Friday, September 18, 2026

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW)...

မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား စောဖရိုက်ဒေး အာရှအားကစားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်

မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား စောဖရိုက်ဒေး သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင်ကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ကြောင်း သိရသည်။ စောဖရိုက်ဒေး အုပ်စုအဆင့်ပြိုင်ပွဲများတွင် Group Stage ယှဉ်ပြိုင်မှုအနေဖြင့်...
HomeNewsLocal Newsသက်တမ်း(၁၇)နှစ်ရှိပြီဖြစ်သော နေပြည်တော်ရေပန်းဥယျာဉ်ကို ငွေကျပ်(၁၅)ဘီလီယံကျော်အသုံးပြု၍...

သက်တမ်း(၁၇)နှစ်ရှိပြီဖြစ်သော နေပြည်တော်ရေပန်းဥယျာဉ်ကို ငွေကျပ်(၁၅)ဘီလီယံကျော်အသုံးပြု၍ အသစ်ထပ်မံတိုးချဲ့မှုများပြုလုပ်နေ

သက်တမ်း(၁၇)နှစ်ရှိပြီဖြစ်သော နေပြည်တော်ရေပန်းဥယျာဉ်ကို ငွေကျပ်(၁၅)ဘီလီယံကျော်အသုံးပြု၍ မြို့တော်အင်္ဂါရပ်နှင့်အညီ Royal Garden အဖြစ် ပြုပြင်မွမ်းမံမှုနှင့်အသစ်ထပ်မံတိုးချဲ့မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြုပြင်မွမ်းမံခြင်းနှင့်အသစ်တည်ဆောက်ခြင်းများအား ပထမအဆင့်အနေဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၄)မျိုးနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း(၁၄)မျိုး၊ ဒုတိယအဆင့်အနေဖြင့် အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း(၁၄) မျိုး၊ တတိယအဆင့်အနေဖြင့် အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း(၁၇)မျိုး(စုစုပေါင်းလုပ်ငန်း ၄၉ မျိုး)တို့အားပြုလုပ်လျက်ရှိကြောင်း သိရသည်။

အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း(၄၅)ခုတွင် ခေတ်မီကလေးကစားကွင်းများ၊ ပန်းခြံအသစ်များ၊ အရုပ်ကြီးများကိုပါထည့်သွင်းထားကာ လက်ရှိအချိန်တွင် (၁၄)ခုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရေပန်းဥယျာဉ်အား နေပြည်တော် ၏ ဂုဏ်ပုဒ်တစ်ခုဖြစ်စေရန် ဥယျာဉ်အတွင်းသစ် ပင်ပန်းမန်များအမြဲစိမ်းလန်းသာယာလှပစေရေးနှင့် ရာသီအလိုက် ပွဲတော်များ၊ ပန်းပွဲတော်များ ကျင်းပနိုင်ရန်အတွက်လည်း ဆောင်ရွက်ထားကြောင်း သိရသည်။

နေပြည်တော်ရေပန်းဥယျာဉ်ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နေ့စဉ်နံနက် ၈ နာရီမှ ည ၈ နာရီအထိဖွင့်လှစ်ထားကာ ဝင်ကြေးအဖြစ် တစ်ဦးလျင် ငွေကျပ်(၁၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ သိုလှောင်ရုံကုန်အပ် ချေးငွေစနစ် စတင်

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးရာသီနှမ်းများ စုပေါင်းရောင်းဝယ်ရေးနှင့် သိုလှောင်ရုံကုန်အပ် ချေးငွေစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ ၂၀၂၆–၂၀၂၇ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးရာသီနှမ်းများအတွက် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်း အခမ်းအနားကို စက်တင်ဘာ ၁၀...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဓာတ်ဆီ 92 Ron...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးမှု၊ မိုဘိုင်းဆင်းကတ်နှင့် ဖုန်းဘေလ်ဖြည့်ကတ်များ ရောင်းချပေးနေမှုတို့ကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ပေးနေခြင်းကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့အတူ ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့ အော်တိုအိတ်ချိန်းနှင့် မိုဘိုင်းစခန်း၊ ရပ်ကွက် (၁)၊ သီရိအောင်မြေလမ်းရှိ မိုဘိုင်းစခန်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071