
မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ စီစဉ် ပြုလုပ် တဲ့ သဘင်သီချင်းပြိုင်ပွဲမှ ပထမဆုရရှိတဲ့ သီချင်းကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လဆန်းလောက်မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိ အချိန်မှာတော့ ပညာရှင်များနဲ့ မျိုးဆက် သစ်များထံမှ ပေးပို့လာ တဲ့ သီချင်း ၁၈ ပုဒ်ကို အကဲဖြတ်အဖွဲ့က ပထမအဆင့်အကဲဖြတ်ခဲ့ရာ ၃ ပုဒ် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။ ပထမအဆင့် အကဲဖြတ်အဖွဲ့မှာ တော့ ရွာစားဦးဘစိန်မော်၊ စည်သူ ဦးရွှေနန်းတင်၊ ဂီတစာဆို မလှိုင်သန်းထွန်း၊ တေးရေး ဆရာ နိုင်မြန်မာ၊ ဦးမိုးဝင်း၊ ဦးနန်းဝင်း၊ ဦးသိန်းဇော်၊ ဦးအောင် တင်ဝင်းတို့ ပါဝင်ပါတယ်။
“အကဲဖြတ်တဲ့ဒိုင်လူကြီးတွေကတော့ သီချင်းက ဘယ်သူရေးတယ် ဆို တာမသိပါဘူး။ အစ်မတို့အနေနဲ့က ကုတ်နံပါတ်နဲ့ သီချင်း နာမည်နဲ့ပဲ သူတို့ကို ဖော်ပြပေးတာပါ” လို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင် က ပြောပါတယ်။ ပထမအဆင့် အကဲ ဖြတ် ရွေးချယ်ခဲ့တဲ့ ၃ ပုဒ်ကိုတော့ ဒုတိယအဆင့်အနေနဲ့ အကဲဖြတ်ရွေးချယ် မှာဖြစ်ပြီး ပထမဆု အဖြစ် တေးသီချင်းတစ်ပုဒ်ကိုသာ ရွေးချယ်ချီးမြှင့်ပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒုတိယအဆင့် အကဲဖြတ်ရွေးချယ်မှုရဲ့ ဒိုင်တွေ အဖြစ် ပထမအဆင့်က ဒိုင်တွေအပြင် ဘဘဗိုလ်ကလေးတင့်အောင်၊ ဆရာ ချစ်ဦးညို၊ ဒေါ်ရီရီသန့်တို့ပါ ပါဝင်နိုင်အောင် မေတ္တာ ရပ်ခံသွားမယ်လို့ ဒေါ် ပတ္တမြားကေခိုင်က ပြောပါတယ်။ ပထမဆုအဖြစ်ရွေးချယ်ခံရတဲ့ သဘင်သီချင်း ကိုတော့ ပြိုင်ပွဲရဲ့ပထမဆုအဖြစ် ချီးမြှင့်သွားမှာဖြစ်ပေမယ့် သီချင်းကိုတော့ သဘင့်အထိမ်းအမှတ် သီချင်းအဖြစ် သတ်မှတ်အသုံးပြုဖို့ အသုံးမပြုဖို့ကိုတော့ ဒိုင်လူကြီးများမှ ထပ်မံနားထောင် အကဲဖြတ်သွားဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။
“အစ်မတို့အနေနဲ့ သဘင်သီချင်း ပြိုင်ပွဲနဲ့ပတ်သက်လို့ Plan A ၊ Plan B ကိုတော့ စဉ်းစား ထားပါတယ်။ ဆုရွေးချယ်ရေးကတော့ ပထမချမှတ်ထားတဲ့ ပုံစံအတိုင်းသွားမှာဖြစ်ပြီး သဘင် သီချင်းအဖြစ်နဲ့ ရာသက်ပန် သုံးစွဲဖို့အတွက် တစ်ပုဒ်ဖြစ်လာဖို့၊ မဖြစ်လာဖို့အတွက် ကတော့ ဒိုင် လူကြီးတွေ ပြန်လည်ပြီးတော့ နားထောင်ဦးမယ်။ သဘင်အစည်းအရုံး အမှုဆောင်အဖွဲ့တွေ ပြန်ပြီးတော့ အစည်းအဝေး လုပ်ပြီး တိုင်ပင်ကြပါဦးမယ်” လို့ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြား ကေခိုင်က ပြောပါတယ်။ သဘင်သီချင်းပြိုင်ပွဲမှာ ပထမဆုရသီချင်းကိုေ တာ့ ငွေကျပ် သိန်း ၅ဝ ချီးမြှင့်သွားမယ်လို့ သတ်မှတ်ထားပြီး ပေးပို့လာတဲ့ တေးသီချင်း ၁၈ ပုဒ်ထဲမှ ၁ဝ ပုဒ်ကိုလည်း စီးရီးခွေအဖြစ် ထုတ်လုပ်ပေးသွားဖို့ အစီအစဉ်လည်းရှိကြောင်း သိရပါတယ်။
လင်းအက္ခရာ
