Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsသားဦးလေးအတွက် ဘန်ကောက်မှာ ဈေးဝယ်ထွက်ခဲ့တဲ့...

သားဦးလေးအတွက် ဘန်ကောက်မှာ ဈေးဝယ်ထွက်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ

thizar2

သဉ္ဇာနွယ်ဝင်းတို့ ဇနီး မောင်နှံက နိုဝင်ဘာလ ကုန်၊ ဒါမှမဟုတ် ဒီဇင်ဘာလမှာ မွေး ဖွားတော့မယ့် သားဦးလေး အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မကြာခင်က ဘန်ကောက်မြို့မှာ သွားရောက်ဝယ် ယူခဲ့ပါတယ်။ သားဦးလေးအ တွက် ကြိုတင်ပြင်ဆင် မှုတွေနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်း က…

“ကိုယ်ဝန်နုသေးတုန်းက ကလေးပစ္စည်းတွေ မဝယ်ဖို့ အမေနဲ့ ယောက္ခမက ပြောတယ်။ အခုကျ တော့ ကိုယ်ဝန်လည်းရင့်လာပြီ။ နောက်လေးလ လောက်ဆို မွေးတော့မှာဆိုတော့ အမျိုးသားနဲ့ သွား ဝယ်ဖြစ်တာပါ။ ဟိုမှကျတော့ ပစ္စည်းက နည်းနည်း ရွေးလို့ပို ကောင်းတယ်။ ပစ္စည်းတော်တော်များများ တော့ ဝယ်ပြီး သွားပြီ။ အနှီးတွေကတော့ ဒီမှာပဲ ဝယ်မယ်”လို့ ပြောပါတယ်။

ကိုယ်ဝန်၆လကျော်ရှိနေပြီဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းက ကိုယ်ဝန် ရင့် လာတာနဲ့အမျှ အစားအသောက် အနေအ ထိုင်အစစ အရာရာ ပိုဂရု စိုက်ဖြစ် ကြောင်း ပြောပါတယ်။

thinzar1

“အခုဆိုရင် ကလေးကဗိုက်ထဲမှာ အရမ်းကန်တာ။ အဲဒီလိုကန်ရင် သဉ္ဇာရော၊ သဉ္ဇာ့အမျိုးသားရော ဗိုက်ကို ကိုင်ကြည့်တာ၊ ပီတိဖြစ်မိပါတယ်။ သားကိုလည်း အရမ်း တွေ့ချင်နေပါပြီ။ အစားအသောက်က ဝမ်းလျှောတဲ့အစား အစာတွေ မစားဖြစ်ဘူး။ တစ်ခါတလေဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ကိုယ်ကြိုက်တဲ့ အစားအစာတွေ ရှိတယ် လေ။ အဲဒီလိုအစားအစာတွေကို အရင်တုန်းက စားပေမယ့်  အခုကိုယ်ဝန်ရှိလာတော့ ကိုယ့် ကလေး အတွက် မကောင်းမှာစိုးလို့ မစားဖြစ်ဘူး”လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ မလုပ်ဖြစ်တော့ပေမယ့် မကြာခင်က ကြော်ငြာရိုက်ကူးခဲ့တဲ့ သဉ္ဇာ နွယ်ဝင်းတို့ ဇနီး မောင်နှံက သားလေးမွေးပြီးရင်လည်း ကြော်ငြာရိုက်ကူးဖို့ရှိ ပြီး ဒီကြားထဲမှာတော့ ရိုက်ကူးဖို့ လက်ခံထားတာမရှိ ကြောင်း ပြောပါတယ်။

“သဉ္ဇာကြော်ငြာရိုက်ကူးဖြစ်ခဲ့တာက မိသားစု ကြော်ငြာ လေးလည်း ဖြစ်တယ်။ ကိုယ့်အမျိုးသားနဲ့ လည်း အတူတူ ရိုက်ကူးခွင့်ရခဲ့တဲ့အတွက် သဉ္ဇာလက်ခံဖြစ်သွားတာပါ။ သား သားမွေးပြီးရင် ဒီကြော်ငြာနဲ့ပဲ ရိုက်ကူးဖို့ရှိပါတယ်။ သားလေးအတွက် အမှတ်တရပိုဖြစ်သွားပါတယ်။ နောင် တစ်ချိန် ကိုယ်အသက်ကြီးလာလို့ ပြန်ကြည့်တဲ့အခါမှာ ကိုယ့်မိသားစုလေးနဲ့ ရိုက်ကူးထားတော့ အမှတ်တရ ပို ဖြစ်သွားတာပေါ့။ အခြားအနုပညာအလုပ်တွေတော့ မလုပ်ဖြစ်တော့ပါဘူး”လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071