Wednesday, June 24, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeCelebrities' Newsသရုပ်ဆောင်သစ် မိုးယသော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့...

သရုပ်ဆောင်သစ် မိုးယသော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကား

mmm

သရုပ်ဆောင်သစ် မိုးယသော် က ‘ည’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ မိုးယသော်က ခေတ်ဆန်ဆန် ကောင်မလေး တစ်ယောက်နေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ သူမအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ဒီဇာတ်ကားအပေါ်မှာအားရကျေနပ်မှုရှိလား ဆိုတဲ့မေးခွန်းကို မိုးယသော်က……..

“အပြည့်အဝ ကျေနပ်အားရ မိပါတယ်။ ရိုက်ကူးနေစဉ်မှာလည်း အပြည့်အဝ ကျေနပ်မှု ရှိပါတယ်။တချို့ ဇာတ်ဝင်ခန်းတွေအတွက်လည်း ပရိတ်သတ်ဝေဖန်မှာတို့၊ ဘာတို့ကို မစိုးရိမ်ခဲ့ပါဘူး။ညီမ အနေနဲ့ ဒီသရုပ်ဆောင် အနုပညာအပေါ် ရူးသွပ်မှုကို ချပြရတဲ့အတွက် စိုးရိမ်မှုမရှိပါဘူး” လို့ မိုးယသော်က ပြောပါတယ်။

မိုးယသော်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘ည’ ဇာတ်ကား အပေါ်မှာ သရုပ်ဆောင် တစ်ဦး အနေနဲ့ ဖြစ်သလို ဒီဇာတ်ကားရဲ့ ပရိတ်သတ်တစ်ဦးလည်း ဖြစ်တယ် လို့  ပြောပါတယ်။

“ညီမဒီဇာတ်ကားကို ကြည့်တဲ့အခါ ပရိသတ်တစ်ယောက်အနေနဲ့ အလွန် ပဲသဘောကျမိပါတယ်။ ညီမတို့  အနုပညာမောင်နှမတွေ စုစည်းပြီး ကြိုးစားထားတာဖြစ်တဲ့အတွက် အားရကျေနပ်မှုရှိပါတယ်။ ဒီဇာတ် ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပါပဲ။ အခက်အခဲ အနေနဲ့ကတော့ မရှိပါဘူး။ ဒါရိုက်တာကလည်း ဒါမရိုက်ကူးခင်မှာ တစ်နှစ်ကြိုပြီး လေ့ကျင့်ပေးထားတဲ့အတွက် အဆင်ပြေပါတယ်။ ဒီဇာတ် ကားက ညီမဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဇာတ်ကား တစ်ကားပါ” လို့  မိုးယသော်က ပြောပါတယ်။မိုးယသော်က လက်ရှိမှာတော့ ကြော်ငြာရိုက်ကူးမှု၊ ဓာတ်ပုံရိုက် ကူးမှုတွေလည်း လက်ခံထားပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်လောကထဲမှာ သရုပ် ဆောင်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ပြောပါ တယ်။

P-054

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071