Thursday, June 18, 2026

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို...

Myanmar Women’s League 2026-27...

Myanmar Women's League 2026-27 ပြိုင်ပွဲ၏ Week-1 အဖွင့်ပွဲစဉ်များကို ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ...
HomeInterviewsသူတို့ရဲ့အိပ်မက် သူတို့ရဲ့ အနုပညာ

သူတို့ရဲ့အိပ်မက် သူတို့ရဲ့ အနုပညာ

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိသတ်များအတွက် အနုပညာပန်းခင်းကြီးမှာ ဖူးပွင့်လာဖို့အားယူကြိုးစားနေကြပြီးမကြာခင်ပြုလုပ် တော့မယ့် Mister & Miss International Island 2018 Myanmar Grand Final ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လူငယ်ဝါသနာရှင်တွေရဲ့ ပြိုင်ပွဲတွေအပေါ် ခံစားချက်၊သူတို့ရဲ့ဝါသနာနဲ့သူတို့အကြိုက်ဆုံး စီနီယာအနုပညာရှင် Idol က ဘယ်သူတွေလဲဆိုတာ စုစည်းမေးမြန်းဖော်ပြလိုက်ပါတယ်။

ဝေဝေထွန်း

ဒီပြိုင်ပွဲကညီမအတွက် ပထမဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် အတွေ့အကြုံ ကောင်းတွေ အများကြီးရမယ်လို့မျှော်လင့်ထားပါတယ်။ အဲဒါကြောင့်မို့ ညီမ ဒီပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်သလို ပညာတွေကိုလည်း သေချာလေ့လာထားပါတယ်။ ငယ်ငယ်လေးကတည်းက ဒီအနုပညာကို ဝါသနာပါခဲ့တာပါ။ဘားအံမှာကျောင်းတက်နေရင်းနဲ့ဒီပွဲလေးကိုOnline ပေါ်မှာမြင်ပြီး ဝါသနာပါလို့ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ငယ်ငယ်က အမှတ် တရကတော့ ကျောင်းစုံညီပွဲတော်တွေမှာဆိုရင် Show လျှောက်တာတို့၊ က တာတို့တော့ရှိပါတယ်။ ဝါသနာပါတာကတော့ သရုပ်ဆောင်တာ ဝါသနာပါပါ တယ်။ အနုပညာပေါ် လျှောက်လှမ်းဖို့ကတော့ အခက်အခဲတွေတော့ရှိမယ် လို့ထင်ပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ အဓိကပန်းတိုင်ကိုရောက်ဖို့အရေးကြီးပါတယ်။ ဒါကြောင့်ကြိုးစားသွားမှာပါ ညီမရဲ့ Idolက ရွှေမှုံရတီပါ။

သင်းရနံ့လင်း

ပြိုင်​ပွဲက​နေညီမ​ မျှော်​လင့်​ထားတာက​တော့ မိန်းက​လေးတိုင်းရဲ့စံပြတစ်​​ယောက်​အ​နေနဲ့​ရော၊ နိုင်​ငံ့ဂုဏ်​​ဆောင်​နိုင်​မယ့်​ Missတစ်​​ယောက်​အ​နေနဲ့​ရော ​အောင်​မြင်​မှုသရဖူကို ​ဆောင်းနိုင်​မယ်​လို့​မျှော်လင့်​ထားပါတယ်​။ ညီမငယ်​ငယ်​က အကကို အရမ်းဝါသနာကြီးခဲ့တာပါ။ အမှတ်​တရဖြစ်​ရတဲ့ငယ်​ငယ်​က အနုပညာအ​ကြောင်းဆိုရင်​​တော့ ​ကျောင်းကပွဲမှာ စင်​​ပေါ်တက်​​ဖျော်​​ဖြေ​နေ ရင်း ညီမဝတ်​တဲ့ဝတ်​စုံက​ နောက်​​ကျော ဇစ်​ပွင့်​​နေတာကို​ အောက်​ကပရိ​သတ် က ဝိုင်းဟားကြတဲ့အမှတ်​တရ​လေးပါ။ ရှက်​လွန်းလို့​ ကျောင်း​တောင်​နှစ်​ရက်​ဆက်​တိုက်​မသွားဖြစ်​ခဲ့ဘူးရှင့်။ အနုပညာအလုပ်​​တွေထဲမှာဆိုရင်​ Dancing​ ပေါ့​နော်​။ ဒါ​ပေမဲ့ အနုပညာဘယ်​အလုပ်​မဆို ညီမဆက်​​လျှောက်​လှမ်းသွားဖို့ အစီအစဉ်​ရှိပါတယ်​ရှင့်​။ အခက်​အခဲအ​နေနဲ့က​တော့ ​ထွေ​ထွေထူးထူးမရှိပါဘူး။ ကြိုးစားမှုတိုင်းအတွက်​ ရလဒ်​တခုက အမြဲရှိ​နေစမြဲမို့လို့ အခက်​အခဲက​တော့ မရှိပါဘူး။ အနုပညာလမ်း​ကြောင်းပေါ်ကို​တော့ အ​နေအထားတစ်ခုဆိုတာထက်​ အ​နေအထားတိုင်းမှာ ​အောင်​မြင်​မှု တွေရ​နေဖို့ ကြိုးစားသွားမှာပါ။ ညီမရဲ့ အားကျရတဲ့ Idolက​တော့ မ​ရွှေမှုံရတီပါရှင့်​။ သူကငယ်​ရွယ်​တယ်​။ ထက်​မြက်​တယ်​။ အနုပညာကို ​နေရာ​ပေါင်းစုံက​နေ အ​ကောင်းဆုံး သရုပ်​​ဆောင်​နိုင်​တယ်​ အခက်​အခဲတိုင်းကို​ကျော်​လွှားနိုင်​တဲ့ ခွန်​အား​တွေ အချိန်​တိုင်းရှိတယ်။ အဲဒါ​ကြောင့်​သူက ညီမရဲ့ စံပြ Idolပါ။

နန်းမြင့်သဇင်

ညီမကပြိုင်​ပွဲက​နေအတွေ့အကြုံ​ကောင်းများရ​အောင်​နဲ့ နိုင်​ငံကိုယ်​စားပြု အလှမယ်​တစ်​ဦးဖြစ်​ဖို့ မျှော်​လင့်​ထားပါတယ်​ရှင့်​။ ငယ်​ငယ်​ကအနုပညာ ဝါသနာက အက​နဲ့​တေးသရုပ်​​ဖော်​ဘက်​မှာ ပါဝင်​ခဲ့ပါတယ်​။ အမှတ်​တရ​အ နေနဲ့ ငယ်ငယ်​က ၉ တန်း​မော်​ဒယ်​လ်ပြိုင်​ပွဲမှာ Best Catwalk ဆုရခဲ့ပါတယ်။ အနုပညာ​နေနဲ့ သရုပ်​​ဆောင်​နဲ့ အကကို စိတ်​ဝင်​စားပါတယ်​။အနုပညာလမ်း​ကြောင်းရဲ့ အခက်​အခဲ​တွေက​တော့ အများကြီးရှိပါတယ်​။ အဲဒီအထဲက​ အောင်​မြင်​မှုဒဏ်​လည်း ခံနိုင်​ရပါမယ်​။ ကျရှုံးတဲ့ဒဏ်​လည်း ခံနိုင်​ရပါမယ်​။ ယုံကြည်​ရာ အနုပညာကို ​အောင်​မြင်​မှုရရှိတဲ့အထိ ဆက်​​လျှောက်​သွားပါမယ်​။ ညီမရဲ့ အနုပညာရှင် ​Idolက ဝတ်​မှုံရွှေရည်​ပါရှင့်။

ဟန်ကျော်ဇော

ကျွန်​​တော်​က နိုင်​ငံကိုယ်​စားပြု Misterတ​စ်​​ယောက်​ဖြစ်​​ဖို့​ မျှော်​မှန်းထား ပါတယ်။ မရခဲ့ရင်​​တောင်​ အ​တွေ့အကြုံအများကြီးလိုချင်​ပါတယ်​။ ငယ်​ငယ်​ကတည်းက အနုပညာနဲ့ ပတ်​သက်​သမျှ ပွဲ​တွေပါဝင်​ခဲ့ပါတယ်​။ အမှတ်​တရအ​နေနဲ့က​​တော့ ​မော်​ဒယ်​လ်ရှိုးမှာ ဆုရရှိခဲ့ဖူးပါတယ်​ခင်​ဗျ။ အနုပညာမှာ​တော့ သရုပ်​​ဆောင်​ကို ဝါသနာပါပါတယ်​။ အနုပညာလမ်း​ကြောင်း အခက်​အခဲတွေ က​တော့ အများကြီးရှိမှာပါ။ ဘယ်လိုပဲဖြစ်​ဖြစ်​ အဓိကက ဇွဲမ​လျှော့ဘဲကိုယ်​ဖြစ်​တာကို ဖြစ်​​မြောက်​​အောင် ကြိုးစားဖို့လိုအပ်​ပါတယ်​။ ​အောင်​မြင်​မှုရှိသလို၊ ကျရှုံးမှုလည်းရှိမှာပါ။ ယုံကြည်​မှုနဲ့​ရည်​မှန်းချက်​အထိ ရောက်အောင် လျှောက်​လှမ်းသွားမှာပါ။ ကျွန်​​တော့် Idolက​တော့ ​အောင်​ရဲလင်းပါ။

YoYo

ကျွန်တော် ပြိုင်ပွဲကနေ မျှော်လင့်ထားတာတွေကတော့ အတွေ့အကြုံက တော့ ပထမဦးစားပေးပါဗျ။ အတွေ့အကြုံတွေကနေတစ်ဆင့် အောင်မြင်မှုဆိုတဲ့ အရာကို အရည်အချင်းနဲ့အတူ ရယူချင်မိတာပါဗျ။ ငယ်ငယ်ကတော့ ပြည်သူ ချစ် အဆိုရှင်တစ်ယောက်ဖြစ်ချင်မိတာပေါ့။ အနုပညာအမှတ်တရတွေထဲက ပြောပြ ပါဆိုရင်တော့ ကျွန်တော်နေတဲ့ စစ်တပ်လေးက သီချင်းဆိုပြိုင်ပွဲတွေ၊ ကျောင်းကကျင်းပပေးတဲ့ အဆိုပြိုင်ပွဲတွေမှာ အောင်မြင်မှုလေးတွေ ရရှိခဲ့တာ ကိုပါ။ အနုပညာဆိုတာကတော့ ဘယ်အရာကို ဆိုတာထက် အနုပညာတိုင်းကို စိတ်ဝင်စားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က အနုပညာကို ချစ်မြတ်နိုးတဲ့ သူယောက်မို့ပါ။ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းဖို့ အဓိက အခက်အခဲကတော့ နောက်ကပံ့ပိုးပေးမယ့်မိဘပါ။ ကျွန်တော့်အတွက် အခက်ခဲဆုံးက ကျွန်တော့်ကို တစ်ထောင့်တစ်နေရာကနေ အားပေးဖေးမပေး မယ့် မိဘ၊ ကျွန်တော့်အတွက် အလိုအပ်ဆုံးနဲ့ အခက်ခဲဆုံးအရာပါ။ ကျွန်တော် အစောကပြောခဲ့သလိုပေါ့နော်။ အနုပညာကိုချစ်တယ်။ အဲဒီအတွက် အနုပညာ အလုပ်နဲ့ပတ်သက်ြပီး ဘယ်နေရာကနေရနေရ လျှောက်လှမ်းသွားဖို့ အစီအစဉ် ရှိပါတယ်။ အနုပညာလောကမှာ လေးစားအားကျရတဲ့စံပြ Idolကတော့ ကိုဝေဠုကျော်ကိုပါ။ ဘာလို့လဲဆိုတော့ သူကအနုပညာကိုချစ်တယ်။ ပရဟိတ ကို မြတ်နိုးတယ်။ လုပ်ကိုင်တယ်။ မှန်တဲ့လမ်းတွေကိုလျှောက်လှမ်း နေတဲ့သူ တစ်ယောက်မို့ပါ။

နော်မြင့်မြတ်နိုး

ဒီပြိုင်​ပွဲမှာသမီး နိုင်​ငံကိုယ်​စားပြု Winner ဆုရှင်​Missတစ်​ဦးအဖြစ်​ ရရှိဖို့ ​ကြိုးစားရင်း ​မျှော်​လင့်​ထားပါတယ်။ ငယ်​ငယ်​ကတည်းက အနုပညာနဲ့ ပတ်​သက်​ရင်​ အဆိုဘက်​ကိုလည်း ဝါသနာပါသလို၊ ငယ်​ငယ်​ကဆိုရင်​ TV က​နေ သီချင်းလာတို်င်းကတတ်​တယ်​။ အ​​ဖေနဲ့ အ​မေ ​ရှေ့မှာဆိုလည်း သရုပ်​​ဆောင်​ပြပြီး ကတတ်​တဲ့ အကျင့်​​လေးရှိတယ်​။ ပြောရမယ်​ဆိုရင်​ အနုပညာသရုပ်​​ဆောင်​တစ်​ဦးကို ဒီ​နေ့အထိ ဖြစ်​ရမယ်​လို့လည်း ယုံကြည်​ပါတယ်။ ငယ်​ငယ်​ကတည်းက အမှတ်​တရက အနုပညာတစ်​ခုမကပါဘူး။ အများကြီးရှိတာ​တော့ အမှန်​ပဲ။ ​State ကျောင်းသူဘဝတုန်းကဆိုရင်​ ​ကျောင်းပွဲမှာ ပြဇာတ်​တို့၊ ​ကျောင်းဖွင့်​ပွဲတွေမှာလည်း သမီးမပါမဖြစ်​သလို၊ ရွှေကြိုးဖြတ်​တာတို့ လုပ်​ရပါတယ်​။ ဘယ်​အနုပညာကို စိတ်​ဝင်​စားလဲဆို​တော့ ​ဖွေး​ဖွေးနဲ့ ​ရွှေမှုံရ တီကို တအားအားကျတယ်​။ သူတို့လို သရုပ်​​ဆောင်​​ကောင်းဖြစ်ချင်​တယ်​။ အဲဒါ​ကြောင့်​ သရုပ်​​ဆောင်​ခြင်းဆိုတဲ့ အနုပညာကို စိတ်​ဝင်​စားပါတယ်။ အနုပညာ ​လမ်းကြောင်းကိုလျှောက်​လှမ်းတဲ့အခါ အခက်အ​ခဲ​တွေကျ​တော့ အများ ကြီးပဲ​လေ။ သမီးတို့ဆိုရင်​ အ​တွေ့အကြုံမရှိ​သေး​တော့ ပိုဆိုး​တာပေါ့​နော်။ တစ်​ခုချင်း တစ်​ခုချင်းကို အစက​နေ လိုက်​သင်​ရမယ်​။ နာမည်ကြီး​သရုပ်​​ဆောင်​​တွေ​တောင်​ ခုထိသူတို့အတွက်​ အခက်အ​ခဲဖြစ်ေ​နတုန်းလေ။ ဒါ​ကြောင့်​ ကျွန်​မဝါရင့်​၊ သမ္ဘာရင့်​ဆရာဆီမှာ ​ဖြည်းဖြည်းချင်းသင်​ယူရင်း အခက်​အခဲ​တွေကို ​ကျော်​ဖြတ်​သွားမှာပါ။ သမီး Idolက​တော့ ခုနကပြောတဲ့ ​ဖွေးဖွေးနဲ့ ​ရွှေမှုံရတီကို အရမ်းအရမ်းချစ်​တာ​ပေါ့​။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071