Saturday, May 9, 2026

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများ ဘေးကင်းရာသို့...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့...

ဥရောပအစိုးရများ WhatsApp နှင့် Signal...

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့သည် အစိုးရအတွင်း ဆက်သွယ်ပြောဆိုမှုများအတွက် ၎င်းတို့ကိုယ်ပိုင် Messaging App များသို့ ပြောင်းလဲအသုံးပြုနေကြသည်။ နိုင်ငံအသီးသီးမှ မြို့တော်များသည် ဝန်ကြီးများနှင့်...

မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းမြင့်တက်လာ ရန်ကုန်အထိုင်စျေးတစ်ပိဿာ(၇,၄၉၉)ကျပ်ဖြစ်

ယခု မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းအလနည်းငယ်မြင့်တက်လာကာ ယနေ့ မေ ၈ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏...
HomeInternationalသတ္တုသဘောတူညီချက်လက်မှတ်ထိုးရန် ဇလန်းစကီးအမေရိကသွားမည်

သတ္တုသဘောတူညီချက်လက်မှတ်ထိုးရန် ဇလန်းစကီးအမေရိကသွားမည်

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၆

ယူကရိန်းသမ္မတဇယ်လန်းစကီး ဝါရှင်တန်လာရန် သဘောတူကြောင်း အမေရိကန်သမ္မတကပြောကြားခဲ့ပြီး သမ္မတနှစ်ဦးသည် ယူကရိန်းစစ်ပြီးကာလအရေးနှင့်ပတ်သက်၍ သတ္တုရေးရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန်စီစဉ်ထားသည်ဟုလည်းသိရသည်။

“ယူကရိန်းသမ္မတ သောကြာနေ့မှာဝါရှင်တန်လာမယ်လို့ကြားပါတယ်၊အခုသဘောတူညီချက်ကို ဇယ်လန်းစကီးဘက်ကအဆင်ပြေတယ်ဆိုရင် ကျွန်တော့်ဘက်ကလည်းငြင်းစရာမရှိပါဘူး။အခုသဘောတူညီချက်က တကယ်ကောင်းတဲ့သဘောတူညီချက်တစ်ခုဖြစ်လာမှာပါ” ဟုလည်း၎င်းကဆိုခဲ့သည်။

အမေရိကန်မီဒီယာများ၏ဖော်ပြချက်အရ ယူကရိန်းသည် အင်္ဂါနေ့ကအမေရိကန်ဘက်မှအဆိုပြုခဲ့သည့် သဘောတူညီချက်မူကြမ်း၏ နောက်ဆုံးအဆင့်မူကို သဘောတူခဲ့သည်ဟုလည်းသိရသည်။

ယခုသဘောတူညီချက်၏ နောက်ဆုံးအဆင့်အတည်ပြုချက်များကို အတိအကျမသိရသေး‌သော်လည်း အင်္ဂါနေ့ကဆွေးနွေးခဲ့သည့်မူကြမ်းတွင် ယူကရိန်းနှင့်အမေရိကတို့၏သဘောတူညီမှု၌ ယူကရိန်းအနေဖြင့် အရေးကြီးသည့်ဓာတ်သတ္တုများ၊ရေနံနှင့်သဘာဝဓာတ်ငွေ့များအပါအဝင် ယူကရိန်း အနာဂတ်၌ရရှိမည့်ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကိုအမေရိကကိုပေးရမည်ဖြစ်ကြောင်း မီဒီယာများ၏ဖော်ပြချက်အရသိရသည်။

အဆိုပါရန်ပုံငွေများအနက် ငွေအချို့ကို ယူကရိန်းတွင်ပြန်လည်ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားပြီး ယူကရိန်း၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းပံ့ပိုးပေးမည်ဟု အမေရိက ဘက်က,ကတိပြုထားသည်။

သို့သော် ယူကရိန်း၏အဓိကတောင်းဆိုချက်ဖြစ်သည့် ကိဗ်အား ဝါရှင်တန်ဘက်က လုံခြုံရေးအာမခံပေးသည့်ကိစ္စနှင့်ပတ်သက်၍မူ သဘောတူညီချက်ထဲတွင် မပါဝင်ခဲ့ဟုလည်း အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဝန်ကြီးဌာနများ ပေါင်းစပ်ကူညီရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းပြည်ပသို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်နှင့် ကုန်သွယ်မှုစီးဆင်းမှုများ မြန်ဆန်စေရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက အလေးထား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အောက်ပါအတိုင်း လမ်းညွှန်ခဲ့သည် - လျာထားချက် ပြည့်မီရေး ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်လျာထားချက်၏ နှစ်ဆပြည့်မီအောင် အလေးထား ကြိုးပမ်းဆောင်ရွက်ရန်။ ပေါင်းစပ်ညှိနှိုင်းပေးရေး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကဏ္ဍအလိုက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ကူညီဖြေရှင်းပေးရန်။ ပို့ကုန်ရငွေနှင့် ကုန်စည်စီးဆင်းမှု ပို့ကုန်တင်ပို့ပြီးနောက် ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီနှင့် စားသုံးဆီ ဖြန့်ဖြူးမှုများ...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများ ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းကြရန် မော်စကိုမြို့ရှိ မြန်မာသံရုံး အရေးပေါ်သတိပေး

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့ (မေလ ၈ ရက်) တွင် အရေးပေါ် အသိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ အရေးပေါ်သတိပေးရခြင်း အကြောင်းရင်း မေလ (၉) ရက်နေ့တွင် ကျရောက်မည့် ရုရှားနိုင်ငံ၏ Victory Day (စစ်နိုင်ခြင်းအထိမ်းအမှတ်နေ့) အခမ်းအနားကာလအတွင်း ယူကရိန်းနိုင်ငံဘက်မှ ရုရှားနိုင်ငံအား တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ခြိမ်းခြောက်မှုများအပေါ် ရုရှားဘက်မှလည်း...

ဥရောပအစိုးရများ WhatsApp နှင့် Signal အသုံးပြုမှုကို ရပ်ဆိုင်းမည်

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့သည် အစိုးရအတွင်း ဆက်သွယ်ပြောဆိုမှုများအတွက် ၎င်းတို့ကိုယ်ပိုင် Messaging App များသို့ ပြောင်းလဲအသုံးပြုနေကြသည်။ နိုင်ငံအသီးသီးမှ မြို့တော်များသည် ဝန်ကြီးများနှင့် အစိုးရဝန်ထမ်းများအကြား အရေးကြီးသော ဆက်သွယ်မှုများအတွက် အမေရိကန် နည်းပညာကုမ္ပဏီများအပေါ် မှီခိုနေရခြင်းကို မလိုလားတော့ပေ။ နေတိုး (NATO) အဖွဲ့သည်လည်း ယခုအခါ ကိုယ်ပိုင်ဆက်သွယ်ရေးစနစ် တစ်ခုရှိနေပြီဖြစ်ပြီး၊ ဥရောပကော်မရှင်ကလည်း ယခုနှစ်ကုန်ပိုင်းတွင် အလားတူ ပြောင်းလဲမှုမျိုး ပြုလုပ်ရန် ရည်မှန်းထားသည်။ Politico သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071