Thursday, May 7, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeMyanmar Theatrical Traditionသဘင် အစည်းအရုံး အမှုဆောင်သစ်...

သဘင် အစည်းအရုံး အမှုဆောင်သစ် ရွေးချယ်ပွဲကို နိုဝင်ဘာလအတွင်း ပြုလုပ်မည်

မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး (ဗဟို) အနေနဲ့ နို ဝင်ဘာလအတွင်းမှာ သဘင်ညီလာခံ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိ ရပါတယ်။ ပြုလုပ်မယ့်ရက်ကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန် ကြေညာသွားမှာဖြစ်ပြီး ညီလာခံ ကျင်းပမယ့်နေရာကတော့ အမျိုးသား ဇာတ်ရုံနဲ့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး (ဗဟို) အနေနဲ့ နို ဝင်ဘာလအတွင်းမှာ သဘင်ညီလာခံ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိ ရပါတယ်။ ပြုလုပ်မယ့်ရက်ကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန် ကြေညာသွားမှာဖြစ်ပြီး ညီလာခံ ကျင်းပမယ့်နေရာကတော့ အမျိုးသား ဇာတ်ရုံနဲ့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

နှစ်ရက်တာပြုလုပ်သွားမှာ ဖြစ်ပြီး ပထမ တစ်ရက်ကတော့ ညီလာခံပြုလုပ် သွားမှာ ဖြစ်ပြီး၊ ဒုတိယတစ်ရက်ကတော့ သဘင်အစည်း အရုံး(ဗဟို) အမှုဆောင်အဖွဲ့ကို ရွေး ချယ် သွားမှာဖြစ်ပါတယ်။  “သဘင်ညီလာခံကို အရင် တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့် ညီလာခံမှာ တိုင်း နဲ့ပြည်နယ်အသီးသီးကသဘင်အစည်းအရုံး ကိုယ် စားလှယ်တွေ အဆိုတင်သွင်းတာတွေ၊ ဖိတ်ကြားထားတဲ့ ဧည်သည်တွေရဲ့ ဆွေးနွေးတင်ပြချက်တွေ အားလုံးကို မှတ်သားမယ်။ ပြီးရင်အပြန်အလှန် ဆွေးနွေး ပြီးတော့ သဘောတူရင် အတည်ပြုမယ်။ လွှတ်တော်ကို တင်ပြမယ်။ အဲဒီမှာစည်းကမ်းတွေက ဥပဒေတွေဖြစ်သွားမယ်” လို့ ညီလာ ခံနဲ့ပတ်သက် လို့ သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးမိုးဝင်းက ပြောပြပါတယ်။ သဘင် အစည်းအရုံး (ဗဟို)မှ မြို့နယ်၂ဝ၅မြို့နယ်တို့မှာ မြို့နယ် သဘင်အစည်းအရုံးများ ဖွဲ့စည်း ပေးခဲ့ပြီး တိုင်းသဘင် အစည်းအရုံး အနေနဲ့လည်း တိုင်းဒေသကြီး ၁၄ခု နဲ့ ပြည်နယ် များတွင်လည်း သဘင် အစည်းအရုံးများ ဖွဲ့စည်း ပြီးခဲ့ပြီဖြစ် ပါတယ်။ ဒါကြောင့် မြို့နယ် ၂ဝ၅ မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စား လှယ်များအဖြစ် ၂ဦးစီ တက်ရောက် လို့ရမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အသီးသီးမှ အလုပ်အမှုဆောင် အားလုံး ကိုလည်း ညီလာခံ ကိုယ်စားလှယ်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။ ဒါ့အပြင် သဘင်အစည်းအရုံး(ဗဟို)အောက်မှာရှိတဲ့ နည်းပညာ ပြန့်ပွားရေးကော် မတီတွေမှာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက လည်း ညီလာခံကိုတက်ရောက်ခွင့် ရရှိတဲ့ ကိုယ်စားလှယ်တွေဖြစ်လာ မှာဖြစ်တယ်လို့ သိရပါတယ်။ သဘင် အစည်းအရုံး(ဗဟို)ရဲ့ နာယကကြီး များကလည်း ညီလာခံကို တက် ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ကြီး များဖြစ်လာမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုတွေ နဲ့အတူ ညီလာခံကို ကျင်းပမှာဖြစ်ပြီး တစ်ဆက်တည်း မှာပဲ အမှု ဆောင်သစ် ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း သဘင်အစည်း အရုံး (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးနေဝင်းကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071