Friday, May 15, 2026

ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားက စားသမားများ...

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားကစားသမားများ ဖွံ့ဖြိုးတိုး တက်ရေး လေ့ကျင့်မှုဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနထံက သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို မေလ...

ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ...

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး၊ ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ...

ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက်...

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏...

ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ...

ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက် လုပ်ခြင်းတို့ပြုလုပ်ရာ၌ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ...
HomeMoviesပြည်တွင်းစက်သုံးဆီဈေး ယခင်လထက် တဖြည်းဖြည်းကျဆင်းလာ၊ယနေ့...

ပြည်တွင်းစက်သုံးဆီဈေး ယခင်လထက် တဖြည်းဖြည်းကျဆင်းလာ၊ယနေ့ ရည်ညွှန်းဈေးတွင်  92 Ron တစ်လီတာလျှင် ကျပ် ၄၅၆၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၄၈၂၀ ဖြစ်၊

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ဆီဈေးနှုန်း အကျဘက်သို့ ဦးတည်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (မေလ ၁၅ ရက်) အတွက် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
92 Ron: ၄,၅၆၅ ကျပ်
95 Ron: ၄,၆၄၅ ကျပ်
ဒီဇယ် (HSD 500 ppm): ၄,၈၂၀ ကျပ်
ဒီဇယ် (HSD 50 ppm/10 ppm): ၅,၈၁၅ ကျပ် အသီးသီး ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်ကာ စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ်ရာဂဏန်းအထိ တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး၊ ယခုတစ်ပတ်အတွင်းတွင်လည်း ဆက်လက်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅ ၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၄၅ ၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။


စက်သုံးဆီဈေးနှုန်းများ ၄ ပတ်ဆက်တိုက် ကျဆင်းလာမှုကြောင့် ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကုန်ကျစရိတ်အနည်းငယ် သက်သာလာနိုင်မည်ဟု လုပ်ငန်းရှင်အချို့က မျှော်လင့်နေကြသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားက စားသမားများ ဖွံ့ဖြိုးတိုးတက်ရေးလေ့ ကျင့်မှုဆိုင်ရာဆွေးနွေးပွဲ သို့ မြန်မာကိုယ် စားလှယ်အဖွဲ့ တက်ရောက်

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားကစားသမားများ ဖွံ့ဖြိုးတိုး တက်ရေး လေ့ကျင့်မှုဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနထံက သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို မေလ (၁၅)ရက်နေ့မှ  ဇွန်လ (၄) ရက်နေ့အထိ (၂၁) ရက် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းဆွေးနွေးပွဲသို တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃)ဦးသည် ယနေ့ မေ (၁၄)ရက်နံနက် (၁၁)နာရီ‌ဝန်းကျင်းအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ လေကြောင်းလိုင်းအမှတ် CZ 3056 ဖြင့် ထွက်ခွာသွားခဲ့ပြီဖြစ် ကြောင်း အသိပေးထားသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ အားကစားလေ့ကျင့်ရေး နည်းစနစ်သစ်များကို...

ဆိုင်ကလုန်းမိုခါ ၃ နှစ်ပြည့် အမှတ်တရ – သြစတြေးလျသံရုံးက ကယ်ဆယ်ထားသည့် အောက်ချင်းငှက်မိသားစုလေး တိုးပွားလာမြန်မာနိုင်ငံတစ်လွှားရှိ ပြည်သူများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့သည့် ဆိုင်ကလုန်းမိုခါ (Cyclone Mocha) တိုက်ခတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ပံ့ပိုးခဲ့ပြီး၊ ယနေ့တိုင် ထိခိုက်ခံစားခဲ့ရသူများအားလုံးအတွက် မိမိတို့ စိတ်မကောင်းဖြစ်ရဆဲဖြစ်ကြောင်း ရန်ကုန်ရှိ သြစတြေးလျသံရုံးက သတင်းစကား ပါးထားသည်။ ထို့ပြင် ထူးခြားသည့် အမှတ်တရတစ်ခုအနေဖြင့် မုန်တိုင်းတိုက်ခတ်စဉ်အတွင်း သံရုံးဝန်ထမ်းများ၏ ခြံဝန်းထဲသို့ လာရောက်ခိုလှုံခဲ့သည့် အောက်ချင်းငှက်နှစ်ကောင်ကို ကယ်ဆယ်ခဲ့သည်မှာလည်း (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အောက်ချင်းငှက်ဇနီးမောင်နှံသည် ထိုအချိန်မှစ၍ သံရုံးဝန်းအတွင်း၌ပင် နေထိုင်လာခဲ့ကြပြီး၊ ယခုအခါတွင် မိသားစုဝင် အောက်ချင်းငှက်ကလေးတစ်ကောင်ပါ ထပ်မံတိုးပွားလာပြီဖြစ်ကြောင်း သိရသည်။ ယနေ့ကျရောက်သည့် ၃ နှစ်ပြည့်...

ထိုင်းဘုရင် က ကမ္ဘောဒီးယားဘုရင် အတွက် မွေးနေ့ဆုတောင်း

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (King Maha Vajiralongkorn) သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမုနိ (King Norodom Sihamoni) ၏ မွေးနေ့အခါသမယတွင် ဂုဏ်ပြုဆုတောင်းလွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။မေလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘောဒီးယားဘုရင်၏ မွေးနေ့အတွက် ပေးပို့သော အဆိုပါ သဝဏ်လွှာတွင် ဘုရင်ကြီး ကျန်းမာရွှင်လန်းစေရန်နှင့် လက်ရှိခံစားနေရသော ကျန်းမာရေးဝေဒနာများမှ အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ထိုင်းဘုရင်က ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စတင်းမားနေသော်လည်း ဤသို့ အိမ်နီးချင်းနှစ်နိုင်ငံ ဘုရင်များအကြား ဆုတောင်းလွှာပေးပို့ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071