Thursday, August 13, 2026

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...

ကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်

ဩဂုတ်လ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့က အရှေ့ဖျားဒေသရှိ ကူရိုင်းလ်ကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ...

အလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

လေးမျက်နှာမြို့နယ်တွင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် လုပ်အားဒါနကူညီပေးကြသူများနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများသည် ရေဘေးသင့်သူများအတွက် အားကိုးရာခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များဖြစ်ခဲ့ရပြီး...

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး...

နေပြည်တော်၊ ဩဂုတ်-၁၃ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ်-၁၂ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen...
HomeMyanmar Theatrical Traditionသဘင်ရုံး တည်ဆောက်ဖို့ ရုံးမြေနေရာ...

သဘင်ရုံး တည်ဆောက်ဖို့ ရုံးမြေနေရာ တောင်းခံထားပေမယ့် အဆင်မပြေသေးကြောင်း သဘင် အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် ပြောပြ

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)အနေနဲ့ ရုံးမြေနေရာအတွက် နိုင်ငံတော်ထံ တင်ပြထားကြောင်းလည်း သိရ ပါတယ်။ ဒါ့အပြင်ပြည်ပ ဧည့်သည်တွေကို မြန်မာ့အနုပညာတွေ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ခမ်းနားကြီးကျယ်လှတဲ့ ဇာတ်ရုံတစ်ခု လည်း လိုအပ်နေပါတယ်။ ဒီလို လိုအပ်နေကြောင်းကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံချိန်မှာ ပြောပြဖြစ်ခဲ့ကြောင်း သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။

“နှစ်ကြိမ်တွေ့ဆုံဖြစ်တဲ့အခါမှာတော့ ကျွန်တော့်ရင်ထဲမှာရှိတာတွေရယ်၊ ဖြစ်ချင်တာတွေရယ်၊ ပြီးတော့(ဗဟို)သဘင်မှာ ရုံးမြေ နေရာ မရှိသေးတာရယ်၊ သင်တန်းတွေဖွင့်လှစ်ဖို့ နေရာမရှိတာရယ် နိုင်ငံတကာမှ လာရောက်ကြည့်ရှုရင်တောင် အမျိုးသားယဉ်ကျေးမှု ကြည့်ရှုလေ့လာစရာနေရာ မရှိသေးတာရယ် စတဲ့ကိစ္စရပ်လေးတွေကိုတော့နိုင်ငံတော်အတိုင်ပင်ခံကို ဒီအတိုင်းလေးတော့ ပြောပြဖြစ် ခဲ့ပါတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖြစ်တဲ့အချိန်မှာ သူပြောပြဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။ ယခင်သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ သဘင်ရွာ တည်ဆောက်ဖို့အတွက် ရွာသာကြီးဘက်မှာ ဧက ၅ဝ နဲ့ မင်းဓမ္မမှာ နှစ်ထပ် ရုံးတည်ဆောက်ဖို့ ၃ ဧက ခွင့်ပြုပေးခဲ့ပေမယ့် ခွင့်ပြုပေးပြီးမကြာခင်မှာပဲရွေးကောက်ပွဲရှိလာတဲ့အတွက် မရရှိခဲ့ကြောင်း အဲဒီအချိန်တုန်းက သူ့အနေနဲ့ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ မဟုတ်သေးကြောင်း ဦးဖိုးချစ်ကပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ လက်ထဲမှာမယူထားလိုက်ရတဲ့အခါ မရလိုက်ဘူး။ ပေးတော့ပေးလိုက်တယ်။ ဒါပေမဲ့လည်း အစိုးရ ကပြောင်းသွားတယ်။ အခုလက်ရှိအစိုးရကိုလည်း ကျွန်တော်တို့က တလေးတစားနဲ့ စာနဲ့ တရားဝင်တင်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဆီကိုလည်း လိပ်မူပြီး အကြိမ်ကြိမ်တင်ပြခဲ့ပါတယ်။ အခုအချိန်အထိ အဆင်မပြေသေးဘူးပေါ့နော်။ ကျွန်တော် တို့က တိုက်ခန်းဆောက်ပြီး ရောင်းစားဖို့လည်းမဟုတ်ပါဘူးလေ။ စီးပွားရေး လုပ်ဖို့လည်းမဟုတ်ပါဘူး။ အင်အား ၂ သိန်း ၃ သိန်း လောက်ရှိတဲ့ သဘင်အနုပညာရှင်တွေကို ကူညီပေးဖို့အတွက် အဖွဲ့အစည်းတစ်ခုဟာ ရုံးလုပ်ငန်းအများကြီး လိုအပ်ပါတယ်။ အစည်း အဝေးလုပ်တာတောင်မှ ကျွန်တော်တို့ ရုံးခန်းလေးက လူ ၂ဝလောက်ဆို ပြည့်နေပြီလေ။ ကျွန်တော်ကြိုးစားမှာပါ။ စိတ်ဓာတ် မကျပါဘူး။ ကျွန်တော်တို့က ဘယ်သူ့အတွက်မှ လုပ်တာမဟုတ်ပါဘူး။ ယဉ်ကျေးမှုအတွက်၊ သဘင်ထုအတွက် ကိုယ့်နိုင်ငံရဲ့ Image တစ်ခုအတွက် အလုပ်လုပ်နေတာဖြစ်တဲ့အတွက် ကူညီပေးရင်လည်း ကျေးဇူးတင်ပါတယ်” လို့ ရုံးတည်ဆောက်ဖို့ မြေနေရာနဲ့ပတ်သက်ပြီးတော့ ဦးဖိုးချစ်ကပြောခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ် အသုံးချမည်မဟုတ် – ထိုင်း

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊ တရားမျှတမှုနှင့် ကုန်သွယ်ရေးချိန်ခွင်လျှာညှိမှုတို့ကိုသာ အဓိကအာရုံစိုက်မည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ၏ ရလဒ်နှင့် ချိတ်ဆက်မည်ဟု ယူဆသုံးသပ်ထားသော သတင်းများသည် မမှန်ကန်ကြောင်းနှင့် ထိုယူဆချက်သည် အစိုးရ၏ မူဝါဒကို မထင်ဟပ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်ခ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အစိုးရသည် အမေရိက၏ အဆိုပြုချက်များနှင့်ပတ်သက်၍ အထူးသဖြင့် လယ်သမားများ၊...

ကူရိုင်းလ်ကျွန်းစုများသို့ သမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်

ဩဂုတ်လ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ကြာသပတေးနေ့က အရှေ့ဖျားဒေသရှိ ကူရိုင်းလ်ကျွန်းစုများသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သဖြင့် အဆိုပါနယ်မြေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားသည့် ဂျပန်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ဆန္ဒပြခဲ့သည်။ ဂျပန်နိုင်ငံတွင် မြောက်ပိုင်းနယ်မြေများဟု သိကြပြီး ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံက သိမ်းပိုက်ခဲ့သော အဆိုပါ အငြင်းပွားဖွယ် ကျွန်းများနှင့် ပတ်သက်၍ ရုရှား-ဂျပန် ဆက်ဆံရေးသည် ကာလရှည်ကြာ တင်းမာခဲ့သည်။ ခရမ္မလင်နန်းတော်က ပူတင် က ကူရိုင်းလ်ကျွန်းစုများသို့ ရောက်ရှိနေသည့် ဗီဒီယိုကို လွှင့်တင်ခဲ့ပြီး ရုရှားမီဒီယာများ၏ သတင်းရေးသားဖော်ပြချက်များအရ ၎င်းသည်...

အလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

လေးမျက်နှာမြို့နယ်တွင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် လုပ်အားဒါနကူညီပေးကြသူများနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများသည် ရေဘေးသင့်သူများအတွက် အားကိုးရာခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များဖြစ်ခဲ့ရပြီး စေတနာထက်သန်စွာဝိုင်းဝန်းလှူဒါန်းကြသူတစ်ဦးချင်းစီ၏ မွန် မြတ်သော စေတနာကောင်းများကြောင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေကြောင်း အလေးအနက်ဆုမွန်ကောင်းတောင်းသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071