Thursday, June 25, 2026

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု...

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး...

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း...

အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌...

နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်၍ ပျိုးပင် ၃,၀၀၀ စိုက်ပျိုး ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန်...
HomeCelebrities' Newsသရုပ်ဆောင် မင်းရာဇာနှင့်ဇနီး အပါအဝင်...

သရုပ်ဆောင် မင်းရာဇာနှင့်ဇနီး အပါအဝင် (၃) ဦးကို  အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၅)နှစ်စီချ

သက်ငယ်မုဒိမ်းမှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် တရားစွဲခံထားရသည့်  သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်နှင့် မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) စီချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ (၃) ဦးအား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က မြောက်ဥက္ကလာပတရားရုံးကနေအလုပ်ကြမ်း နှင့် ထောင်ဒဏ် (၅) နှစ်စီ ချလိုက်ခြင်းဖြစ်ကြောင်း နစ်နာသူဖက်မှ လိုက်ပါဆောင်ရွက်နေသည့် ဒေါ်နော်အုန်းလှထံမှ သိရသည်။

သရုပ်ဆောင် မင်းရာဇာသည် ၎င်း၏အိမ်မှအိမ်အကူ အမျိုးသမီးငယ်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခဲ့သည့်အပြင် အပြင်းအထန် နာကျင်စေမှုတို့ကြောင့် ၂၀၂၀ ခုနှစ်က တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင် မင်းရာဇာ ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်နှင့် မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့မှာ ကရင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ဖမ်း‌ဆီး ထိန်းသိမ်းကာ သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်။

မတ်လ (၁၃) ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးက သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူ အပါအဝင် (၃) ဦးကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နစ်နာသူဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ဒေါ်နော်အုန်းလှက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

“ကျွန်မတို့ အမျိုးသမီးအဖွဲ့က နစ်နာသူမိန်းခလေးဘက်မှ အကူအညီပေးနေတဲ့ မင်းရာဇာအမှုမှ အမှုတစ်ခုကို ဒီနေ့ အမိန့်ချလိုက်ပါပြီ။ ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုနဲ့ မြောက်ဥက္ကလာပတရာရုံးကနေ မင်းရာဇာ၊ ၄င်း၏ အမျိုးသမီးဖြစ်သူ ဖူးငုံပွင့် နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး(ခ)ရခိုင်လေးတို့ကို အလုပ်ကြမ်းနှင့်ထောင် ဒဏ် (၅) နှစ်ချလိုက်ပါတယ်” ဟု ဒေါ်နော်အုန်းလှက ဆိုသည်။

သရုပ်ဆောင် မင်းရာဇာအား သက်ငယ်မုဒိန်းမှုဖြင့် စွဲဆိုထားသည့်အမှုမှာ ခရိုင်တရားရုံးတွင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း ဒေါ်နော်အုန်းလှက အသိပေးပြောကြားထားသည်။

အဆိုပါ အမှုများအား ၂၀၂၁ ခုနှစ်အတွင်းက အမှုပိတ်သိမ်းခဲ့သည့်အတွက် နစ်နာသူဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူများက အမှုအားမပိတ်သိမ်းသင့်ကြောင်း တ ရားရုံးသို့ လျှောက်ထားခဲ့ရာ တရားရုံးမှ လက်ခံခဲ့ပြီး ပြန်လည်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု ကျူးဘားသမ္မတစွပ်စွဲ

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။ "ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်" ဟု ၎င်းက X (ယခင်...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး ခန့်အပ်ရေးကို ထိုင်းဝန်ကြီးချုပ် ပယ်ဖျက်

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်သည် ဇွန် ၂၅ ရက် နံနက်ပိုင်းက အစိုးရအိမ်တော်၌ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ စာမေးပွဲလိမ်လည်မှုအရှုပ်တော်ပုံကို ဆွေးနွေးခဲ့ပြီး စာမေးပွဲကျင်းပပုံ လုပ်ငန်းစဉ်မှာ ဥပဒေနှင့်မညီညွတ်သဖြင့် ထုတ်ပြန်ထားသည့် အောင်စာရင်းကို ပြန်လည်ရုပ်သိမ်းရမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး ခန့်အပ်ရန် စာမေးပွဲကျင်းပခဲ့သည်။ သို့သော် ဇွန်...

အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်အတွက် နိုင်ငံတော်အဆင့် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ၌ ပြောကြားခဲ့သည်။ သစ်တောနှင့် သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက “နိုင်ငံတော် သာယာဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071