Saturday, December 13, 2025

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...
HomeCelebrities' Newsသူနဲ့ ကျွန်တော်နဲ့ Relationship...

သူနဲ့ ကျွန်တော်နဲ့ Relationship က လည်း ၃ နှစ်နဲ့ ၄ လထဲ ရောက်နေပါပြီ’လို့ ပြောလာတဲ့သရုပ်ဆောင်အောင်မြင့်မြတ်

‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာတဲ့ သရုပ်ဆောင်အောင်မြင့်မြတ်ဟာ လတ်တလောမှာ တော့ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ကမ်းလှမ်းထားတဲ့ အောင်မြင့်မြတ်က “ကျွန် တော့်ကို လတ်တလောမှာ ရုပ်ရှင်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းထားတာရှိတယ်။ ဒါပေမဲ့ အခုညှိနေတဲ့ကာလပေါ့နော်။ ကမ်းလှမ်း တဲ့သူတွေလည်း လာတယ်။ ဒါပေမဲ့ သူတို့ဘက်က ဇာတ်နဲ့ ကမ်းလှမ်းတာတွေနဲ့ ကျွန်တော်ဘက်က ပြောတဲ့ လိုအပ်ချက်တွေနဲ့ မတူတာလေးတွေ ရှိနေတယ်။ တချို့မရိုက်ဖြစ်တော့တာတွေလည်းရှိနေတယ်။ သူတို့ကမ်းလှမ်းတာနဲ့ ကိုယ်သတ် မှတ်ထားတဲ့ အချက်တွေပါရင်တော့ ရိုက်ကူးဖြစ်မှာပါ”လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ သတ်မှတ်ထားတဲ့ စံချိန်တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုကာရိုက်တာ တွေ ရိုက်ကူးရတာကြိုက်လဲလို့ မေးကြည့်တဲ့အခါမှာတော့ အောင်မြင့်မြတ်က “အဓိကကတော့ ကျွန်တော်နဲ့ ကျွန်တော်လက်ခံထားတဲ့ကာရိုက်တာက လိုက်နေရမယ်။ ပြီးတော့ ကိုယ့်ဘက်က ဒီဇာတ်ကားအတွက် ပြင်ဆင်မှုဘယ်လောက်ရှိနေရမယ်။ ကာရိုက်တာတစ်ခုက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကြီးဖြစ်နေပေမယ့် ကာရိုက်တာချိုးနေရင် ချိုးနေသလို ရမယ့်ဟာမျိုးတွေရှိနေတယ်။ အဲဒီအခါကျတော့ ပြင်ဆင်မှုအပိုင်းနဲ့ကွာသွားပြီ။ ပြင်ဆင်မှုမရှိဘဲ သွားလုပ်လိုက်ရင် ကျွန်တော်အခက်အခဲတွေ့သွားမှာပေါ့။ အဲဒီတော့ ဇာတ်ကားရွေးတဲ့အပေါ်ကို အဲဒီလိုသတ်မှတ်တဲ့စံချိန်တွေထားထားတယ်။ ကာရိုက်တာအပိုင်းကတော့ ဗန့်တို့၊ ဗီလိန်တို့ဘက်ကို အသားပေး ပြီး မလုပ်ချင်သေးဘူး။ ဒါပေမဲ့လည်း တကယ်ကြိုက်တဲ့ ဒါရိုက်တာနဲ့တကယ်ကြိုက်တဲ့ သရုပ်ဆောင်တွေနဲ့တွဲရင်တော့ တစ်မျိုးဖြစ်ရင်ဖြစ်သွားနိုင်တယ်”လို့ ပြောပါတယ်။

ချစ်သူဖြစ်တဲ့သူနဲ့လည်း ပွဲတွေ အတူတူတက်ဖြစ်ပုံကိုလည်း “ကျွန်တော့်ကို ဖိတ်တဲ့ပွဲတွေဆို သူ့ကို ခေါ်သွားတာများတယ်။ သူကလည်းလိုက်တယ်။ သူနဲ့ကျွန်တော်နွဲျ့နူအေငသညျ့ငစ ကလည်း ၃ နှစ်နဲ့ ၄ လထဲရောက်နေပြီ။ နားလည်မှုတွေကတော့ သူကလည်း ကျွန်တော့်ကို နားလည်ပေးလိုက်၊ ကျွန် တော့်ကလည်း သူ့ကိုနားလည်ပေးလိုက်နဲ့ အဲဒီလိုမျိုးနဲ့ပဲရှေ့ဆက်နေရတယ်။ စိတ်ကောက် တဲ့အချိန်ကျတော့လည်း ချော့လိုက်ပေါ့။ ဒီလိုပဲသွားရတော့လည်းရိုးနေပါပြီ”လို့ အောင် မြင့်မြတ်က ပြောပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071