မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြစ်ကြည့်တိုက် ရုပ်စုံကျောင်း ဦးစီးပဓာန နာယက၊ နိုင်ငံ တော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၆၉)ဝါသည် မတ် ၄ ရက်ည ၁ဝ နာရီ ၃၂ မိနစ်က ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ထောင့်ကြီးကျေးရွာ၌ ခမည်းတော်ဦးသက်ရှည် + မယ် တော်ဒေါ်ရွှေမြိုင်တို့မှ ၁၂၉၈ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် တနင်္ဂနွေနေ့တွင်ဖွားမြင်တော်မူခဲ့ပြီး ၁၃၀၈ ခုနှစ်တွင် ညောင်ဦးမြို့နယ်၊ ထောင့်ကြီးကျေးရွာ ရွာဦး ကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိတော်မူခဲ့သည်။
၁၃၁၈ ခုနှစ် နယုန်လဆန်း ၁၅ ရက်တွင် ညောင်ဦးမြို့၊ တောင်ရနောင်ကျေးရွာ ရွာဦးကျောင်းခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လကို ဥပဇ္ဈာယ်ပြု၍ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေနံချပ်ကျေးရွာ ဦးမောင်ကွန်း၊ ဒေါ်ဖွားမြစ်တို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်ရောက်ရှိတော်မူခဲ့ပြီး ညောင်ဦးမြို့ နယ်၊ တောင်ရနောင်ကျောင်းဆရာတော် ဘဒ္ဒန္တ ကောသလ္လ၊ မြင်းခြံမြို့၊ ကိုးဆောင်တိုက်၊ ပခုက္ကူ ကျောင်းသစ် စာချဆရာတော်များ၊ မန္တလေးမြို့၊ ချမ်းသာကြီးမြောက်တိုက်စာချဆရာတော်များထံတွင် ပါဠိ၊ အဋ္ဌက ထာ၊ ဋီကာ စသောပရိယတ္တိစာပေများကို သင်ယူဆည်း ပူးတော်မူခဲ့သည်။
ဆရာတော်ကြီးသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဒု-ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ် ဩဝါဒါစရိယ၊ ၂၀၁၄ ခုနှစ်မှစ၍ နိုင် ငံတော် ဩဝါဒါစရိယအဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူလျက်ရှိရာမှ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၆၉)ဝါအရောက် မတ် ၄ ရက်ည ၁၀ နာရီ ၃၂ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
ထိုသို့ ဆရာတော်ကြီးပျံလွန်တော်မူခဲ့ခြင်းမှာ ဗုဒ္ဓသာ သနာတော်အတွက် ကြီးစွာသောဆုံးရှုံးနစ်နာမှုကြီးပင်ဖြစ်သည်။
