Tuesday, April 21, 2026

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့်...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့...

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)...

ရုရှားပြည်ထဲရေးဝန်ကြီး မြောက်ကိုရီးယားသွား

ရုရှားပြည်ထဲရေးဝန်ကြီးသည် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေးကို ဆွေးနွေးရန် မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့ကြောင်း အင်္ဂါနေ့က ရုရှားသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဗလာဒီမာ ကိုလိုကော့လ်ဆက်ဗ်ဦးဆောင်သော...

ရွှေတိဂုံစေတီတော်တွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲ...

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို လာမည့် ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ နံနက် ၇...
HomeArticlesသိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး...

သိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း (၁)

၂၀၂၃ ယခုနှစ်ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေမည့် AI နည်းပညာရဲ့စွမ်းဆောင်ရည်ကြောင့် အမှတ်ရစရာတွေကျန်ရစ်စေမည့်နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်။ သင့်အနေနဲ့ ChatGPT ကိုသုံးပြီးရင် အရင်နဲ့တူတော့မှာမဟုတ်ဘူးဆိုတဲ့စကားကို OpenAI ကုမ္ပဏီရဲ့ ChatGPT chatbot ကသက်သေပြနိုင်ခဲ့ပါပြီ။

ယနေ့ခေတ်ရဲ့နည်းပညာအပြောင်း အလဲတစ်ရပ်ကို မိမိတို့အနေနဲ့မြင်တွေ့ခွင့်ရနေပြီဖြစ်ပါတယ်။ မနှစ်က OpenAI ကုမ္ပဏီအနေနဲ့ Dall-E2 Image generator ကိုပွဲထုတ်ပြသပြီးတဲ့နောက် 2022 ခုနှစ်၊နိုဝင်ဘာလမှာတော့ လူတွေရဲ့လက်ထဲကို ChatGPT chatbot ထည့်ပေးနိုင်ခဲ့ပါပြီ။ 

အဲ့လိုထည့်ပေးပြီးတဲ့ နောက်မှာတော့ ChatGPT အသုံးပြုသူဦးရေဟာ တောမီးလောင်ကျွမ်းသွားလိုပဲ နှစ်လ အတွင်း သန်း ၁၀၀ ကျော်ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ နှစ်လအတွင်း အခုလို သန်းတစ်ရာ ကျော်အသုံးပြုသူဦးရေတိုးတက်လာခြင်းဟာ သမိုင်းဝင်စေခဲ့ပြီး တစ်နှစ်တာအတွက် အကောင်းဆုံး Chatbot တစ်မျိုးဖြစ်လာစေခဲ့ပါတယ်။ 

ယခင်က AI Chatbot ပေါင်းများစွာရှိခဲ့ပေမည့် အခုလို ChatGPT ရဲ့စွမ်းဆောင်ရည်လို မျိုးတော့ မရှိခဲ့ကြပါဘူး။ ChatGPT ရဲ့အရှည်ကောက်ကတော့ Chat Generative Pre-trained Transformer ပဲဖြစ်ပါတယ်။

ChatGPT ဆိုတာ အသိဉာဏ်တု AI ကိုစကားလုံး ပေါင်း ဘီလျံနဲ့ချီမှတ်သားထားနိုင်ဖို့ လေ့ကျင့်ပေးထားတဲ့ chatbot တစ်မျိုးပဲဖြစ်ပါတယ်။ ChatGPT ဟာ စာအုပ်ပေါင်း ဘီလျံချီပြီးဖတ်ထားတယ်၊ ဘီလျံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာပေါင်းများစွာကစာတွေကိုလည်းဖတ်ထားတယ်၊ ဝီကီပီးဒီးယားမှာရှိတဲ့ ဘီလျံချီ တဲ့အချက် အလက်တွေကိုလည်းမှတ်သားထားတယ်။ ဘယ်လောက်အထိတောင် မှတ်သား ထားလဲဆိုရင် 2021 ခုနှစ်၊ ဇွန်လအထိ အင်တာနက်မှာရှိသမျှ သိမှတ်ဖွယ်အကုန်လုံးကို အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် မှတ်သားထားပြီးဖြစ်တယ်။ ဒီလိုအချက်အလက်တွေ မှတ်သားဖို့ကို GPT 3.5 model ကိုလေ့ကျင့်ပေးထားတယ်။

အခုလိုအဖိုးတန်ပညာဗဟုသုတရတနာသိုက်ကြီးကို အခကြေးငွေမယူဘဲ လူတွေရဲ့ လက်ထဲကိုထည့်ပေးပြီးတဲ့နောက်မှာလည်း ChatGPT ကို အသုံးပြုသူပေါင်းများစွာနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ဖို့ လေ့ကျင့်ပေးထားသလို သူ့ရဲ့အရည်အသွေးတွေ တိုးတက်လာစေဖို့ လူသားတွေရဲ့ကြီးကြပ်မှုနဲ့အတူ ထိန်းကျောင်းပေးထားတယ်။

ChatGPT အသုံးပြုခြင်းရဲ့အကျိုးရလဒ်ကတော့ အံ့ဩဖွယ်ပါပဲ။ ChatGPT ရဲ့စာရေး စွမ်းရည်ဟာ လူသားအများစုထက်တောင်ပိုကောင်းနေတာတွေ့ရတယ်။ ဘယ်လို အကြောင်းအရာမျိုးကိုမဆို မီလီစက္ကန့်ပိုင်းအတွင်း ခလုပ်လေးတစ်ချက်နှိပ်လိုက်ယုံနဲ့တင် ရေးသားပေးနိုင်စွမ်းရှိပြီး လူသားစာရေးဆရာတစ်ဦးကရေးထားတာလားလို့ခွဲရခက်၊ ခန့်မှန်းရခက်လောက်အောင်ကောင်းမွန်တဲ့ အရေးအသားပုံစံမျိုးကို ChatGPT ကပေးစွမ်း နိုင်ပါတယ်။ ကျိုးကြောင်းဆီလျော်တဲ့ဆွေးနွေးချက်တွေကို ထုတ်ပေးနိုင် ယုံတင်မကဘဲ အကြောင်းအရာနိဂုံးချုပ်ဖို့အတွက် အဓိကအချက်အလက်တွေကိုတောင် ရေးပေးနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့စာသားတည်ဆောက်ထားတာတွေ၊ ဆက်စပ်တွေးခေါ်ရေးသားထားတာ တွေဟာ လူသားတွေကတောင်ပြန်ပြီး လေးစားဖွယ်ပါပဲ။

သင်ပြောဆိုလိုက်တဲ့စကားတွေကို မှတ်မိနေယုံတင်မကဘဲ သင်မေးလိုက်တဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ချဲ့ထွင်ကာ ပြန်ဖြေပေးပါတယ်။ ကိုယ်ရေးခိုင်းလိုက်လို့ ထွက်လာတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ကျေနပ်မှုမရှိသေးရင် ပြန်ပြင်ပြီး ရေးခိုင်းတာမျိုး၊ ပိုကောင်းအောင်ရေးဖို့ကိုလည်း ခိုင်းနိုင်ပါသေးတယ်။

ChatGPT ရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ပြီး ဖော်ပြပေးသွားပါမယ်။

ဥာဏ်​ဝေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ကာ လူသားတို့တင်ထားသော စံချိန်ကို ချိုးဖျ-က်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက စက်ရုပ်နည်းပညာတွင် အလျင်အမြန်တိုးတက်နေမှုကို ပြသရာရောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလက တရုတ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး စက်ရုပ် မာရသွန်ဝက်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည်။ ပထမအကြိမ်ပြိုင်ပွဲတွင် စံချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရခဲ့သောစက်ရုပ်၏...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု နံနက် ၆ နာရီ ၃၈ မိနစ် ၂၆ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို ကန့်ဘလူမြေငလျင်စ ခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇ လဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားပြည်ထဲရေးဝန်ကြီး မြောက်ကိုရီးယားသွား

ရုရှားပြည်ထဲရေးဝန်ကြီးသည် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေးကို ဆွေးနွေးရန် မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့ကြောင်း အင်္ဂါနေ့က ရုရှားသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဗလာဒီမာ ကိုလိုကော့လ်ဆက်ဗ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အလုပ်သဘောခရီးစဉ်အဖြစ် ယမန်နေ့တွင် ပြုံယမ်းသို့ ရောက်ရှိခဲ့သည်ဟု ရုရှားနိုင်ငံပိုင် တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဝန်ကြီးသည် မြောက်ကိုရီးယားပြည်သူ့လုံခြုံရေးဝန်ကြီး Pang Tu-sop နှင့် ဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးမည်ဟု သတင်းတွင် ဖော်ပြထားသည်။ ကိုလိုကော့လ်ဆက်ဗ် ရောက်ရှိလာမှုကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကလည်း အတည်ပြုခဲ့ပြီး ၎င်း၏ ခရီးစဉ်သည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071