သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာ-ရုရှားနှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရန် ရုရှားနိုင်ငံ၊ Moscow Engineering Physics Institute (MEPhI)၌ တက္ကသိုလ်မှ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရုရှားနိုင်ငံတွင်ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ အမှာစကားပြောကြားပြီး လိုအပ်သည်များကိုဖြည့်ဆည်းပေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အဏုမြူသီ တင်းပတ်ဖိုရမ်-၂၀၂၅ သို့တက်ရောက်ပြီး နိုင်ငံပေါင်း (၁၀)နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် Hackathon ပြိုင်ပွဲအား မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
