Monday, June 29, 2026

မိုးကုတ်မြို့နယ်၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် မီးပြန်ရ

မိုးကုတ်မြို့နယ်၌ ဇွန် ၂၈ ရက်တွင် နိုင်ငံတော်ဓာတ် အားစနစ်မှ လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မိုးကုတ်မြို့နယ်၌လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် 66/33/11kV (30+10)MVA မိုးကုတ်ဓာတ်အားခွဲရုံ(နန်းနွဲ့)နှင့်...

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက်...

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန်...

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက်...

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန်...

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို...

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန်...
HomeCelebrities' Newsသမီးလေး လဝန်းမေက ကုသိုလ်ထူးတယ်လို့ပြောရမယ်...

သမီးလေး လဝန်းမေက ကုသိုလ်ထူးတယ်လို့ပြောရမယ် အကယ်ဒမီ သက်မွန်မြင့်

ကိုစစ်နိုင်နဲ့ အကယ်ဒမီသက်မွန်မြင့်တို့က သမီးလေး လဝန်းမေရဲ့ တစ် နှစ်ပြည့်မွေးနေ့မှာ ကုသိုလ်အထူးအနေနဲ့ အောင်ဇဗ္ဗူဆရာတော်ဘုရား အမှူးထားပြီး ဘုရားတည် ဌာပနာထည့်သွင်း ကုသိုလ်ပြုလှူဒါန်းခြင်းကို ဒီဇင် ဘာလ ၁၄ ရက်နေ့က မှော်ဘီမြို့ အောင်ဇဗ္ဗူ တောရ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဘုရားမှာ လှူဒါန်းတဲ့ ဌာပနာ ပစ္စည်းများကတော့ သူတို့ရဲ့ရတနာပစ္စည်းတွေနဲ့အတူ ယခုနှစ်ရရှိတဲ့ အကယ်ဒမီရွှေကြယ် အပါ အဝင် နှစ်ဖက်မိဘတို့ရဲ့ရတနာပစ္စည်းများ ထည့်သွင်းလှူဒါန်းဌာပနာခဲ့ကြောင်းသိရပါတယ်။ဒီအလှူနဲ့ ပတ်သက်ပြီး သက်မွန်မြင့် က…

 “မွေးနေ့အလှူ လုပ်ဖြစ်တယ် ဆိုတာက မီးမီး ၆ လပြည့်မှာ အလှူငွေလည်း ထည့်လှူဖြစ်တယ်။ အဲဒီမှာ ဆရာတော်ကို လျှောက်တာပေါ့နော်။ ကျောင်းဆောင်လေး ဖြစ်ဖြစ် တစ်ခုခု လှူချင်ပါတယ်လို့ ဆရာတော်ကိုလျှောက်တာ ဖြစ်ချင်တော့ ဘုရားတည်ဖို့ ဖြစ်သွားတာပေါ့နော်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ နောက် ၆ လ ဒီတစ်နှစ်ပြည့်မှာဘုရားတည်တာလည်း အကောင် အထည် ဖြစ်သွားတယ်။ ဌာပနာထည့်သွင်းဖြစ်သွားတယ်ဆိုတော့ ဆရာတော် ကြီးကို လည်း ကျေးဇူးအများ ကြီးတင်ပါတယ်။ သမီးလေးကလည်း တကယ် သူ့ အကျိုးပေးက ဘုရားနဲ့ ပတ်သက်ပြီးအကျိုးပေးတယ်နဲ့တူပါတယ်။ သူမမွေး ခင်ကတည်းက သက်မွန် ရွှေစင်ရုပ်တုလေးရှိတာကြာပြီ။ ဒါပေမဲ့ မလှူဖြစ်ဘူး ပေါ့နော်။ မီးမီးလေးမမွေးခင်သူ့ကိုယ်ဝန်ရှိချိန်မှာသက်မွန်ပုဂံဘုရား အလို တော်ပြည့်ထီးတော်တင်ပွဲမှာ ရွှေစင်ရုပ်တုလေးတွေ၊ နောက်သက်မွန်မင်္ဂလာ လက်ဖွဲ့ရတဲ့ ရတနာလေးတွေကို လှူဖြစ်သွားတယ်။ အခုတစ်နှစ် ပြည့်မှာဘုရားဌာပနာထည့်သွင်းဘုရားတည်ဖြစ်သွားတယ်ဆိုတော့ ဒါမီးမီးလေးကကုသိုလ်ကံထူးတယ်လို့ ပြောရမယ်” လို့ပြောပါ တယ်။  အခုလို သမီးလေးရဲ့မွေးနေ့ အတွက် ဘုရားတည် ဌာပနာထည့်သွင်း လှူဒါန်းခွင့်ရတဲ့အတွက်ကြောင့် အတိုင်း မသိဝမ်းသာပီတိ ဖြစ်ရကြောင်းနဲ့ ဖခင်က သူမွေးနေ့လက်ဆောင်အဖြစ် ပေးထားတဲ့ အကယ်ဒမီ ရွှေကြယ်ကိုပါ ဌာပနာထည့်သွင်းလှူဒါန်းခဲ့ကြောင်းကို….

“သက်မွန်တို့ ချင်းတောင်မှာလည်း ဘုရားတည်ဖူးပါတယ်။ အဲဒီ တုန်းကတော့ နိုင်သလောက်လေး လှူဖြစ်တာပေါ့နော်။ ဒီမှာလို အုတ်စီတာကအစ ဂဃဏန မလှူဖူးပါဘူး။ ဒါပထမဆုံးဆိုတော့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဌာပနာတဲ့အထဲမှာလည်း မိသားစုတွေအကုန်လုံး သူတို့တန်ဖိုးထားတဲ့ အမွေ အနှစ်လေးတွေပါတယ်။သက်မွန်ဆိုလည်းဆုံးသွားတဲ့ အစ်ကိုရဲ့ပထမဆုံး လက်ဆောင် လေး ကိုသူ့အတွက်ရည်မှန်းပြီးလှူပေးခွင့်ရတယ်။ နောက်တစ်ခုကျတော့ အကယ်ဒမီ ရွှေကြယ်ပေါ့နော်။ တိုက်ဆိုင်တာ က သက်မွန်ရတဲ့ နေ့တုန်းကလည်း အဖေ့မွေးနေ့ ဖြစ်နေတော့ အဖေ့ကိုလက်ဆောင်ပေးလိုက်တာ။ အဲဒါကို သူကဒီမှာဘုရားတည်တဲ့ အချိန်မှာ ဌာပနာခွင့်ရတယ်ဆိုတော့ ဒါကတစ်ဆင့်တစ်ဆင့်ဆိုပေမယ့်လည်း အဖေ့အတွက် ကုသိုလ်ထူးသွားတာ ပေါ့နော်” လို့ သက်မွန်မြင့်ကပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071