Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeCelebrities' Newsသမီးလေးကို ဝေဖန်ကြသူ တချို့ကြောင့်...

သမီးလေးကို ဝေဖန်ကြသူ တချို့ကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ ခိုင်သင်းကြည်

သရုပ်ဆောင်ခိုင်သင်းကြည်က သမီးလေးစံထိပ်ထားဦးကို အွန်လိုင်း ပေါ်မှာ ဆိုးရွားစွာ ဝေဖန်ပြောဆိုကြတဲ့အတွက် ကိုယ်တိုင်ရော သမီးလေးပါ စိတ် မကောင်းဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။

“ထိပ်ထိပ်တို့ကျတော့လည်း အွန်လိုင်းမီဒီယာတွေကို ဝင်ဝင် ကြည့်ကြတယ်။ တစ်ခါတလေကျရင် သမီးက အနုပညာအလုပ်လုပ်မှာ ပါဆိုရင် ပရိသတ်တွေရဲ့ စိတ်ထဲမှာ အဆိုတော်လုပ်မှာလို့ မထင်ဘဲနဲ့ ကိုယ့်လို ဇာတ်ကားရိုက်မှာပဲလို့ ထင်ပြီး ဝင်ဝင်ရေးကြတာပေါ့။ ကောင်းတဲ့လူတွေကတော့ ကောင်း သလိုရေးပေမယ့် တချို့ကျတော့ ဒီလောက်ရုပ်ဆိုးတာ လုပ်ဦးမယ်။ သရဲမ၊ သရဲကားပဲရိုက်ဆိုပြီး ရေးကြ တယ်။ ဒါတွေကိုယ်လည်း ဖျက်လို့မ ရဘူး။ ကလေးကိုလည်း မကြည့်နဲ့လို့ ပြောလို့လည်း သူကမြင်နေတယ်လေ။ သူ့အကြောင်းလေးတင်ရင် ဘာများ သူ့ကိုရေးမလဲဆိုပြီး ကိုယ်တွေ ထက်တောင် စိတ်ဝင်စားသေးတယ်။ အဲဒီလိုတွေပါလာတော့ ကလေးက စိတ်မကောင်းဘူး။ ကိုယ်လည်း စိတ် မကောင်းဘူးလေ။ ဘယ်လိုလုပ် ရမှန်း လည်းမသိဘူး။

သူ့ကိုပဲ နားလည် အောင်ပြောရတယ်။ သမီးလူဆိုတာ ကတော့ မတစ်ထောင်သားတွေ၊ ကောင်းတာတွေ ပြောတာလည်း ရှိတယ်။ မကောင်းတာပြောတာ ရှိတယ်။ ကိုယ့်ကိုယ်မုန်းတဲ့လူက တစ်ရာမှာ ၁ဝယောက်ရှိရင် ၅ ယောက်လောက်ပဲရှိအောင် အနေအထိုင်အပြောအဆို ကအစယဉ်ယဉ်ကျေးကျေးလေးနဲ့ သူများမမုန်း အောင်နေ ရမယ်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား အမြဲတမ်းပြော ရမယ်ဆိုတာကို သင်ပေးရတယ်။ ချစ်တဲ့လူတွေအများကြီး ရှိပါတယ်။ တချို့ကျတော့လည်း ဒီလိုပြောမှ စိတ်ပြေတတ် တဲ့လူတွေလည်း ရှိတယ်။ ပြောပြရတယ်” လို့ခိုင်သင်းကြည်က ပြောပါတယ်။ အခုဆို ကြော်ငြာတွေ ရိုက်ကူးနေတဲ့ သမီးလေးကို ကိုယ့် ဘာသာ ကိုယ်စီစဉ်နိုင် အောင်လို့ အခုကတည်းက သင်ပေးထားကြောင်းကို ခိုင်သင်းကြည်က ..

“အဓိကတော့ အဘွားပေါ့။ အဘွားကိုပဲ တစ်ချိန်လုံးအားကိုးနေ မှာဆိုးလို့ ဘွားဘွားကိုမလုပ်ခိုင်းနဲ့။ ကိုယ့်ဘာသာကိုယ်လုပ်။ မေမေ မင်း သမီးလုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာလည်း ကိုယ်ကိုယ်တိုင် အဝတ်အစားထည့်ရတယ်။ ကောင် မလေးတွေ ဘယ်လောက်ပဲရှိရှိ၊ ကိုယ်က ဒါနဲ့ဒါနဲ့ဝတ်မယ်ဆိုပြီး ကိုယ်ပဲလုပ်ရတာလေ။ ကိုယ့်ဘာသာ ကိုယ် စီစဉ်ရတယ်။ အကျင့်ဖြစ်သွားအောင်ပေါ့။ ကြော်ငြာချည်းပဲ တစ်သက်လုံး ရိုက်မှာလည်း မဟုတ်ဘူး။ အရွယ်ရောက်လာပြီ။ ကလေးလည်းမဟုတ်တော့ ဘူး။ ဘယ်အလုပ်မဆို ကိုယ့်ဘာသာကိုယ်လုပ် တတ်အောင် သင်ပေးထား တယ်” လို့ပြောပါတယ်။ ခိုင်သင်းကြည်က စက်တင်ဘာလ ၂၇ရက်နေ့မှာကျ ရောက်တဲ့ မွေးနေ့အလှူအဖြစ် သုံးတောင်ကျေးရွာရှိ မဟာဇနသုခ မြွေဘုရား မှာ ထီးတော်အလှူ အတွက် ငွေကျပ် ၁ဝ သိန်း လှူဒါန်းခဲ့သလို မျက်မမြင် ကျောင်းသား ၁၂၈ ဦးအတွက် မျက်နှာသုတ်ပဝါနှင့်သွားတိုက်ဆေးဘူး များလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရှုတင်မှာ လည်း အနုပညာမောင်နှမများနဲ့ ကိတ်မုန့်ခွဲခဲ့ပြီး စက်အဖွဲ့သားတွေကို ပုဆိုး တစ်ထည်ဆီဝေငှပေးခဲ့ကြောင်း လည်း သိရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071