Sunday, September 20, 2026

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...
HomeCelebrities' Newsသီတင်းကျွတ်မှာချစ်သူနဲ့ လျှောက်လည်ချင်တယ်ရွှေပိုးအိမ်

သီတင်းကျွတ်မှာချစ်သူနဲ့ လျှောက်လည်ချင်တယ်ရွှေပိုးအိမ်

ရိုးရိုးယဉ်ယဉ်လေးနဲ့ အမြဲတမ်း လှပနေသူက ရွှေပိုးအိမ်ပါ။ မကြာမီအခါသမယမှာ သီတင်းကျွတ် အချိန်အခါကို ရောက်ရှိလာ တော့မှာဆိုတော့သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အမှတ်တရ အကြောင်း လေးတွေကို မေးမြန်းကြည့်တဲ့အခါ ရွှေပိုး အိမ်က…

”မီးရှူး၊ မီးပန်းဖောက်တာမျိုး၊ မီးပုံးပျံကြီးတွေ လွှတ်တာမျိုး၊ အဘိုး၊ အဘွား၊ အဖေ၊ အမေကို ကန်တော့ လို့ မုန့်ဖိုးရတာမျိုးတွေက တော့ သီတင်းကျွတ်နဲ့ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရတွေပါ။ အခုအ သက်အရွယ်မှာ မီးရှူး၊မီးပန်းတွေ လည်း မဖောက်ချင်တော့ ဘူး။ ဘာလို့လဲဆိုရင် ပိုက်ဆံကုန်တယ် လေ(ရယ်လျက်)။ သူများတွေ ဖောက်ကြတာကို ထိုင်ပြီးပဲ ကြည့် နေတော့မယ် ။ သီတင်းကျွတ်မှာ ချစ်သူနဲ့တော့ လျှောက်မလည်ဖူးဘူး။ ရွှေပိုးလည်း ချစ်သူနဲ့ လျှောက်လည် ချင်တယ်။ သီတင်းကျွတ်ဆိုရင် မိသားစုနဲ့အတူတူ ဘုရားဖူးသွား တာမျိုးပဲ ရှိတယ်။ အခုအချိန်ထိတော့ သီတင်းကျွတ် ချိန်ခါမလည်ဖူးသေး ဘူး။ ဝါကျွတ်ပြီဆိုရင် မင်္ဂလာဆောင်တွေမှာ မင်္ဂလာပန်း ကြဲပေးရတာမျိုး၊ လက်စွပ်ဗန်းကိုင် ပေးရတာမျိုး၊ သတို့သမီးအရံလုပ် ပေးရတာမျိုးတွေတော့ရှိတယ်။ ဝါကျွတ် တော့မယ်ဆိုတော့ သတို့ သား၊ သတို့သမီးတွေအတွက် စောင့်နေရ တဲ့နေ့လေး ရောက်လာတော့ မှာဆိုတော့ သူတို့တွေအတွက် တအားပျော်ဖို့ကောင်းမှာပါ” လို့ ပြောပြပါတယ်။

ရွှေပိုးအိမ်ရဲ့ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးက ဘယ် လိုမျိုးဖြစ်မလဲလို့ မေးမြန်းကြည့်တော့….

”ရွှေပိုးမင်္ဂလာဆောင်ရင်လည်း အကုန်ထူးထူးဆန်းဆန်းလေး လုပ် ချင်တယ်။ မိန်းကလေးတိုင်းရဲ့အိပ်မက်ဆိုတော့ မင်္ဂလာပွဲအစ အဆုံးကို ထူးထူးဆန်း ဆန်းလေးလုပ်ဖို့ စဉ်း စားထားတယ်။ အိမ်ထောင်ဖက်ကို ရွှေပိုးကတော့ ဘာစံနှုန်းမှ မသတ် မှတ်ထားဘူး။ ရွှေပိုးကို တကယ် တမ်းချစ်ပြီး ရွှေပိုးအလုပ်ကို နား လည်မှုအပြည့်အဝ ပေးနိုင်မယ့် သူမျိုးကို ရွေးချယ်ဖြစ်သွားမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တကယ်တမ်းကောင်းနေမှ ကိုယ့်အပေါ်ကောင်း တဲ့သူမျိုးကို ရမှာပါ။ ရွှေပိုးက ပရိသတ်ရင်ထဲမှာ ရွှေပိုးအိမ်ဆိုတဲ့ နေရာလေးတစ်နေရာ ရောက်မှသာ ရွှေပိုးရဲ့မင်္ဂလာကိစ္စကို စဉ်းစားမှာပါ။ ဘယ်အချိန် စဉ်းစားဖြစ်မယ်ဆို တာလည်း ရွှေပိုးမသိသေးဘူး။ အချိန်အတိုင်း အတာတစ်ခု ရောက် မှသာ ရွှေပိုးစဉ်းစားမှာပါ။ အခုအချိန်ထိတော့ မစဉ်းစားဖြစ်သေးပါ ဘူး။ ရွှေပိုး အခုချိန်မှာ အနုပညာအလုပ်၊ မိသားစု၊ ရွှေပိုးကို ချစ်တဲ့ပရိ သတ်ကြီးတွေ အတွက်ပဲအချိန်တွေ ပေးထားပါတယ်” လို့လည်း ရွှေပိုး အိမ်က ပြောပြခဲ့ပါတယ်။

 

ခိုင်ဝါဝင်း

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျိုရှုအာဗန်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071