Wednesday, June 24, 2026

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ...

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က...
HomeInternationalသီရိလင်္ကာသမ္မတဟောင်း အဖမ်းခံရပြီးနောက် ဆေးရုံရောက်

သီရိလင်္ကာသမ္မတဟောင်း အဖမ်းခံရပြီးနောက် ဆေးရုံရောက်

သီရိလင်္ကာသမ္မတဟောင်း ရာနီးလ် ဝစ်ခ်ရီမီဆင်းသည် သမ္မတတာဝန်ထမ်းဆောင်စဉ်အချိန်က ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရပြီးနောက် တစ်ရက်အကြာ စနေနေ့တွင် ဆေးရုံတင်လိုက်ရကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

စီးပွားရေးအကျပ်အတည်းကာလအတွင်းက တောင်အာရှနိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်သော ဝစ်ခ်ရီမီဆင်း(၇၆) ကို သောကြာနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၎င်းသည် နောက်တစ်နေ့တွင် ရေဓာတ်ခန်းခြောက်ခြင်း၊ ဆီးချိုနှင့် သွေးတိုးရောဂါတို့ကြောင့် ကိုလံဘိုအမျိုးသားဆေးရုံ အရေးပေါ်ကုသရေးဌာနသို့ တင်ပေးထားကြောင်း ဆေးရုံဒါရိုက်တာ ဒေါက်တာ ရပ်ခ်ရှန် ဘဲလ်လာနာက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဝစ်ခ်ရီမီဆင်းကို နောက်ပိုင်းတွင် အထူးကြပ်မတ်ကုသဆောင်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် အခြေအနေသည် တည်တည်ငြိမ်ငြိမ်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယမန်နှစ်က သမ္မတရာထူးကို ဆုံးရှုံးခဲ့သည့် ဝန်ကြီးချုပ်တာဝန်ကို ခြောက်ကြိမ်ထမ်းဆောင်ဖူးသူ ဝစ်ခ်ရီမီဆင်းသ်ည် ၎င်း၏ ဇနီးဖြစ်သူ၏ ဂုဏ်ထူးဆောင်ပါမောက္ခရာထူးကို ဂုဏ်ပြုရန်အတွက် ဗြိတိန်နိုင်ငံသို့ သွားရောက်ကာ အထူးဘွဲ့နှင်းသဘင်နေ့လည်စာဖြင့် တည်ခင်းခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောကြားပေးရန်တောင်းဆိုမှုကို စနေနေ့တွင် ၎င်း၏ ရုံးက တုန့်ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။ ၎င်း၏ အမျိုးသားညီညွတ်ရေးပါတီမှ မဟာမိတ်တစ်ဦးကမူ ဝစ်ခ်ရီမီဆင်းသည် အပြစ်ကင်းသူဖြစ်ကြောင်းနှင့် ယခုကိစ္စသည် နိုင်ငံရေးရည်ရွယ်ချက်တစ်ခုဖြစ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၂) တွင် ရန်ကုန်စီးတီး FC အသင်းနှင့် ရင်ဆိုင်ရာ၌ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဖြင့် အသင်းသမိုင်းဝင် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိုးကို သွင်းယူချိန်တွင် ပင်မြင့်ယံ၏ အသက်မှာ (၁၆) နှစ်၊ (၈) လနှင့် (၂၂) ရက်သာ...

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ အများကြီး ထိုးကျသွားတာနဲ့အမျှ ဆီဆိုင်တွေမှာ ရောင်းတဲ့ဈေးကို လိုက်မချပေးကြဘူး။ <…> ဒါနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ တရားရေးဌာန (DOJ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်" လို့ အမေရိကန်ခေါင်းဆောင်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း ဇွန်လ ၂၂ ရက်နေ့မှာ...

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071