Friday, June 19, 2026

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၇ ရုံ...

နေပြည်တော်၊ ဇွန် ၁၉ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီး (၇) ရုံ ပူးပေါင်းဆောင်ရွက်သည့် ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဉ်တွင် လူနာ ၂,၁၁၀ ဦးအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီကင်ဆာလူနာ ၄ ဦးအား...

နေပြည်တော်၊ ဇွန် ၁၉ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါခံစားနေရသည့် လူနာလေးဦးအား ခြင်ဆီအစားထိုးကုသမှု (Bone Marrow Transplantation) အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏...

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်မှ အလယ်တန်းကစားသမား Pauline...

ရတနာပုံ အမျိုးသမီး ဘောလုံးအသင်းသည် အသင်း၏ ကွင်းလယ်ပိုင်းအတွက် ဖိလစ်ပိုင်နိုင်ငံ ကလပ်အသင်း Stallion Laguna FC မှ အတွေ့အကြုံရင့် အလယ်...
HomeNewsLocal Newsသထုံမြို့နယ်၌ မိုးသည်းထန်လေပြင်းတို-က် အမြင့်ပေ...

သထုံမြို့နယ်၌ မိုးသည်းထန်လေပြင်းတို-က် အမြင့်ပေ (၅၀) ခန့်ရှိညောင်ပင်ပြိုလဲ ဓာတ်အားလိုင်းတိုင်(၂၀)၊ ဓာတ်အားလိုင်းကြိုးနှင့် ဆက်စပ်ပစ္စည်းများပျ-က်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ဇွန် ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ရာမှ နေ့လည် ၃ နာရီခွဲခန့်တွင် အမြင့်ပေ(၅၀)ခန့်ရှိ ညောင်ပင်ပြိုလဲကျခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ပင်သည် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၏ မော်လမြိုင်-ရန်ကုန်သွားကားလမ်းမိုင်တိုင်အမှတ် ၈၆/၀ နှင့် ၈၆/၁ ကြားတွင်ရှိကာ လုံးပတ်(၁၀) ပေခန့်၊ အမြင့်ပေ(၅၀)ပေခန့်ရှိသော သက်တမ်းရင့်ညောင်ပင်ကြီးဖြစ်ကာ အမြစ်မှပြိုလဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ပင်ပြိုလဲမှုကြောင့် ၁၁ ကေဗွီ ဇရစ်ချောင်ဖီဒါလိုင်းတွင် လက်ရှိဓာတ်အားဖြန့်ဖြူးထားသော ဓာတ် အားလိုင်းတိုင်(၁၀)တိုင်၊ Tension (၂)တိုင်နှင့် Suspension (၈)တိုင်၊ ဓာတ်အားလိုင်းကြိုးများနှင့် ဆက်စပ်ပစ္စည်းများပျ-က်စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကပျ-က်စီးသွားသော ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားလိုင်းကြိုးများကိုပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ လေ့လာ၊ Leapmotor နှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Leapmotor ကုမ္ပဏီသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူများက EV မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နောက်ဆုံးပေါ် မောင်းနှင်မှုနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ Leapmotor ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ EV စက်မှုလုပ်ငန်းတွင်...

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၇ ရုံ ပူးပေါင်းကျင်းပသည့် အထူးကုဆေးကုသရေးအစီအစဉ်တွင် လူနာ ၂,၁၁၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုပေး

နေပြည်တော်၊ ဇွန် ၁၉ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီး (၇) ရုံ ပူးပေါင်းဆောင်ရွက်သည့် ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဉ်တွင် လူနာ ၂,၁၁၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်ကို ဇွန် ၁၈ ရက်က မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစီအစဉ်သို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး လူနာများအား အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေး ဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြောင်း သိရသည်။ အထူးကုဆေးကုသရေးအစီအစဉ်အတွင်း လူနာစုစုပေါင်း...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီကင်ဆာလူနာ ၄ ဦးအား ခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်

နေပြည်တော်၊ ဇွန် ၁၉ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီကင်ဆာရောဂါခံစားနေရသည့် လူနာလေးဦးအား ခြင်ဆီအစားထိုးကုသမှု (Bone Marrow Transplantation) အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာနရှိ Bone Marrow Transplant Center တွင် ၂၀၂၆ ခုနှစ် မေလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ခြင်ဆီကင်ဆာလူနာ လေးဦးအား ခြင်ဆီအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လူနာများမှာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071