Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesသမ္မတသစ်ကြီး နဲ့ ခြားနားတဲ့ရလဒ်မျှော်လင့်ချက်များ

သမ္မတသစ်ကြီး နဲ့ ခြားနားတဲ့ရလဒ်မျှော်လင့်ချက်များ

အလုပ်က ကိုယ့်စားပွဲရှေ့က နံရံမှာ၊ ကိုယ့်ရှေ့ကအလုပ်လုပ်သွားတဲ့လူကပ်သွားတယ်ထင်တာ ပါပဲ။ နေ့စဉ်အလုပ်စားပွဲရှေ့မှာ မြင် နေတာ တစ်နှစ်ကျော်ရှိပြီ။ မနေ့က မှ ဒါလေး ဓာတ်ပုံရိုက်ပြီး ရေးချင်တာ လေးရှိလာလို့ချရေးလိုက်မိတာပါ။

အဖွဲ့အစည်း ရူးသွပ်မှုဆိုတာ က ဒါကြီးပဲ ထပ်ခါထပ်ခါလုပ်ပြီး ခြားနားတဲ့ ရလဒ်လည်းလိုချင်တာကို ဆိုလိုတာပါ။ ဒါပေမဲ့ တကယ်ခြား နားတဲ့ ရလဒ်တွေရချင်ရင်တော့ ဒါ တွေကို ထပ်ခါထပ်ခါလုပ်ပါလို့ ဆို တားတာဖြစ်ပါတယ်။

– တန်ဖိုးတက်မယ့် ဘာတွေကို
ဆက်လုပ်မှာလဲ၊
– တန်ဖိုးမဲ့တဲ့ဘာတွေကိုမလုပ်ဘဲရပ်
လိုက်မှာလဲ၊
– တန်ဖိုးရှိလာမယ့် ဘာတွေကို
စလုပ်မှာလဲ၊
– ဘယ်လိုတိုင်းတာပြီး၊ ဘယ်သူ့ကို
တာဝန်ခံမှာလဲ။

ဒီက ကုမ္ပဏီတွေမှာကတော့ တစ်ခုနဲ့တစ်ခု စီမံခန့်ခွဲမှုနည်းနာ ပိုင်းသာ ကွာချင်ကွာမယ်။ ကိုယ့် ကုမ္ပဏီတန်ဖိုးတက်အောင်၊ အမြတ် များများကျန်အောင် ပြိုင်ဆိုင်မှုအ လွန်များတဲ့ ဈေးကွက်အတွင်းမှာအ သည်းအသန် ကြိုးစားရုန်းကန်ကြရ တာပါပဲ။

အဖွဲ့အစည်းတစ်ခုရဲ့ ရည်မှန်း ချက်တွေကို အချိန်တိုတိုနဲ့ ထိထိ ရောက်ရောက်အောင်မြင်ဖို့အတွက် အောက်ပါစီမံခန့်ခွဲမှုလုပ်ငန်း ဆောင်တာ ၄ ခုနဲ့ အကောင်အထည် ဖော်ကြတာများပါတယ်။

(၁) planning လို့ဆိုတဲ့အနာဂတ် မှာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် တွေကို ဘယ်လိုရောက်အောင် စွမ်း ဆောင်မယ်ဆိုတာအတွက် ကြိုတင် စီမံချက်ရေးဆွဲတာ၊

(၂) organising လို့ခေါ်မယ့် တာဝန် ခွဲဝေပေးအပ်တာ၊ သက် ဆိုင်ရာတာဝန်အလိုက် ဌာနတွေကို ခွဲဝေပေးအပ်တာ ဖြစ်ပါတယ်။

(၃) leading လို့ခေါ်မယ့် ခေါင်း ဆောင်မှုကတော့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အတွက် ခေါင်းဆောင်မှု၊ သြဇာနဲ့ အရှိန်အဝါကိုသုံးပြီး ဝန်ထမ်းတွေကို တွန်းအားပေးရမှာဖြစ်ပါတယ်။

(၄) controlling ကတော့ရည်မှန်း ချက်ပန်းတိုင်ကို ရောက်အောင် လုပ်နေသလား၊ မလုပ်ဘဲ နေသလား ဆိုတာ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှု တွေကို စောင့်ကြည့်လေ့လာပြီး လိုအပ်တဲ့အခါ တည့်မတ်ပြုပြင် ပေးတာဖြစ်ပါတယ်။

ဒီလုပ်ငန်းဆောင်တာ ၄ ခု လုံးဟာ မန်နေဂျာကောင်းတစ် ယောက်နဲ့ တစ်သားတည်းရှိနေရမှာ လည်းဖြစ်ပါတယ်။ မန်နေဂျာကောင်း တစ်ယောက်အနေနဲ့ကလည်း

(၁) conceptual skills လို့ ခေါ်တဲ့ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအားလုံး ကို ဆက်စပ်ဆောင်ရွက်တာ၊ တစ်စုံ လုံးရဲ့ ရုပ်လုံးကိုရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုရှိတဲ့သူဖြစ်ခြင်း၊တစ်နည်း အားဖြင့် ရေရှည်အကျိုးအတွက် အမြင်ကျယ်ကျယ်နဲ့ မဟာဗျူဟာကျ ကျတွေး ခေါ်နိုင်တဲ့သူဖြစ်ခြင်း၊

(၂) human skills ကတော့ တစ်ဦး ချင်းစီနဲ့ရောအစုအဖွဲ့နဲ့ပါ ထိထိ ရောက်ရောက် အလုပ်လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့သူ။ တစ်နည်းအား ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တွန်းအား ပေးနိုင်တဲ့သူ၊ အငြင်းပွားစရာတွေရှိ တဲ့အခါ ဖြေရှင်းပေးနိုင်တဲ့အရည် အချင်းရှိတဲ့သူဖြစ်ခြင်း၊

(၃) technical skills ဆိုတဲ့ပညာရပ် ဆိုင်ရာ တစ်ခုချင်းစီကိုလည်းအထူးကျွမ်းကျင်မှုရှိတဲ့အရည်သွေးတွေနဲ့ ပိုင်းခြားသုံးသပ်နိုင်တဲ့ အရည်အချင်း တွေရှိတဲ့သူဖြစ်ခြင်း စတဲ့ကျွမ်းကျင်မှု တွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေသာ ကုမ္ပဏီတစ်ခုရဲ့ ထိပ်ပိုင်းရာထူးနဲ့ မန်နေဂျာရာထူးတွေကို ရရှိကြတာ များပါတယ်။

ကျွန်တော် အရင်အလုပ်မှာ တုန်းက ၇ နှစ်လောက်အတွင်း ပြောင်းလိုက်တဲ့ စီအီးအို၊ အော်ပရေး ရှင်းမန်နေဂျာ၊ တစ်ယောက်ပြောင်း ရင် စီမံခန့်ခွဲမှုပုံစံပြောင်း၊ ဟိုအစီ ရင်ခံစာတောင်း၊ ဒီအစီရင်ခံစာလို ချင်တယ်ပြောနဲ့ ကုမ္ပဏီရဲ့ စွမ်း ဆောင်မှုတက်အောင်လုပ်တာကြည့် ပြီး တော်တော်လည်းအားကျအတုယူ ခဲ့ဖူးတယ်။ စီအီးအိုဖတ်ချင်တဲ့ အစီ ရင်ခံစာလေးတစ်ခုက ကုမ္ပဏီမှာရှိ တဲ့မန်နေဂျာအားလုံး၊ ရုံးဝန်ထမ်း အားလုံး၊ စက်ရုံအလုပ်သမားအားလုံး နဲ့ နောက်ဆုံးသန့်ရှင်းရေး ဝန်ထမ်း အဆုံး အလုပ်ပိုလုပ်အောင်၊ ပိုပြီးဖိ အားပေးလာတာ၊ စေ့စပ်ပြီး ထောင့် စေ့အောင်လုပ်ထားတာတွေ့တော့ အတွေ့အကြုံ မရင့်ကျက်သေးတဲ့ ကိုယ့်အတွက် အံ့သြစရာတွေ ဖြစ်ခဲ့ ဖူးပါတယ်။

သတ်မှတ်ပေးထားတဲ့တာဝန် ပေးပြီးတော့ ပြီးပြီးရောထားတာ မျိုးမဟုတ်ဘဲ အပတ်စဉ်ကိုယ့်ရဲ့ လုပ်ငန်းရှင်ဆီမှာ လုပ်ငန်းပြီးစီးမှုကို အမြဲမပြတ်အစီရင်ခံ အကြောင်း ကြားပေးနေရတာဖြစ်ပါတယ်။ နီ ကြောင်ကြောင် သူငယ်ချင်းတစ် ယောက်ကိုတောင် ပြောမိသေးတယ်။

ဟေ့ကောင်ရေ၊ မင်းတို့ကွန်မြူနစ်တွေ ချေးပါရင်တောင် နည်းနာသိရမယ် ဘာညာတွေပြောမနေနဲ့။ အဖြူ ကောင်တွေက မင်းတို့ချေးပါရင် နည်းနာသိရမယ်ဆိုတာကို ပျင်း တောင် ပျင်းသေးတယ်” လို့ နောက် ပြောင်ပြောမိပါသေးတယ်။

ကုမ္ပဏီမှာ ဘာအားနည်းချက် တွေရှိနေလဲ၊ လက်ရှိအမြတ်တစ် ကျပ်ကနေ၂ကျပ်မြတ်ချင်တယ်။ ဘာတွေကိုပြုပြင်ပြောင်းလဲဖို့လိုမလဲ အစရှိသဖြင့်ထောက်ပြမယ့်၊ ကုမ္ပဏီ ရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ဘာတွေလုပ်သင့်လဲဆိုတာတွေကို ပြင်ပက business consultant စီးပွားရေးအတိုင်ပင်ခံတွေ ငှားပြီး တော့ လုပ်တာကိုလည်း ကိုယ်တွေ့ ကြုံခဲ့ဖူးပြီး အတော်သဘောကျ၊ အား ကျခဲ့တာပါ။ အလယ်အလတ်လောက် ပဲရှိမယ့် ကုမ္ပဏီတစ်ခုရဲ့ ထောင့်စေ့ အောင် စီမံခန့်ခွဲမှုတွေဟာ အတုယူ ချင်စရာပေါင်း မြောက်မြားစွာနဲ့ပါ။

ခုမြန်မာပြည်မှာ သမ္မတအသစ် တက်တော့ လူတွေက အုတ်အော် သောင်းတင်းအားပေးကြ။ သမ္မတ သစ်ကြီးက ကောင်းအောင်လုပ်မှာပဲ ပြောကြတော့ ကျွန်တော်ကတော့ ချီး မွမ်းဖို့စောပါသေးတယ်လို့ ပြောချင် ပါတယ်။ ကျွန်တော့် မျက်စိထဲမှာ တော့ သမ္မတကြီးကို စီအီးအို တစ်ယောက်လို မြင်ထားပြီးသူကဘာ စီမံချက်တွေချမှာလဲ၊ ဘယ်လိုလုပ် ထုံး လုပ်နည်းတွေရေးမှာလဲ၊ ရေး ထားတဲ့လုပ်ထုံးလုပ်နည်းတွေ အတိုင်းလုပ်၊ မလုပ် ဘယ်လိုစောင့် ကြည့်ပြီး ထိန်းချုပ်မှုတွေလုပ်မှာလဲ၊Business consultant လိုမျိုး နိုင်ငံတော်အဆင့်အတွက် ဆိုရင Think tank ပေါ်လစီပိုင်းဆိုင်ရာ အကြံပေးအုပ်စုတွေက ဘယ်လို လူမျိုးတွေနဲ့ လုပ်မှာလဲ၊ နောက် ၆ လ၊ တစ်နှစ်လောက်မှ သြော် သူက ဒီလိုစီမံခန့်ခွဲမှုနဲ့ ဒီလိုလုပ်လိုက်လို့ စီးပွားရေးဘယ်လို တက်သွားတယ်။ ဂျီဒီပီဘယ်လိုတက်သွားတယ်။ တရားဥပဒေစိုးမိုးမှု ဘယ်လိုကောင်း လာတယ်ဆိုတာတွေ အားပါးတရ ပြောချင်ပါတယ်။

သမ္မတစဖြစ်တဲ့နေ့က ပြော သွားတဲ့မိန်းခွန်းထဲမှာပါတဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေထဲမှာပါ တဲ့ ပထမဦးစားပေးအချက်ဖြစ်တဲ့

(၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ များရဲ့ လူမှု-စီးပွားဘဝ တိုးတက် မြင့်မားရေးဟာ လတ်တလောပြည်သူ တွေ အာသာငမ်းငမ်းတောင့်တနေတဲ့ အချက်လည်းဖြစ်တော့ သမ္မတကြီး ဦးစားပေးလုပ်ငန်းထဲမှာပါတော့ ပြည်သူတွေအတွက် မျှော်လင့်ချက် ကောင်းတစ်ခုဖြစ်ပါတယ်။

ကျီးလန့်စာစားဖြစ်နေရတဲ့ အခြေအနေတွေက နေရာတိုင်းမှာလို တွေ့နေရတော့ အဲဒီအခြေအနေတွေ ကိုလည်း သေသေချာချာထိန်းချုပ် ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် တော့ အရင်သမ္မတထက်စာရင် ပိုပြီး တော့ပြည်သူရဲ့ မျှော်လင့်ချက်တွေ မြင့်တက်သွားမှာဖြစ်ပါတယ်။ ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာန အားလုံးရဲ့ လုပ်ငန်းဆောင်တာ အား လုံးကို ကြီးကြပ်ခွင့်အာဏာရှိထားတဲ့ သမ္မတတစ်ယောက်အနေနဲ့သေသေ ချာချာ ကြပ်မတ်ဆောင်ရွက်မယ် ဆို ရင် တရားဥပဒေစိုးမိုးရေးကိစ္စက လည်း တိုးတက်ပြောင်းလဲလာအောင် လုပ်နိုင်မယ်လို့လည်း အကောင်းမြင် မိပါတယ်။

ဦးဝင်းမြင့်ဟာ အရင်က မန်နေ ဂျာကောင်းဖြစ်ခဲ့ဖူးသလား။

ပညာရှင်တွေကိုဘယ်လိုအသုံးချဆောင်ရွက်သွားမှာလဲ။ ဘာ ဘာ ညာညာတွေတွေးရင်း အကောင်း လည်းပြောဖို့ စောသလို အဆိုးလည်း မပြောချင်သေးပါဘူးလို့ ပြောချင်ပါ တယ်။

”သမ္မတ ဘယ်လောက်ပဲပြောင်း ရပြောင်းရ အောက်ကလူတွေ တစ် ချက်ကြည့်ပေး၊ အောက်မှာအများ ကြီး စုတ်ပြတ်နေတယ်။ ဝင်ငွေတွေ နဲ့ထွက်ငွေတွေမမျှကြဘူး။ ဟုတ် တယ်မဟုတ်လား။ အစိုးရကလစာ တွေတိုးပေးနေတာပဲ။ ဒါပေမဲ့ မလောက်ကြဘူး။ ကုန်ဈေးနှုန်းက အဓိက။ ကုန်ဈေးနှုန်းလေးချပေးလိုက် အားလုံးအဆင်ပြေသွားမယ်” ဆိုပြီး ဘီဘီစီနဲ့အင်တာဗျူးထားတဲ့ လတ် တလောအောက်ခြေပြည်သူ အများစု ကို ထင်ဟပ်နေတဲ့ အိမ်ရှင်မတစ် ယောက်ရဲ့ ရင်ဖွင့်ညည်းတွားခဲ့တာ လေးကို အမြန်ဆုံးဖြေရှင်းဖို့အတွက် သမ္မတကြီးအနေနဲ့ စီမံခန့်ခွဲမှု ကောင်းကောင်း၊ ဘယ်လိုမူဝါဒမျိုး တွေနဲ့ တက်ညီလက်ညီ လုပ်ဆောင် ပြီး အခြေခံပြည်သူတွေရဲ့ စားဝတ် နေရေးကို ဘယ်လိုဖြေရှင်းမလဲဆို တာ သမ္မတကြီးရဲ့လမ်းညွှန်မူဝါဒ မိန့်ခွန်းတွေကို ဆက်လက်ကြားချင် နေသေးသလို၊ နောက်နှစ် ဒီအချိန် လောက်မှာလည်း တိုးတက်မှု အခြေ ပြဇယားတွေပါမယ့် သမ္မတကြီးရဲ့ တစ်နှစ်ပြည့်မိန့်ခွန်းကို နားထောင်ဖို့ မျှော်လင့်နေမိပါတော့တယ်။

ချစ်ကို (မဲလ်ဘုန်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071