ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းတွင် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူငယ် အမျိုး သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အနီးပတ်ဝန်းကျင်ရှိပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၁၅)ရက်၊ နံနက် (၁၁)နာရီ (၂)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ နေအိမ် တို က်ခန်း တစ်ခန်း၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သင်္ဃန်းကျွန်းမြို့နယ်မီးသ-တ်စခန်းမှ မီးသ-တ်ယာဉ်(၁)စီး၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ဝိုင်းဝန်းထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ရာ နံနက် (၁၁)နာရီ (၈)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၁)နာရီ (၁၃)မိနစ်အချိန် မီးငြှိမ်းသ -တ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွင် လူငယ် အမျိုးသား တစ်ဦး အ-သက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရပြီး နယ်မြေခံ မီးသတ်တပ်ဖွဲ့အနေဖြင့် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အဆိုပါ အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှု အကြောင်းအရင်းကိုလည်း မီးသ-တ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးလျက်ရှိကြော င်း သိရသည်။
