Friday, May 1, 2026

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...
HomeCelebrities' Newsသားဖြစ်သူကို အေးချမ်းစေချင်တာကြောင့် သာသနာ့ဘောင်...

သားဖြစ်သူကို အေးချမ်းစေချင်တာကြောင့် သာသနာ့ဘောင် ဝင်စေချင်တဲ့ မယ်လိုဒီ

MIN_8530

သရုပ်ဆောင် မယ်လိုဒီကတော့ တစ်ချိန်က သူမကို မုန်းတဲ့သူတွေရဲ့ စကားသံကို နားထောင်ပြီး အနု ပညာအလုပ်ကို ဆက်မလုပ်ဘဲ နားခဲ့တယ်လို့ သိရပါ တယ်။ ဒါပေမဲ့ အခု အချိန်မှာ သူမကိုဝေဖန်သူတွေ ကို စိတ်မဝင်စားတော့ဘဲ အနုပညာအလုပ်ကို ဆက်လုပ်နေ တာဖြစ်ပြီး သားဖြစ်သူ သိဒ္ဓိစစ်ကို ဝေဖန်ခံရတာကို လည်း အခုလိုပြောပြပါတယ်။

အစ်မကတော့ ဒါနဲ့ပတ်သက် ပြီးတော့ စိတ်ထဲ သိပ်မထားပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ နော်။ အစ်မတုန်းက ကိုယ့်ကိုချစ်တဲ့ သူရှိတယ်။ မုန်းတဲ့ သူလည်း ရှိတယ်။ မုန်းတဲ့လူတွေရဲ့ အသံကိုပဲ နား ထောင်ပြီးတော့ အစ်မဇာတ်ကားရိုက် တွေ နားလိုက် တာလေ။ ရုပ်ရှင်အလုပ်ကို ဆက်မလုပ်ဘဲ နားလိုက်တာ။   သားမှာတော့ အစ်မအဲဒီလို အဖြစ်မခံပါဘူး။ အစ်မ ကိုယ်ဝန်နဲ့တုန်းက ဘယ်လောက် ပက်ပက်စက်စက် ပြောခဲ့လဲဆိုတော့ ဒီကလေးက မွေးလာရင် မုဒိန်းကောင် ဖြစ်မှာလို့ အပြောခံခဲ့ရတယ်။ အစ်မက ဒါနဲ့ပတ်သက်ပြီး ဒါက မိခင်တစ်ယောက်ရဲ့ ပြုစုပျိုးထောင်ပုံ ကွာသလို ကလေးရဲ့ အတိတ်ကုသိုလ်ကံက ပါလာပြီးသားပါ။ အဲဒီလူတွေ ပြောတိုင်းသာ ဖြစ်ရမယ်ဆိုရင် ဘယ်လွယ် မလဲ။ အခုသားကို ချစ်တဲ့သူတွေကများတယ်။ ကလေး ဆိုတော့ ဖြူစင်တယ်။ ရိုးသားတယ်။ သူ့ကိုချစ်တဲ့ သူတွေရဲ့ အသံကိုပဲ နားထောင်တယ်။ တချို့ အစ်မကို မုန်းလို့ပြောရင်တောင် ပြောလိမ့်မယ်။ သားကိုမွေးပြီးတဲ့ အချိန်မှာ သားကိုမုန်းတယ်လို့ ဘယ်သူ့ဆီကမှ မကြား ရဘူး။ အစ်မကတော့ သူ့ကို လူကောင်းသူကောင်း ဖြစ်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ပြီးတော့ အစ်မသူ့ကို ဖြစ်စေချင်တာကတော့ သာသနာ့ဘောင်မှာပဲ အေး အေးချမ်းချမ်းနေစေချင်တယ်။ ဒါပေမဲ့ အစ်မသူဖြစ် ချင်တာကိုပဲ ပံ့ပိုးပေးမှာပါ။ ဘာကြောင့် သာသနာ့ ဘောင်မှာ နေစေချင်လဲဆိုတော့ သူ့ကို အေးချမ်းစေချင် တယ်။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း အေးချမ်းစေ ချင်တယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တိုက်နေလို့ ဗီဒီယိုဇာတ် ကားတွေ မရိုက်ကူးဖြစ်တဲ့ သရုပ်ဆောင် မယ်လိုဒီက ကာရိုက်တာ ရွေးချယ်မှုတွေ မပြုလုပ်ဖြစ်ဘူးဆိုတဲ့ အ ကြောင်းကို…

“အစ်မအနေနဲ့ ဗီဒီယို ရိုက်စရာတွေတော့ မရှိဘူး။ မရှိဘူးဆိုတာက အစ်မကိုမခေါ်တော့ မရိုက်ဖြစ် ပါဘူး။ လာခေါ်တဲ့ အချိန်ကျတော့ ရုပ်ရှင်ဇာတ် ကားတွေနဲ့ တိုက်နေလို့ မရိုက်ဖြစ်ပါဘူး။ ကာ ရိုက်တာကိုတော့ ကိုယ့်ကိုလာပေးတဲ့ ကာရိုက် တာအပေါ်မှာ အကောင်းဆုံး ကြိုးစား သရုပ် ဆောင်မယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ လာ ခေါ်သူတွေကလည်း အစ်မနဲ့ လိုက်ဖက် မယ့် ကာရိုက်တာမျိုးတွေပဲဆိုတော့ ကာ ရိုက်တာ ရွေးချယ်စရာ မလိုပါဘူး” လို့ ဆိုပါတယ်။

အခု လတ်တလောမှာ သရုပ်ဆောင် မယ်လိုဒီ က ‘ဂန္တဝင်အငြိုး’ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူး နေတာဖြစ်ပြီး ကြော်ငြာ တွေလည်းရိုက်ကူးဖို့ရှိ တယ်လို့ သိရပါတယ်။ စက်တင်ဘာလထဲမှာ မွေးနေ့အနေနဲ့ မန္တလေး၊ မေမြို့သွားဖို့ရှိပါတယ်။ မွေးနေ့ အလှူကိုလည်း မေမြို့မှာပဲ ဆရာတော်ဘုရား ကြီးတွေကို ဆွမ်းကပ်အလှူပြုလုပ်မယ် လို့ သိရပါတယ်။

  ချယ်ရီ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071