Thursday, May 14, 2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...
HomeCelebrities' Newsသိပ်တော်တဲ့ အဆိုရှင် ဖြစ်ချင်တယ်ဆိုသူ...

သိပ်တော်တဲ့ အဆိုရှင် ဖြစ်ချင်တယ်ဆိုသူ စံထိပ်ထားဦး

လက်ရှိမှာ အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦး ကတော့ အသက် ၁၅ နှစ်အရွယ်ထဲ ရောက်ရှိနေပြီး သူဟာ အနုပညာနဲ့ပတ်သက်ပြီး သရုပ်ဆောင်ပိုင်းရော၊ ဂီတပိုင်းရော စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ စံထိပ်ထား ဦးက လတ်တလောမှာတော့ သရုပ်ဆောင်ပိုင်းအနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေပြီး အဆိုပိုင်းနဲ့ ပတ်သက်လို့ သီချင်းတွေလည်း သီဆိုဖို့ လေ့ကျင့်နေ တယ်လို့ သိရပါတယ်။ လူငယ်တစ် ယောက်ဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ မျှော်မှန်းထားလဲလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ စံထိပ်ထားဦးက …

”အရင်ဆုံးတော့ ထိပ်ထိပ်စာမေးပွဲ အရင်အောင်မြင်အောင်ဖြေဆိုရမယ်။ စာမေးပွဲ အောင်မြင်ပြီးမှ ကိုယ်လုပ်ကိုင်ချင်တဲ့ အရာတွေကို ဆက်လုပ်ကိုင်လို့ရမှာ။ ဒါပေမဲ့ စာမေးပွဲဖြေဆို ပြီးသွားရင်တော့ သရုပ်ဆောင်ရော၊ ဂီတပိုင်းမှာရော စွယ်စုံရတဲ့ အနုပ ညာ ရှင်တစ်ယောက်ဖြစ်ချင်တယ်။ တကယ်လို့ အဲဒီလိုမျိုးမလုပ်နိုင်ရင်တော့ အဆိုပိုင်းပဲ အဓိကထားလုပ်ကိုင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ထိပ်ထိပ်ကမေမေ့သွေးပါလို့လား မသိ ဘူး။ အနုပညာကို တော်တော် ချစ်တယ်။ နောက်ပိုင်း စာမေးပွဲဖြေဆိုပြီးလို့ အနုပညာအလုပ်တွေ လုပ်ကိုင်တော့မယ်ဆိုရင် ထိပ်ထိပ်ရဲ့ အနုပညာရည်မှန်းချက်က ထိပ်ထိပ်က သီချင်းဆိုတာ ဝါသနာပါတယ်။ စန္ဒရားတီးတာဝါသနာပါတယ်။ အဲဒီလိုမျိုး ထိပ်ထိပ်က သီချင်းဆိုတာတွေ၊ စန္ဒ ရားတီးတာတွေလုပ်နေရရင်ကို ပျော်နေတာ။ ငါဒါလုပ်လည်း ဘာဖြစ်မယ်၊ ဘာဆုရမယ်ဆိုပြီး မမျှော်မှန်းဖူးဘူး။ ဆုရရင်တော့အကောင်းဆုံးပေါ့။ မရရင်လည်း ဒီအတိုင်းပဲ။ သီချင်း ဆိုနိုင် မယ်ဆိုရင်လည်းရပါပြီ။ အနုပညာရည်မှန်းချက် ဆိုပြီးတော့ ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမဲ့ ထိပ်ထိပ်က သရုပ်ဆောင်နဲ့ ဂီတမှာ ဂီတကို ဝါသနာပိုပါတယ်။ အဲဒီအတွက် တကယ်လို့ အရွယ်ရောက်လာရင်လည်း သိပ်တော်တဲ့ အဆိုရှင်တစ်ယောက် ဖြစ်ချင်ပါတယ်”လို့ စံထိပ် ထားဦးက ပြောပါတယ်။

မေမေကလည်း ပရိသတ်အများအပြားက ချစ်ကြတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ် တဲ့အတွက် မေမေ့ကို အားကျတဲ့အပိုင်းကောရှိလားလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ စံထိပ် ထားဦးက …

”မေမေ့ကို အလွန်အားကျတယ်။ မေမေကထိပ်ထိပ်ရဲ့ Idol ပါပဲ။ မေမေကချစ်ဖို့လည်း ကောင်း တယ်။ တစ်ခါတလေကျရင် ထိပ်ထိပ်ကို ဆူနေတဲ့အခါကျရင် ပိုချစ်ဖို့ကောင်းတယ်။ မေမေ့လို တော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071