Thursday, September 3, 2026

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက...

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို...

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇...

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့...

ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်နေ ရေဝင်နေအိမ်များတွင်နေထိုင်သူများကို တိုင်းဝန်ကြီးချုပ်က...

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ စက် တင်ဘာ ၃ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ကာ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများအတွင်းမှ...
HomeNewsLocal Newsဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုကဇာတ်ရုံ...

ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်မည်

ယခုဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဝဇီရာရုပ်ရှင်ရုံကို အဆင့်မြှင့်တင်ရာတွင် မူလဗိသုကာပုံစံမပျက်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ခမ်းနားထည်ဝါရန်လည်း လိုအပ်ကြောင်း၊ လေအေးပေးစနစ်၊ မီးစနစ်၊ ပြသမှုစနစ်များကို ခေတ်မီအောင်ဆောင်ရွက်ပြီး မူလဒီဇိုင်းကို ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ဝဇီရာရုပ်ရှင်ရုံ၏ မူလဗိသုကာလက်ရာသည် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ပုံရိပ်ကိုပြသမည့် အဆောက်အအုံဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ရုံသာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းကျောင်း၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့် ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များလည်း ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင်လက်မှတ်ထိုး

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နီပေါနိုင်ငံသံအမတ်ကြီးအားတွေ့ဆုံ၍ နီပေါနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် မြန် မာနိုင်ငံတော်အစိုးရကိုယ်စားဝမ်းနည်းပြီး စာနာထောက်ထားသည်ဟု ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း (၂,၅၀၀)ဦးကျော်ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ သား(၂,၅၂၅)ဦးကိုပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရ

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄နာရီအချိန်က ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲစဉ် ပထမပွဲချိန် ၂၄ မိနစ်တွင် အောင်သီဟ ၏ ဦးဆောင်ဂိုးဖြင့် တာထွက်လှခဲ့ပြီး ၊ ပွဲချိန် ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းပွဲချိန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071