Sunday, August 16, 2026

အောင်လံမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရေဘေးသင့်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ...

MWEA နှင့် ICIB တို့အကြား...

ရန်ကုန်၊ သြဂုတ်-၁၆ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) နှင့် အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအသင်းချုပ် (ICIB) တို့အကြား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစည်းအဝေးကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့်...

ဆိုးလ်၊ ဩဂုတ် ၁၆ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။ ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု...

အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်မှုကြောင့်...

ဂျကာတာ၊ ဩဂုတ် ၁၆ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးသူ ၅၁...
HomeNewsLocal Newsဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ရန်ကုန်မြို့နယ်...

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ရန်ကုန်မြို့နယ် ၈ ခုရှိ ရေပေးဝေရေးကွန်ရက် ၂၁ နေရာတွင် ကလိုရင်းဆေး ထပ်မံခတ်

ရန်ကုန်၊ ဩဂုတ် ၁၅

ရန်ကုန်မြို့အတွင်း ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မိုးရာသီ သောက်သုံးရေသန့်ရှင်းရေးအတွက် မြို့နယ် ၈ ခုရှိ ရေပေးဝေရေးပိုက်လိုင်းကွန်ရက် ၂၁ နေရာတွင် ကလိုရင်းဆေးထပ်မံခတ်ခြင်း (Chlorine Booster Dosing) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။

ရန်ကုန်မြို့သို့ သောက်သုံးရေဖြန့်ဖြူးပေးနေသည့် ရေသန့်စင်စက်ရုံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံချိန်စံညွှန်းများနှင့်အညီ ကလိုရင်းခတ်ပေးလျက်ရှိပြီး လက်ရှိရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရေပေးဝေရေးကွန်ရက်အတွင်း ပိုးသတ်နိုင်စွမ်းရှိသည့် ကလိုရင်းကျန်ရှိမှုပမာဏ (Residual Chlorine) သတ်မှတ်ပမာဏရရှိစေရန် ထပ်မံဖြည့်စွက်ဆောင်ရွက်နေခြင်းဖြစ်သည်။

ကလိုရင်းထပ်မံခတ်ပေးနေသည့်နေရာများမှာ လသာမြို့နယ် ၈ နေရာ၊ လမ်းမတော်မြို့နယ် ၅ နေရာ၊ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ၂ နေရာစီ၊ အလုံ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နှင့် ဒဂုံမြို့နယ်တို့တွင် ၁ နေရာစီဖြင့် စုစုပေါင်း ၂၁ နေရာဖြစ်သည်။

အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး ဒေါ်သွဲ့နိုင်ဦးက ရေပေးဝေရေးကွန်ရက်အတွင်းမှ ရေနမူနာများရယူ၍ ရေအရည်အသွေးကို တိုင်းတာစောင့်ကြည့်လျက်ရှိပြီး စစ်ဆေးချက်များအရ ကလိုရင်းဓာတ် အထိုက်အလျောက်ရှိနေကြောင်း ပြောကြားသည်။

ထို့ပြင် ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် စည်ပင်သာယာရေးကော်မတီနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရေဖြန့်ဖြူးရေးပိုက်လိုင်းများအတွင်း ကလိုရင်းခတ်ထားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း သောက်သုံးရေကို သန့်ရှင်းစွာ ထိန်းသိမ်းသုံးစွဲကြရန် အသိပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အောင်လံမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

မကွေးတိုင်း၊ အောင်လံမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြသည့် ရေဘေးသင့်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များမှ သြဂုတ် ၁၅ ရက်နံနက်ပိုင်းတွင် အောင်လံမြို့၊ သရက်တောရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ဆန်အိတ်များ၊ စားသုံးဆီများ၊၊ ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများနှင့် ထမင်းဗူးများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မြို့နယ်အတွင်းရှိ ရေဝင်ရောက်နေသော ရပ်ကွက်/ကျေးရွာများ၌ ရေတက်ရောက်နေမှုကိုကြည့်ရှုပြီး ရေဘေးသင့်သူများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး၊ ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများ၊...

MWEA နှင့် ICIB တို့အကြား နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေး MoU ရေးထိုးနိုင်ရန် ဆွေးနွေး

ရန်ကုန်၊ သြဂုတ်-၁၆ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) နှင့် အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအသင်းချုပ် (ICIB) တို့အကြား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MyanTrade) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ MWEA ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ICIB ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပြင် ICIB အဖွဲ့ဝင်နိုင်ငံများမှ...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆို

ဆိုးလ်၊ ဩဂုတ် ၁၆ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများလျှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်းဆိုလိုက်သည်။ ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် လီက ကိုရီးယားနှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းမဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ရပ်တန့်ထားခြင်းဖြစ်ရာ ယင်းအခြေအနေကို ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးစနစ်တစ်ရပ်ဖြင့် အစားထိုးနိုင်ရေး မြောက်ကိုရီးယားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးရန် လီက တိုက်တွန်းခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် မြောက်ကိုရီးယား၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071