Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeCelebrities' Newsသီဟတင်စိုးအ မှု အမှုမှန်ပေါ်ပေါက်ခဲ့တဲ့အပေါ်...

သီဟတင်စိုးအ မှု အမှုမှန်ပေါ်ပေါက်ခဲ့တဲ့အပေါ် အနုပညာရှင်တို့ရဲ့စကားသံ

အကယ်ဒမီသရုပ်ဆောင် သီဟ တင်စိုးအပေါ် မုဒိမ်းမှုဖြင့်အရေးယူ ပေးဖို့ တိုင်တန်းချက်မှာမှန်ကန်မှု မရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို (ခ)ဇင်မာမြင့်နဲ့ ဒေါ်ညိုတို့ ပူးပေါင်း ကာ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ရရှိတာကြောင့် ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင် ရွက်နိုင်ရေးအတွက်ဆက်လက် ဆောင်ရွက်နေကြောင်းသိရပါတယ်။ အမှုမှန်ပေါ်ပေါက်ခဲ့ပေမယ့်လည်း စွပ်စွဲပြောဆိုခံရသူ သရုပ်ဆောင် သီဟတင်စိုးအနေနဲ့ မီဒီယာတွေဆီ မှာ ပြန်လည်ပြောကြားတာမျိုးတွေ တော့မရှိခဲ့သေးပါဘူး။ ဒါပေမဲ့လည်း သူ့ကို စိတ်ပူနေခဲ့ကြတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားတွေကတော့ အမှု မှန်ပေါ်ပေါက်ခဲ့ပြီဖြစ်တာကြောင့် ပျော်ရွှင်နေကြပါတယ်။ အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုးဟာ မိန်းမ အရှုပ်အရှင်း အင်မတန်ကင်းသူဖြစ် ပြီး အကျင့်စာရိတ္တကောင်းမွန်သူ တစ်ဦးဖြစ်တဲ့အပြင် ဇနီးဖြစ်သူ ဇင် မာဦးကိုလည်း မျက်နှာပျက်စေမယ့် ကိစ္စရပ်မျိုး တစ်ခါမှ ပြုလုပ်ဖူးခြင်း မရှိဘဲ ဇနီးအပေါ် အင်မတန် ချစ် မြတ်နိုးတဲ့သူတစ်ဦးဖြစ်တာကိုလည်း ရုပ်ရှင်လောကသားတွေရဲ့ ပြောပြမှု တွေအရ သိထားရပါတယ်။ အဲဒါ ကြောင့်လည်း ပေါ်ပြူလာအနေနဲ့ သူနဲ့အတူတွဲပြီး ရုပ်ရှင်တွေ၊ ဗီဒီယို တွေ များစွာရိုက်ခဲ့ဖူးသူ အနုပညာရှင် တွေရဲ့ အမှုမှန်ပေါ်ပေါက်ခဲ့မှုအပေါ် ဝမ်းသာစကားများကို မေးမြန်းဖော် ပြပေးလိုက်ပါတယ်။

ချစ်ချစ်ဇော်

ဒီလိုစွပ်စွဲထားတာတွေ အမှန် အတိုင်း ဖြစ်သွားတဲ့အတွက် ကိုသီဟ အတွက် တအားဝမ်းသာပါတယ်။ အခုတော့ ကိုသီဟနဲ့ မတွေ့ရသေး ပါဘူး။ ဒါပေမဲ့ ကိုသီဟအဆိုးထဲက အကောင်း အမြတ်အများကြီးရလိုက် ပါတယ်။ ပရိသတ်တွေက ကိုသီဟ ဘက်မှာရှိနေတဲ့အတွက် တအားဝမ်း သာပါတယ်။ အစ်မတအားလည်း ပျော်နေပါတယ်။ အခုကိစ္စတွေအကုန် လုံးက မပြီးပြတ်သေးတဲ့အတွက် ပရိ သတ်ရှေ့မရောက်နိုင်သေးတာပါ။ ကိုသီဟအမြန်ဆုံး ပရိသတ်ရှေ့ ရောက်နိုင်ပြီး အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။

လင်းဇာနည်ဇော်

အစ်မက ကာယကံရှင်မဟုတ် တဲ့အခါကျတော့ အစ်မပြောတဲ့ စကားတွေမှာ မှားတာတွေပါကောင်း ပါလိမ့်မယ်။ အခုကိုသီဟခဏနေကျ ရင် လာတော့မယ်။ သူကလည်း မီဒီ ယာတွေ အကုန်လုံးကိုရော အခုဖြစ် စဉ်မှာ မားမားမတ်မတ်ရပ်တည်ပေး နေတဲ့ ပရိသတ်တွေ အကုန်လုံးကို ရော ကိုယ့်ရင်ထဲက လှိုက်လှိုက်လှဲ လှဲ ကျေးဇူးတင်နေပါတယ်လို့ အစ်မ တို့ကို ပြောပါတယ်။ အခုလိမ်ထား တဲ့ နှစ်ယောက်စလုံးကို ရဲက ဖမ်း ထားပါတယ်။ အခုသူပြောစရာ ရှိ တာတွေ ပြောနေတဲ့အတွက် မလာ နိုင်သေးတာပါ။ နောက်နောင်ကို သီဟလိုမျိုး အဖြစ်မျိုးကို ဘယ်သူ့ကိုမှ မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ စံနမူရာ တစ်ခုအနေနဲ့ ထားစေချင်ပါတယ်။ ဒါမှ ဒီလိုမျိုးလိမ်လည်တဲ့သူတွေ ထပ် မရှိမှာပါလို့ အစ်မပြောချင်ပါတယ်။

စစ်နိုင်သီဟဦး

အဖေ့ကို ဒီလိုစွပ်စွဲတဲ့အပေါ် ပြောစရာစကားမရှိပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကလည်း အဖေမဟုတ် မှန်းသိနေတဲ့အတွက် ဘာမှပြောစရာ မရှိတော့ပါဘူး။ လက်ရှိအခြေအနေ ကိုတော့ ကျွန်တော်တို့လည်း အတိ အကျမသိသေးပါဘူး။ ဖေဖေတို့ လည်း မကြာမီပြန်လာတော့မယ်လို့ ပြောပါတယ်။ အစကတော့ ဒီလိုစွပ် စွဲခံရတော့ ကျွန်တော့်အဖေများ ထောင်ကျမလား ဘာတွေဖြစ်မလဲ ဆိုပြီး စိတ်ပူတာတွေရှိပါတယ်။ အခု တော့ ဒီလိုမျိုး ရဲတွေက ဖေဖေ့မှာ အပြစ်မရှိဘူးလို့ သတင်းထုတ်ပြန် လိုက်တော့ ကျွန်တော်တို့အတွက် ရော၊ ပရိသတ်အတွက်ရော ဝမ်းသာ ပါတယ်။ စွပ်စွဲတဲ့ အမျိုးသမီးတွေကို တော့ ကျွန်တော်တို့ဘက်က လူကြီး တွေပြောတာ တရားပြန်စွဲမယ်လို့ ပြောပါတယ်။ အတိအကျတော့ ကျွန် တော်လည်း မသိသေးပါဘူး။ ကျွန် တော်ကတော့ ပထမဦးဆုံး စစဖြစ်တဲ့ နေ့က ကျွန်တော့်အဖေကို စွပ်စွဲလို့ ဒေါ သထွက်မိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျတော့ အဖေကဒီလိုမဟုတ်ဘူးလို့ သိရှိသွားတဲ့အတွက် ဝမ်းသာပါတယ်။

မတူး

ကိုသီဟတင်စိုးနဲ့ အန်တီတူးတို့ ဆိုတာ သူငယ်ငယ် လူပျိုဘဝကတည်း က ရုပ်ရှင်တွေ စရိုက်ကတည်းက သိ လာခဲ့ကြတာ။ သူဟာ ငယ်ငယ်လေး ကတည်းက သဘောအင်မတန် ကောင်းတဲ့သူ ဖြစ်တယ်။ ဇင်မာဦး ဆိုရင်လည်း အဲ့လိုပဲ သူတို့ ခပ်ငယ် ငယ်ကတည်းက သိလာခဲ့တာ။ ကို သီဟနဲ့ ဇင်မာဦးဆိုတာ အင်မတန် လိုက်ဖက်တဲ့ စုံတွဲပါ။ သူတို့ဟာ ရိုးရိုး သားသားနဲ့ အနုပညာကို လုပ်စားကြ တဲ့ သူတွေပါ။ အဲဒါကြောင့်လည်း ကို သီဟ ဖြစ်စဉ်တက်လာတုန်းက အန် တီတူးတို့ မယုံခဲ့ပါဘူး။ လုံးဝကိုလည်း အယုံအကြည် မရှိပါဘူး။ ဘာလို့လဲ ဆိုရင် သူတို့နဲ့ အန်တီတူးဟာ တော် လှန်ရေး ဇာတ်ကားတွေကို တောက် လျှောက်ရိုက်ကူးခဲ့တာ ဇာတ်ကား ပေါင်းမနည်းပါဘူး။ အခုလို ဖြစ်ခဲ့ တာဟာလည်း ကံအကြောင်းမလှလို့ စွပ်စွဲခံခဲ့ရတယ်ဆိုပေမယ့်လည်း အမှု မှန်က ပြန်ပေါ်လာတာ ဖြစ်တယ်။ အန်တီတူးတို့က နဂိုကတည်းက မယုံတာပါ။ အဲဒီမိန်းမကြီး အင်တာ ဗျူးကိုကြည့်တော့ ပိုပြီးတော့ မယုံ ကြည်တော့ပါဘူး။ ပြောဆိုတဲ့ စကား တွေဟာ အရှေ့အနောက်လုံးဝ မညီ ပါဘူး။ အထူးသဖြင့် ကိုသီဟရဲ့ အ ကျင့်စာရိတ္တကို လုံးဝ ယုံကြည်တယ်။ အဲဒီတော့ အန်တီတူးပြောချင်တာက ကိုသီဟနဲ့ မဇင်မာဦးတို့ စုံတွဲ ဒီထက် မကတိုးတက်ပါစေလို့ မေတ္တာပို့ပါတယ်။

အကယ်ဒမီအောင်ခိုင်

ဦးအောင်ခိုင်နဲ့ မောင်သီဟတို့ ဆိုတာ ၁၅ နှစ်လောက်ထိ အတူလက် တွဲပြီး အလုပ်တွေ လုပ်လာတာ ဖြစ် တဲ့အတွက် သူ့ရဲ့ အကျင့်စာရိတ္တကို ဦးအောင်ခိုင် အကုန်သိတယ်။ ၁၅ နှစ်လောက်အတွင်းမှာ မောင်သီဟ ဟာ မိန်းမကိစ္စနဲ့ ပတ်သက်ပြီး တစ် ခါမှ မတစ်ခါခဲ့ဖူးဘူးလေ။ ဦးအောင် ခိုင်နဲ့က ညီအစ်ကိုလို နေထိုင်လာခဲ့ တယ်။ ဦးအောင်ခိုင်အတွက် မောင် သီဟဆိုတာ ကျေးဇူးရှင် ဖြစ်တယ်။ ဦးအောင်ခိုင် အကယ်ဒမီရခဲ့တဲ့ ငရဲ သားရုပ်ရှင်ဇာတ်ကားဆိုတာလည်း မောင်သီဟ ကိုယ်တိုင်ဒါရိုက်တာလုပ် ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်တယ်။ ကျေးဇူးရှင် ဖြစ်နေတဲ့ အတွက်ကြောင့် အပါအဝင် အခု အချိန်မှာ အမှုမှန်ပေါ်သွားပြီ ဖြစ်တဲ့ အတွက် အတိုင်းထက် အလွန်ဝမ်း သာပါတယ်။ ဦးအောင်ခိုင်နဲ့ အဆက် အသွယ်တော့ မရပေမယ့်လည်း ဦး အောင်ခိုင်တို့ကတော့ အပြင်ကနေ ဝန်းရံပေးနေပါတယ်။ ဖြစ်ဖြစ်ချင်း တုန်းကဆိုရင် ဦးအောင်ခိုင်နယ် ရောက်နေတာ ဖြစ်ပေမယ့် စိတ်ထဲ မှာ လုံးလုံးနေလို့မကောင်းဘူး။ သိသိ ချင်းတုန်းကဆိုရင် လန့်ရုံတင်မဟုတ် ဘူး။ တော်တော်ကို အံ့သြသွားတယ်။ မောင်သီဟဆိုတာ ဒီလိုအကျင့် စာရိတ္တမျိုး လုံးလုံးရှိတဲ့သူ မဟုတ်ပါ ဘူး။ ဇင်မာဦးကို တအားချစ်တာ။ သူ့မိန်းမမျက်နှာ ငယ်အောင် ဘယ် တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ အဲဒီ ဒေါ် ကြီးရဲ့ ပုံစံကိုကြည့်လိုက်တော့လည်း မတရားပြုကျင့်ခံရတဲ့သူတစ်ယောက် က ပျော်မြူးနေတာပဲ။ အဲဒီကတည်း က မူမမှန်တော့ဘူးဆိုတာသိနေတယ်။ ပြီးတော့ မောင်သီဟရဲ့ အသံဖိုင် တက်လာတာကို နားထောင်မိတဲ့ အချိန် ဦးအောင်ခိုင်မျက်ရည်တွေပါ ဝဲကုန်တယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးရဲ့ နောက်ဆုံးမှာ အမှန် တရားနဲ့ ကျွန်တော်ပြန်လာခဲ့မယ်လို့ ပြောတဲ့အချိန်မှာ ဦးအောင်ခိုင်ဟာ အမှန်တရားအတွက် ပြန်လာနိုင်ပါ စေလို့ ဆုတောင်းနေမိတာ အမှန်ပဲ။ မနက်လည်းရောက်ရော အဲဒီအဒေါ် ကြီး အလိမ်တွေပေါ်တော့တာပဲ။ အခုအဖြစ်မှန်ပေါ်သွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ဝမ်းသာတယ်။

Ads Space Available


Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071