲ့အပေါ် သတိပေးစကားဆိုတဲ့...
သူ့နာမည်ကိုအသုံးချပြီး လိမ်လည်မှုတွေရှိနေတဲ့အပေါ် သတိပေးစကားဆိုတဲ့ ဒါရိုက်တာကိုပေါက်
#Zawgyi
#Unicode
ဒါရိုက်တာကိုပေါက်က သူ့နာမည်ကိုအသုံးချပြီး အလှူလိုက်ခံနေပြီး အလှူခံလို့ရတဲ့ငွေကို ပြန်ချေးပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မယုံကြည်ကြဖို့အတွက် ပရိသတ်တွေကို သတိပေးစကားဆိုခဲ့ပါတယ်။
“ကိုပေါက် အလှူမခံပါ။ ကိုပေါက်နာမည်နဲ့ဘာပရဟိတအသင်းမှလည်းထောင်မထားပါဘူး။ အကြောင်းအရာအပြည့်အစုံကတော့ ကျွန်တော့နာမည်ကိုပြောပြီး ဒါရိုက်တာကိုပေါက် ရဲ့အဖွဲ့ကဆိုပြီး ပရဟိတလုပ်ဖို့ အလှုလိုက်ခံနေတယ်လို့ကြားပါတယ်။ အလှူခံပြီး ပြန်လှူနေတယ်လို့ ကောလဟာလတွေဖြစ်နေတဲ့အတွက် ကျွန်တော့ဆီကိုဖုန်းဆက်ပြီးပိုက်ဆံချေးတာတွေ၊အလှူခံတာတွေ ဒီရက်ပိုင်း ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ တစ်နိုင်တစ်ပိုင် ပရဟိတ လုပ်ပါတယ်။ကိုယ့်လက်အောက်ငယ်သား စက်အဖွဲ့တွေကို ဆန် ဆီ လှူဒါန်းခြင်း၊ ကိုယ့်ပတ်ဝန်းကျင်က အခြေခံလူတန်းစားတွေအတွက်ထမင်းနဲ့ဟင်း /မုန့်ဟင်းခါး စတုဒီသာကျွေးခြင်း၊ ရပ်ကွက်ထဲ ဆန် ဆီ ဝေခြင်းတွေကို အဆင်ပြေရင်ပြေသလို လုပ်ပါတယ်။ ပရဟိတ အသင်းထောင်ပြီး လုံးဝ မလုပ်ပါဘူး။ ကျွန်တော့နာမည်နဲ့ ငွေကြေး အလှူခံခြင်းလုံးဝ မရှိပါကြောင်းသတိပေးအပ်ပါသည်။ ခေတ်အခြေအနေအပေါ်လုပ်စားနေကြသည့်မသမာသူများရှိနေပါ၍ ဂရုစိုက်ကြဖို့ အသိပေးပါသည်။ အားလုံးကျန်းမာကြပါစေ🙏🙏🙏 ကျွန်တော်တရားဝင်ကိုယ်တိုင်သုံးတဲ့ Facebook account နဲ့ page တွေကအောက်မှာပြထားတဲ့ အကောင့်တွေသာဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။❤️ပရိသတ်တွေအလိမ်မခံရအောင် share ပေးကြပါအုံး❤️
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071
Continue reading
ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...
ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...
ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော
မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071